အနုပညာအလုပ်ကို ဂီတကနေတစ်ဆင့် ၀င်ရောက်လာခဲ့ပြီး မော်ဒယ်လ်ဖက်ကို ပြောင်းလဲ လုပ်ကိုင်ကာ Miss ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မေမြတ်နိုးကို အားလုံးသိပြီး ဖြစ်မှာပါ။ ကိုရီးယားနိုင်ငံရောက်ပြီးကာမှ အဆင်မပြေမှုတွေ၊ စွပ်စွဲချက်တွေနဲ့ ကြုံလာရတဲ့ မေမြတ်နိုးဟာ ခုချိန်မှာတော့ သရုပ်ဆောင်ဖက်ကို ထဲထဲ ၀င်ဝင် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သူမက ခုလက်ရှိရိုက်နေတဲ့ ဇာတ်ကား အကြောင်းနဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ်သာ ရပ်တည်သွားချင်တဲ့ အကြောင်း ခုလို ပြောပြသွား ပါတယ်။
“ခုရိုက်နေတဲ့ ကားလေးက ကိုပေသီးတို့ရဲ့ ရပ်ကွက်ထဲမှာ ဆိုတဲ့ဇာတ်ကားလေးပါ။ ကာရိုက်တာကတော့
မြတ်နိုးက ရုပ်ရှင်မင်းသမီး ရူးတဲ့ ကောင်မလေးပေါ့။ ထုတ်လုပ်ရေးက လပ်ကီးဆဲဗင်းကပါ။လပ်ကီးဘော့စ် နဲ့လဲ ရိုက်ဖြစ်တယ် ။ သင်္ကေတနဲ့လဲ ရိုက်ဖူးတယ်။ ခုဒီကားက ၈ကားမြောက်ပေါ့။ လာငှားတာ များတာ ကတော့ ဖန်စီပေါ့။ စစချင်းတုန်းကတော့ မယ်ရတာလေးနဲ့ ပတ်သတ်တဲ့ ကာရိုက်တာမျိုးလေးတွေ၊ ခုကျ
တော့ ဟာသပေါ့။ မြတ်နိုးက အနုပညာလောကထဲမှာ အနုပညာရှင် တစ်ယောက်အနေနဲ့ပဲရပ်တည်ချင်ပါ တယ်။
ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့နော်။ အားလုံး လုပ်တတ်တာကို သဘောကျတယ်။ မြတ်နိုးက ဘာပဲလုပ်လုပ် ပရိ သတ်တွေရဲ့ ဝေဖန်ချက်ကို ဦးစားပေးပြီးပဲ လုပ်သွားပါမယ်။ မင်းသမီးဈေးကွက်ကလည်း မြတ်နိုးနဲ့ဘယ်
လောက် ထိုက်တန်တယ်ဆိုပြီး ပေးကြတာပါ။ မြတ်နိုးကတော့ ခုမှ အစ၀င်တာဆိုတော့ ဆရာသမားတွေ
ပြောတာကို လက်ခံပါတယ်”လို့ သူမက ပြောသွားပါတယ်။
အနုပညာသမားတိုင်း ကြုံတွေ့ရတဲ့ ကောလဟာလနဲ့ ပတ်သတ်ပြီးတော့ သူမ ပြောသွားတာကတော့ “ကောလဟာလဆိုတာ အနုပညာရှင်တွေတွက်က အိမ်နီးနားချင်း သူငယ်ချင်းလို့ ပြောလို့ ရပါတယ်ရှင့်။ အဲ့ဒီ ဘေးပတ်ဝန်းကျင်လို့လဲ ပြောလို့ရတယ်။ ကောလဟာလက အမြဲတမ်း ကိုယ့်ဘေးမှာ ရှိနေပါတယ်။ ရန်ထမဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ ကောလဟာလကို မဖြစ်အောင် ဆင်ခြင်ပြီးနေရမယ်။ အစကတည်းက မဖြစ်အောင် ရှောင်သင့်ပါတယ်။ မြတ်နိုးအနေနဲ့ ကောလဟာလ အရမ်းထွက်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လဲ နာမည် အရမ်းကြီးသွားတယ်လို့ မြင်မိပါတယ်။ မယ်သွားပြိုင်မယ်ဆိုပြီး နာမည်ကြီးတယ်။ ပြီးတော့ ဆုရလာတော့ နာမည်ကြီးတယ်။ ပြီးတော့ မြန်မာပြည်က NationalDirector တွေနဲ့မတည့်လို့ဆို ပြီး နာမည်ထပ်ကြီးတယ်။ ဟိုမှာ K pop သွားလုပ်မယ်ဆိုပြီး နာမည်ကြီးပြန်ရော၊ ပြီးတော့ ဟိုမှာ ပြသနာ တက်လို့ Crown ပြန်သိမ်းတယ် ဆိုပြီး ဂယက်ရိုက်ပြန်ရော၊ မြတ်နိုးဆို နာမည်ကြီးတာ ၆ခါလောက်ရှိ တယ်။
ဒါတွေက မြတ်နိုးအတွက် ရင့်ကျက်မှုတွေ၊ အတွေ့အကြုံတွေကို ရစေတယ်။ တစ်နိုင်ငံလုံးကလဲ သိသွား တယ်။ ဒါကောင်းတဲ့ ဖက်က ယူတာပေါ့။ ကောလဟာလကို အသုံးပြုပြီး ကိုယ့်တွက်ကောင်းတာကို ပြန်ယူ ကြည့်တာပေါ့။ လူတွေကိုလဲ အများကြီး အကဲခတ် တတ်သွားတယ်။ ယုံကြည်မှုကို လွယ်လွယ်နဲ့မပေး ချင်တော့ဘူး။ ရင့်ကျက်မှုတွေလဲ အများကြီးရတယ်။ ရှုပ်ထွေးမှုတွေကိုလဲ နားလည်သွားတယ်”တဲ့။
ခင်ဆွေသက် | Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon