စူပါ မားကက်များသည် ရောင်းချသည့်ကုန်ပစ္စည်းအရေ အတွက်အပေါ်မူတည်၍ ကုန် သွယ်ခွန်ကို တစ်လ လျှင် တစ်ခါ၊၀င်ငွေခွန်ကို တစ်နှစ်လျှင် တစ်ခါ စာရင်းချုပ်၍ အခွန်ဆောင်ရသည်။
ယင်းစနစ်ထက် ပိုမိုတိကျ သော ယခု အီလက်ထရွန်နစ် စနစ်ကို အကောင်အထည်ဖော် ခြင်းဖြစ်သည် ဟု ပြည်တွင်းအခွန် များဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမင်းထွဋ်က ပြောသည်။
‘‘အစိုးရဘက်က အခွန်ရ သင့်ရထိုက်တာ ပိုတိုးတိုးပြီးရလာ အောင်လုပ်တာပါ။ အခုဒီကိစ္စကိုလုပ်ဖို့အတွက်
နည်းပညာကုမ္ပဏီတွေ လာပြီးတင်ပြနေတာရှိတယ်။ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတစ်ခုကို တင်ဒါရွေးပြီး မကြာခင်တပ်ဆင်သွားမယ်’’ဟု ဦးမင်းထွဋ်ကပြောကြားသည်။
ထိုစနစ်နှင့် ပတ်သက်၍သက်ဆိုင်ရာဌာနမှ အကြောင်း ကြားခြင်း မရှိသေးကြောင်းနှင့် လက်ရှိစနစ်အတိုင်း သာ အခွန်ဆောင်ကြောင်း စိန်ဂေဟာအရောင်းစင်တာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး တစ် ခါက အကြောင်းကြားတာရှိ တယ်။ ဒီိကိစ္စက အပိုအလုပ်ကိစ္စလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စက်သုံးဆီတွေကအကုန်လုံးပင်လယ်ဝကနေ သွင်းနေတာ။ဒီကတည်းက အခွန်
ကောက်လို့ရနေတာပဲ’’ဟု နယူးဒေးစက်သုံးဆီဆိုင်အထွေထွေမန်နေဂျာဦးမြတ်သန်းဝင်းကပြောသည်။
စက်သုံးဆီများစတင် တင် သွင်းသည်နှင့်တစ်ပြိုင်နက်ဆိပ် ကမ်းတွင် ကုန်သွယ်ခွန် ၂ ရာခိုင် နှုန်းပေး
ဆောင်ပြီးဖြစ်ကာ ဆိပ် ကမ်းတွင် ရဲ၊ အခွန်ထမ်း၊ ကျန်း မာရေးစသည့်အဖွဲ့များစစ်ဆေး သဖြင့် မသမာ မှုလုပ်ရန်မလွယ် ကြောင်း ၎င်းကရှင်းပြသည်။ စက် သုံးဆီဆိုင်အများစုမှာပင်လယ်ဝ ဘက်ကသာ တင် သွင်းပြီး နယ်စပ်မှ တင်သွင်းမှုနည်းပါးခြင်းကြောင့် တင်သွင်းစဉ်က ပင် အပြီးပြတ်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။
ယင်းစနစ်သစ်ကြောင့် အ ခွန်ငွေကို တိကျစွာရရှိနိုင်ပြီး အ ခွန်တိမ်းရှောင်မှုများ၊ ထိမ်ချန်မှု များမရှိနိုင်သဖြင့် ယခုစနစ်မှာ နိုင်ငံတော်အတွက် အကျိုးရှိမည် ဖြစ်ကြောင်း အငြိမ်းစားအခွန်ဦး စီးမှူးတစ်ဦးကပြောသည်။
မြန်မာနိုင်ငံ၏ အခွန်စနစ်ကို အစိုးရသစ်စတင်ချိန်တွင် အမေရိ ကန်နှင့် နယူးဇီလန်နိုင်ငံတို့မှ ပညာရှင်များ လာရောက်လေ့လာ ခဲ့ပြီးနောက် အခွန်စနစ်ပြုပြင် ပြောင်းလဲရန် အကြံပြုခဲ့သည်။ အစိုးရသစ်စတင်ချိန်တွင် အခွန် သည် GDP၏ ၃ရာခိုင်နှုန်းသာရှိ သည်။ ယခုစတင်မည့် စနစ်သစ် အတွက် ဂျပန်နိုင်ငံက အကူအညီ
ပေးခြင်းဖြစ်သည်။
ထွန်းထွန်းမင်း | 7day
Sign up here with your email
ConversionConversion EmoticonEmoticon