ပေါ့ပ် အဆိုတော်မလေး Britney Spears ဟာ ရုပ်တည်နဲ့ ရူးချင်ယောင်ဆောင်ပြီး ပြသနာတစ်ခုကို ကိုင် တွယ်သွားသလိုမျိုး ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ သောကြာင်္နေ့က လတ်စ်ဗီးဂတ်စ် မြို့မှာ ပြုလုပ်ခဲ့တဲ့ Piece Me ဆိုတဲ့ ဖျော်ဖြေပွဲမှာ Britney Spears ဟာသူမရဲ့ ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Do Something ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေနေစဉ်မှာပဲ သူမရဲ့ ဆံပင်မှာတပ်ဆင်ထားတဲ့ ဆံပင် အတု အချို့ဟာ စင်ပေါ်မှာ ပြုတ်ကျသွားခဲ့ပါတယ်။
သူမရဲ့ ပရိသတ်တစ်ယောက်က ထိုအဖြစ်အပျက်တွေကို စင်အောက်မှ ဗီဒီယိုရိုက်ကူးထားတဲ့အတွက် ဆံပင်အတု ပြုတ်ကျသွားပုံ အဆင့်ဆင့်ကို ထိုဗီဒီယိုထဲမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ထိုသို့ ပြုတ်ကျသွားပေ မယ့်လည်း ကလေး ၂ ယောက် ရဲ့ မိခင်ဖြစ်တဲ့ Britney Spearsဟာ ပရော်ဖက်ရှင်နယ် တစ်ယောက် ကဲ့ သို့ပဲ ဖြေရှင်းလိုက်ပါတယ်။
သူမဟာ သူမရဲ့ ဖျော်ဖြေမှုကို လုံးဝမရပ်နားပဲ ဆက်လက်ဖျော်ဖြေနေခဲ့ပြီး ထို ပြသနာကို ကျော်လွန်စေ ခဲ့ပါတယ်။ မကြာသေးမီကမှ ချစ်သူအသစ် ရသွားတဲ့ Britney Spears ဟာ သူမရဲ့ ချစ်သူသစ်ဖြစ်တဲ့ Charlie Ebersonနဲ့ မကြာခင်မှာ လက်ထပ်တော့မယ်လို့လည်းသတင်းတွေ ထွက်ပေါ်နေပါတယ်။
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon