Gothic ဆန်တဲ့ ဆင်တူဖက်ရှင်နဲ့အတူ ဓါတ်ပုံအရိုက်ခံခဲ့ကြတဲ့ Marilyn Manson တို့သားအဖ


အနုပညာရှင်အများစုဟာ သူတို့မိဘတွေနဲ့ အတူလူထုရှေ့မှာ အတူရုပ်လုံးထွက်ပြလေ့ မရှိကြပါဘူး။ ရုပ်လုံးထွက်ပြရင်လည်း တူညီတဲ့ ဖက်ရှင်စတိုင်တစ်ခုနဲ့တော့ မဟုတ်ကြပါဘူး။

ကမ္ဘာကျော် ရော့ခ် အဆိုတော် တစ်ယောက်ဖြစ်တဲ့ Marilyn Manson ကတော့ Paper မဂ္ဂဇင်းအတွက် သူ့ရဲ့ ဖခင်ဖြစ်သူနဲ့အတူ ဓါတ်ပုံအရိုက်ခံခဲ့ပါတယ်။ ထိုဓါတ်ပုံတွေထဲမှာတော့ Manson ရဲ့ ဖခင်ဖြစ်သူဟာ Manson ၀တ်နေကျ Gothic စတိုင်ဖက်ရှင်နဲ့ တစ်ပုံစံတည်း ဆင်တူ ၀တ်ဆင်ခဲ့ပါတယ်။

Marilyn Manson ၀တ်နေကျအတိုင်း အနက်ရောင် အ၀တ်အစားများ ၊ အသားအရောင်ဖျော့ဖျော့ နဲ့ နှုတ်ခမ်းနီများကို များပြားစွာ ဆိုးထားပြီး သူ့ရဲ့ ဖခင်ဟာ ယခုတစ်ကြိမ်မှ ပရိသတ်တွေရှေ့ကို ထွက်ပေါ် လာခဲ့ပါတယ်။

သူတို့ သားအဖ နှစ်ယောက်ရဲ့ Gothic ဆန်တဲ့ ဖက်ရှင်နဲ့ အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံကို Manson ရဲ့ ပရိသတ်တွေ က နှစ်သက် သဘောကျခဲ့ကြပါတယ်။

Marilyn Manson ရဲ့ နာမည်အရင်းဟာ Brian Hugh Warner လို့ခေါ်ပြီး သူ့ဖခင်ရဲ့နာမည်ကတော့ Hugh Warner ဖြစ်ပါတယ်။ Hugh Warner ဟာ Manson ငယ်စဉ် ကလေးဘ၀မှာတုန်းက KISS အဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေကို သွားတဲ့အခါ ထိုဝတ်စုံတွေကို ၀တ်ဆင်လေ့ရှိတယ်လို့လည်း သိရပါတယ်။

Trend Myanmar
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.