Apple ဟာ ကျောဘက်ကင်မရာချို့ ယွင်းမှုကြောင့် မှုန်ဝါးတဲ့ဓာတ်ပုံတွေ ဖြစ်ပေါ်နေတဲ့ iPhone 6 Plus ကင်မရာ အနည်းအကျဉ်းကို ပြန်လည်လဲလှယ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါချို့ ယွင်းမှုရှိတဲ့ iPhone တွေဟာ စက်တင်ဘာ ၂၀၁၄ နဲ့ ဇန်န၀ါရီ ၂၀၁၅ လေးလ ကာလအတွင်း ရောင်းချခဲ့ရတဲ့ ဖုန်းအများစုဖြစ်တယ်လို့ Apple ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီနှစ်မှာ ရှယ်ယာတန်ဖိုးအနိမ့်ဆုံးကျခဲ့တဲ့ Apple ကုမ္ပဏီက 6 Plus ရဲ့ iSight နောက်ကင်မရာရဲ့ အစိတ်အပိုင်း အသေးလေးတစ်ခုဟာ ချို့ ယွင်းမှုဖြစ်ပေါ်ခဲ့တာဖြစ်နိုင်ကြောင်း ကြေငြာခဲ့ပါတယ်။
အကယ်၍ သင့်ရဲ့ iPhone 6 Plus ကင်မရာဟာ မှုန်ဝါးတဲ့ဓာတ်ပုံတွေ ရိုက်ကူးပေးနေရင်၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ထုတ်ကုန်ပစ္စည်းနံပါတ်စဉ်ထဲ ၀င်နေရင် ဖုန်းကင်မရာကို အခမဲ့လဲလှယ်ပေးသွားမှာ ဖြစ်တယ်လို့ Apple က ပြောကြားခဲ့ပါတယ်။
အဆိုပါ serial numbers စာရင်း ကို Apple ရဲ့ ၀က်ဘ်ဆိုဒ် (apple.co/1KaXcs9) မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Ye Wint - သစ်ထူးလွင်
Ref: Reuters
Sign up here with your email
ConversionConversion EmoticonEmoticon