အသံတိတ် လူသတ်သမား


ပေါင်မုန့်ကစ အသားထုတ်ကုန် ပစ္စည်းအပါအဝင် သကြားနဲ့ ကင်းတဲ့ ထုတ်ကုန်ဆိုတာ မရှိသလောက်ပါပဲ။ ကျွန်ုပ်တို့ နေ့စဉ် စားသောက်နေတဲ့ အစားအစာထဲ သကြား ဘယ်လောက်ထိပါဝင်လဲ ဆိုတာ လူတွေ သတိမမူမိကြပါဘူး။

အသည်းပျက်ဆီးစေပါတယ်

သကြားပမာဏ များစွာပါဝင်တဲ့ အစားအစာတွေက အသည်းပတ်လည် တစ်ဝိုက်မှာ အဆီအနှစ်တွေ ဖြစ်
ပေါ်စေပါတယ်။

နှလုံးရောဂါဖြစ်ပွားဖို့ အားပေး

သကြားက ကျန်းမာရေး ဒေါင်ဒေါင်မြည်ဖြစ်နေသူတွေ အတွက်တောင် နှလုံးကျန်းမာရေးအတွက် မသင့်
လျော်ကြောင်း နှလုံးရောဂါပိုင်းဆိုင်ရာ အထူးကျွမ်းကျင် ပညာရှင်တွေက သတိပေးထားပါတယ်။ သကြား ပမာဏ များများ သုံးပါက သွေးတိုးရောဂါနဲ့ နှလုံးရောဂါ အန္တရာယ်ဖြစ်စေပါတယ်။ ပုံမှန် ကိုယ်အလေးချိန် ရှိသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

အသံတိတ် လူသတ်သမား

သကြားမှာ ကင်ဆာရောဂါဖြစ်ပွားခြင်းနဲ့ ပတ်သက် ဆက်နွယ်နေပါတယ်။ သကြားဓာတ်ပါဝင်တဲ့ အချို ရည်တွေကြောင့် တစ်နှစ်ကို လူ့အသက်ပေါင်း ၂၀၀,၀၀၀ ကြွေလင့်နေရကြောင်း သုတေသနပြုချက်အရ သိရပါတယ်။

Trend Myanmar


Previous
Next Post »
Powered by Blogger.