ရခိုင် ပြည်နယ်မင်းပြားမြို့နယ်ရှိ လေးမြို့မြစ်အထက်ပိုင်း တောင်ပေါ် ဒေသရှိကျေးရွာများတွင် ယခုလ ပိုင်းအတွင်း ငှက်ဖျားရောဂါနှင့် ဝမ်းပျက် ဝမ်းလျှော ရောဂါများ ကြောင့် လူသေဆုံးမှုများရှိနေသ ဖြင့် ကျန်းမာရေး ဝန်ထမ်း များစေ လွှတ်ပေးရန် ဒေသခံများကတောင်း ဆိုထားကြောင်း သိရသည်။
လေးတူချင်းမျိုးနွယ်စုများနေထိုင်ရာ အဆိုပါဒေသ သည် မင်းပြားမြို့နယ် အတွင်း လမ်းပန်းဆက်သွယ်ရေးအခက် ခဲဆုံးဒေသဖြစ်ပြီး အစိုးရကကျန်း မာရေးဌာန ဖွင့်လှစ်ပေးထားခြင်း မရှိသဖြင့် ကျေးလက်ကျန်းမာရေးမှူး တစ်ဦးနှင့် သားဖွားဆရာ မတစ်ဦး အမြန်ဆုံးစေလွှတ်ပေး ရန် ဒေသခံတို့က သြဂုတ် ၃ဝ ရက်တွင် လက်မှတ်ထိုးတောင်း ဆိုထားခြင်းဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။
''တောင်ပေါ်မှာ ငှက် ဖျားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှော တွေဖြစ်ပြီး လတိုင်းလိုလို လူတွေ သေနေကြတယ်။ ဒါကြောင့် အခု ကျွန်တော်တို့ ဟေဇော်ကြီးရွာကို ကျန်းမာရေးမှူးတစ်ဦးနဲ့ သားဖွား ဆရာမတစ်ဦး အမြန်ဆုံးစေ လွှတ် ပေးဖို့၊ ဒေသမှာ အမြဲတမ်းနေ ထိုင်မယ့် ရွာခံလူငယ်နှစ်ယောက် ကို ကျန်းမာရေးသင်တန်းပို့ချပေး ဖို့ကို ရွာတွေက ရွာလူကြီး ၂၆ ယောက် စုပေါင်းလက်မှတ်ရေး ထိုးပြီး တောင်းဆိုခဲ့တယ်။ ကျွန် တော်တို့ဆီမှာ မျိုးရိုးစဉ်ဆက် ၁၄ဆက်အထိ ကျန်းမာရေးအ တွက် အစိုးရဆီက အကူအညီ ပေးတာမျိုး မရှိသေးဘူး''ဟု ဟေ ဇော်ကြီးကျေးရွာဥက္ကဋ္ဌ ဦးဘစိန် က ပြောသည်။
ရခိုင်ပြည်နယ် လေးမြို့မြစ်အထက်ပိုင်း တောင်ပေါ် ကျေးရွာများဖြစ်သော ဟေဇော် ကြီး၊ ဟေဇော်လေး၊ ခိုင်ဇီ၊ စို့ကပ်၊ ယင်တွဲ၊ ပူးဇိုး၊ မွန်းချောင်း၊ ရဲပုံ ကြီး၊ ဝိန်းရွာ၊ ယောင်းဒွန်း၊ လင့် တုံ၊ နွဲ့ဇိုး၊ ကင်ရွာ၊ ယိုရွာ၊ ဟာခိုင် နှင့် မာရေ စသည့် ကျေးရွာများ သည် မင်းပြားမြို့ပေါ်သို့ရောက် ရှိရန် တောင်ေ ကျာ်ခြေကျင် ခရီး ဖြင့် လေးရက်ခန့်သွားရပြီး ရေ လမ်းခရီးဆိုပါ က ခြောက်ရက်ခန့် သွားရကြောင်း သိရသည်။
လက်ရှိတွင် မင်းပြား မြို့နယ် ကျန်းမာရေးဦးစီးဌာနက အဆိုပါဒေသများ သို့ ဆေးဝါး အစုံအလင်ဖြင့် ကျန်းမာရေးဆေး အဖွဲ့တစ်ခုစေလွှတ်ရန် စီစဉ်နေ ကြောင်း ဌာနတာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
အဆိုပါ တောင်ပေါ် ဒေသသည်ရခိုင်ပြည်နယ်၏အစွန်ဆုံးဖြစ်ပြီး ဝေးလံခေါင်ပါး ၍ ဒေသခံလေးတူချင်းမျိုးနွယ် ဝင် ၂ဝဝဝခန့် နေထိုင်လျက်ရှိပြီး ချင်းပြည်နယ် ကန်ပက်လက်မြို့ နယ်၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် များဖြင့် နယ်နိ မိတ် ထိစပ်လျက်ရှိ သည်။
ပန်လှအောင်(မြစ်မခ) ၊ မင်းပြား / FlowerNewsJournal
Sign up here with your email
ConversionConversion EmoticonEmoticon