ကလေးဒေသကျေးရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်


ကလေး ဒေသရေကြီးရေလျှံမှုကြောင့် ရေ နစ်မြှုပ်သွားသောကျေးရွာများရွှေ့ ပြောင်းတည်ဆောက်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများဖြစ် သည့်ကျေးရွာသစ်ဖော်ထုတ်ရေး လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက တာဝန်ယူ၍ စတင်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကျေးရွာသစ်ဖော် ထုတ်ရေးလုပ်ငန်းဖြစ်သည့် ကျောက္ကာ ကျေးရွာသစ်အတွက် ၃၉ဒသမ ဝ၃ဧက၊ အေးသာယာကျေးရွာသစ်အတွက် ၂၃ဒသမ၇ရဧက၊ နန်းကျင်းဆောင် ကျေးရွာသစ်အတွက် ၈၆ဒသမ ၃၈ ဧက၊ ကျီကုန်းကျေးရွာသစ်အတွက် ၂၅ဧက၊ ကံကြီးကျေးရွာသစ်အတွက် ဧက ၂ဝနှင့် နတ်နန်းကျေးရွာသစ်အ တွက် ၁၃ဧကတို့ကိုဆည်မြောင်း ဦးစီး ဌာနက စက်ယန္တရားကြီးများဖြင့်မြေနေ ရာသစ်များကို ဖော်ထုတ်ပေးလျက် ရှိသည်။

ကလေးဒေသရေကြီးရေလျှံမှု ကြောင့် ရေနစ်မြုပ်မှုဖြစ်ပွားပြီး ရွာ သစ်ပြန်လည်တည်ဆောက်ပေးရမည့် ကျေးရွာများမှာ ကျောက္ကာကျေးရွာ တွင် အိမ်ထောင်စု ၁၀၅စု၊ နတ်ကြီး ကုန်း(ကာ)ကျေးရွာတွင် အိမ်ထောင်စု ၄၈စု၊ ကျီကုန်းကျေးရွာတွင် အိမ်ထောင် စု ၁၁ရစု၊ အေးသာယာကျေးရွာတွင် အိမ်ထောင်စု ၇၅စု၊ မော်လိုက်ကလေး (တောင်)ကျေးရွာတွင်အိမ်ထောင်စု ၁၁၄စု၊ မော်လိုက်ကလေး(မြောက်)ကျေးရွာတွင် အိမ်ထောင်စု ၁၅၉စု၊ နန်းစောင်းပုကျေးရွာတွင် အိမ်ထောင် စု ၃၂ရစု၊ နန်းကျင်းဆောင်ကျေးရွာ တွင် အိမ်ထောင်စု ၁၃ရစု၊ ကံကြီး ကျေးရွာတွင် အိမ်ထောင်စု ၅၄စု၊ ခုံသာ(နောက်)ကျေးရွာတွင် အိမ်ထောင် စု၅၁စု၊ ကြက်ဖနက်ကျေးရွာတွင် အိမ် ထောင်စု ၂၂စုနှင့်နတ်နန်းကျေးရွာ တွင် အိမ်ထောင်စု ၇၅စုတို့ဖြစ်ကြောင်း သိရသည်။

KST -Democracytoday‬

Photo Caption: ကျေးရွာသစ်ဖော်ထုတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။
Photo: ကျင်ဆောင်တွမ်။

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.