ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအခြေခံမူများကို ဆန့်ကျင်သူများ အား ထောင်ဒဏ်သုံးနှစ်အထိချမှတ်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်းသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင် အောင်ပြုလုပ်ခြင်းဖြစ်ကြောင်း လွှတ်တော် အမတ်အချို့က ဝေဖန်ပြောဆိုလိုက်သည်။
စက်တင်ဘာ ၃ရက်က ပြည်သူ များ လေ့လာအကြံပြုရန်ဟုဆိုကာ အစိုးရ က ချပြထားသောဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေးဥပဒေမူကြမ်း တွင် အခန်းလေးခန်းပါဝင်ပြီး ပြစ်ဒဏ်များ ကိုပါတစ်ပါတည်းထည့်သွင်းထားပါသည်။
''ပြည်သူတွေရဲ ဆန္ဒသဘောထား ကိုလွတ်လပ်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်လိုက်တာပဲ။ လွှတ်တော်ပြင်ပကနေ ဖွဲ့စည်းပုံကိုပြင်လို့မရအောင် ပိတ်ပင်တာ ကန့်သတ်တာလေ''ဟု အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဝင်းမြင့်ကဝေဖန်ခြင်းဖြစ်သည်။
အဆိုပါဥပဒေကြမ်း အခန်း ၂ ''တားမြစ်ချက်များ''ပါ ပုဒ်မ ၃၊ ''ပုဒ်မခွဲ (က)တွင်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လူမှု အခွင့်အရေးတစ်ခုခုကိုပျက်ပြားစေရန်၊ ပျက်ပြားမှုဖြစ်ပေါ်စေခြင်း၊ ပုဒ်ခွဲ(ခ)လက် နက်ကိုင်နည်းဖြင့် နိုင်ငံရေးဆောင်ရွက်မှုပြု ရန်ရှေးရှုခြင်း၊ ပုဒ်မခွဲ(ဂ) ဖွဲ့စည်းပုံကိုဆန့် ကျင်၍ မည်သည့်အာဏာရှင်နိုင်ငံရေးစနစ် ကိုတည်ထောင်ရန်၊ ကျင့်သုံးရန်တစ်စုံတစ်ခု ပြုခြင်း၊ (ဃ)ပါတီစုံဒီမိုကရေစီစနစ်ကို ပျက် ပြားစေရန်ကြံရွယ်ခြင်း(သို့)အကြောင်းဖြစ် ပေါ်အောင်ပြုလုပ်ခြင်း (င) ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိပဲအခြားရဲတပ် ဖွဲ့တစ်ခုခုကိုဖွဲ့စည်း၍ တည်ထောင်ခြင်း၊ (စ)ဖွဲ့စည်းပုံပါ အခြေခံမူများကိုဆန့်ကျင် သော် အဖွဲ့အစည်းများနှင့် လုပ်ငန်းများကို ထောက်ခံခြင်းစသည်ဖြင့်တိုက်တွန်းခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း သို့မဟုတ် ဝါဒ ဖြန့်ချိခြင်းများ''ကို မပြုလုပ်ရန် တားမြစ်ထား သည်။
''ဖွဲ့စည်းပုံ အခြေခံဥပဒေမှာက ကောင်းတာလည်းပါတယ်။ မကောင်းတာ လည်းပါတယ်။ ကိုယ့်ဒေသတွေအတွက် လုပ်စရာတွေရှိသေးတယ်။ ဒီလိုကန့် သတ် ထားရင် ဒီမိုကရေစီကို ဘယ်လိုလုပ်ဖြစ်လာ နိုင်မှာလဲ။ ဥပဒေက လိုအပ်ရင်ပြင်ရမှာပဲ''ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါ တီမှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါ် ခင်စောဝေကဝေဖန်သည်။
အဆိုပါ အခန်း ၂ ပါ တားမြစ် ချက်များအား ကျူးလွန်သူများကို အခန်း ၃ ''ပြစ်ဒဏ်များ'' ပုဒ်မ ၆အရ မည်သူမဆို တစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း၊ အသင်းအနေဖြင့်သော်လည်းကောင်း၊ အမှု ဆောင်အဖွဲ့အနေဖြင့်သော်လည်းကောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသောထောင်ဒဏ်ကို ချမှတ် နိုင်သည်ဟုဆိုပါသည်။
ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ''ဖွဲ့စည်းပုံပြင်ဖို့ ဆော် သြ စည်းရုံးတာတွေ ဆောင်ရွက်တာတွေလုပ် လိုမရတဲ့သဘောပဲ။ အခုဒီဥပဒေထုတ်ပြီး အဲဒါတွေလုပ်ရင်အားလုံးဟာထောင်ဒဏ် ကျနိုင်တယ်လို့မြင်တယ်'' ဟုသုံးသပ်သည်။
ညီတူး - FlowerNewsJournal
Sign up here with your email
ConversionConversion EmoticonEmoticon