အချစ်မှာ မျက်စိမရှိပါ။
သူ့ကိုချစ်ပြီဆိုရင် ပတ်ဝန်းကျင်ကိုလည်း မမြင်နိုင်တော့ပါ။ သူ့အကြောင်းပဲ ခေါင်းထဲမှာ တဝဲလည်လည် ဖြစ်နေမှာပါ။သူ့ကကိုယ့်အရှေ့မှာမရှိပင်မဲ့၊ သူ့ရဲ့အရိပ်တွေ၊ သူရဲ့အသံလေးတွေက ကိုယ့်ကို စိုးမိုးနေ တာပါ။
နေ့စဉ်သွားလာလှုပ်ရှားနေစဉ်မှာ ရုတ်တရက်ခံစားလိုက်ရတဲ့ ခံစားချက်လေးတွေကို သတိထားကြည့်လိုက် မယ်ဆိုရင်တော့ သူ့ကိုချစ်နေမိပြီဆိုတာကို သက်သေလို့ရပါတယ်။
ဘယ်လိုအချက်လေးတွေလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
၀၁. သူနဲ့အတူတူ စားစာရာလေးတွေကို မြည်းကြည့်ရတာကိုက ရင်ခုံစရာ
တစ်ခုခုကိုသွားစားတဲ့အခါ သူနဲ့ကိုယ်နဲ့ မတူတဲ့ဟာကို မှာပြီး တစ်ယောက်နဲ့တစ်ယောက် နည်းနည်းစီယူ ပြီး မြည်းရတာကိုက ရင်ခုံစရာတွေဖြစ်လာပြီး သူ့က ကိုယ့်ရင်ထဲမှာ နေရာယူသွားပါပြီ။
၀၂. အင်္ကျီရွေးတဲ့အခါ သူကြိုက်ပါ့မလားလို့ စဉ်းစားမိနေပြီ
ဖက်ရှင်ဆိုတာ ကိုယ်ရဲ့စိတ်အခြေအနေကို ထင်ဟပ်ပြသနေတဲ့ မှန်တစ်ချပ်လိုပါပဲ။ သူကြိုက်မဲ့ပုံကို စဉ်း စားနေပြီဆိုတော့ သူ့ကိုအမြဲသတိရနေပြီဆိုတဲ့ သက်သေအထောက်အထားပဲဖြစ်မှာပါ။
၀၃. သူ့ကို ခိုးပြီး ကြည့်နေမိတယ်
ကိုယ့်အနားကို ဖြတ်သွားတာနဲ့ပင် သူ့ကိုလိုက်ကြည့်နေမိတယ်။ သူနဲ့မျက်လုံးချင်း အကြည့်ဆိုင်မိပြီဆိုရင်
တော့ ရင်တွေအရင်းခုန်နေရပါပြီ။
၀၄. အားနေတဲ့အချိန်တွေမှာတောင် သူ့ကိုသတိရနေမိတယ်
အားလပ်ချိန်မှာ တစ်ယောက်တည်း ထိုင်ပြီး အမောဖြေနေချိန်မှာ သူကကိုယ့်ရဲ့စိတ်ကို အစဉ်မပြတ်ကြီး စိုးနေပါပြီ။
သူရဲ့အကြောင်းကိုတွေးမိနေတာလေးကိုက စိတ်ထဲမှာကြည်နူးနေပြီး သာယာသောအချိန်လေးတစ်ခုပါ။
၀၅. သူ့ကိုမေးချင်တဲ့မေးခွန်းတွေက အများကြီး
သူကိုတွေ့လိုက်ရတာနဲ့ ကိုယ့်ရဲ့ခေါင်းထဲမှာ သိချင်တာတွေနဲ့ပြည့်နေပြီး အလိုလိုကို မေးခွန်းတွေ တစ်ခုပြီးတစ်ခုမေးနေမိတယ်။
၀၆. သူနဲ့ရယ်တဲ့နေရာမှာလည်း အတူတူပါ
ကိုယ်ကကြိုက်တဲ့ ဟာသတွေကိုလည်း သူကကြိုက်နေတတ်ပြီး ရယ်နေရတဲ့ ဇာတ်လမ်းဇာတ်ကွက်က လည်း တထပ်တည်းကျနေတတ်ပါတယ်။
၀၇. သူ့ဆိုက Message ကိုအမြဲတမ်းစောင့်နေမိတယ်
သူ့ကိုပို့လိုက်တဲ့ Msg လေးကို ဘယ်တော့ အကြောင်းပြန်ပေးမှာလဲဆို တမျှော်မျှော်ဖြစ်နေတတ်တယ်။
၀၈. သူနဲ့ ၂မိနစ်လောက်ပဲတွေ့ရတွေ့ရ အရမ်းစိတ်ချမ်းသာတယ်
အလုပ်သွားရင်း ကားပေါ်မှာပဲဖြစ်ဖြစ် သူ့ကိုတွေ့လိုက်ရရင် ဒီနေ့ဟာ ထီပေါက်သလို ခံစားရတယ်။
၀၉. သူ့အရှေ့ရောက်ရင် ရင်တွေခုံပြီး ဘာပြောရမှန်းမသိတော့ပါ
သာမန်အချိန်မှာ သူ့ကိုတွေ့ရင် ဘာပြောရမလဲဆိုတာကို တွေးထားပင်မဲ့ သူ့ရှေ့ရောက်တော့ ပြာယာခပ် ပြီး ဘာပြောရမှန်းကို မသိတော့ပါ။
ကဲ ပတ်ဝန်းကျင်မှာ အပေါ်မှာပြောပြခဲ့တဲ့သလို စိတ်ထဲမှာညှိတွယ်နေတဲ့သူ မရှိဘူးလား။ ရှိနေပြီဆိုရင်ေ
တော့ ပွင့်ပွင့်လင်းလင်းသာ ဖွင့်ပြောကြည့်လိုက်ပါလားနော်။
Chelmo Team
Sign up here with your email
ConversionConversion EmoticonEmoticon