NLD နိုင်တဲ့အကြောင်း တရားဝင်မကြေညာသေးတဲ့အတွက် အပြည့်အ၀မပျော်နိုင်သေးဘူးလို့ ဆိုလာတဲ့ ပိုင်ဖြိုးသု


ဆရာဝန်ဘွဲ့ကို ရရှိပြီးသွားတဲ့ ပိုင်ဖြိုးသုက လက်ရှိမှာ ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးနေပြီး မကြာသေးခင်က ကျရောက်ခဲ့တဲ့ သီတင်းကျွတ်မှာလဲ ပျိုးခင်းက ဆရာသမားတွေကို လိုက်ကန်တော့ဖြစ်တယ် လို့ ဆိုလာပါတယ်။ "ကိုဝိုင်းတစ်ယောက်ပဲ ကျန်တော့တယ်။ နိုင်ငံခြားရောက်နေလို့သွားမကန်တော့ရသေးဘူး။ ပြန်လာမှ ကန်တော့ဖြစ်မယ်။ ပျော်လဲပျော်တယ်။ နောက်ကိုယ့်ကျေးဇူးရှင်တွေဖြစ်တဲ့အတွက် ဒီသီတင်းကျွတ်အချိန်မှာ ဂါရ၀ လိုက်ပြုရလို့ကျေနပ်မိပါတယ်။ Hollowan Night ကလဲ ဘာမှထွေထွေထူးထူး မသွားဖြစ်ဘူး။ ကိုခန့်ကို သွားကန်တော့ဖြစ်နေလို့ပါ"တဲ့။

၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လဲ သူမက "ညီမ NLD ကိုပဲ မဲပေးခဲ့တယ်။ အခုက NLD နိုင်တယ်လို့ပြောကြပေမဲ့ တရားဝင်ကတော့ မကြေညာသေးဘူး။ တရားဝင် မကြေညာသေးတော့ စိတ်ချလက်ချတော့ မပျော်ရသေးဘူး။ တရားဝင်ကြေညာပြီးမှပဲ ပျော်နိုင်ပါမယ်။ အခုကတော့ ကြေညာနေတဲ့ သတင်းတွေကိုပဲစောင့်ကြည့်နေပါတယ်။ ရွေးကောက်ပွဲ ပြီးသွားရင်တော့ အားလုံးအေးအေးချမ်းချမ်းနဲ့ဖြစ်စေချင်တယ်။ အကယ်လို့ ဘုရားမပြီး ကိုယ်တွေနိုင်စေချင်တဲ့ ပါတီက နိုင်သွားမယ်ဆိုရင်လဲ ညီမတို့အားလုံး ခေါင်းဆောင်ရဲ့စကားကို နာခံဖို့လိုတယ်။ ညီမတို့အားလုံး ပြည်သူရော ခေါင်းဆောင်ရော တက်ညီလက်ညီကြိုးစားကြမှ ညီမတို့ အားလုံးတိုးတက်ပြီး အေးချမ်းတဲ့ ဘ၀ကိုရမယ်လို့ညီမထင်ပါတယ်"လို့ ပြောပြသွားပါတယ်။

ထွက်ပြီးသားကားတွေနဲ့ပတ်သက်ပြီး ပရိသတ်ရဲ့ Feeedback ဘာတွေပြန်ကြားရသလဲ မေးကြည့်လိုက်တော့ "အမျိုးမျိုးတော့ ပရိသတ်ဆီကဝေဖန်သံတွေပြန်ကြားရတယ်။ ဟိုကားလေးမှာ ဘာလိုတယ်။ ဒီကားလေးမှာတော့ ဒါလေးပိုတယ်။ စသဖြင့်ပေါ့။ အကုန်လုံးပြန်ကြားရတယ်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် သုံးသပ်မိတာကတော့ အများကြီးလိုပါသေးတယ်။ ကြိုးစားဖို့လဲ လိုသေးတယ်လို့မြင်ပါတယ်။ သုကိုယ်တိုင်လဲ တတ်နိုင်သလောက်တော့ လာပေးတဲ့ ဇာတ်တွေကို အကောင်းဆုံး ကြိုးစား သရုပ်ဆောင်တယ်။ အခုကားကြီးဆိုလဲ ကိုယ့်ထက်ဝါရင့်တဲ့ ၀ါရင့်သရုပ်ဆောင်ကြီးတွေနဲ့ပဲ သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ကိုယ့်ဖက်က အတတ်နိုင်ဆုံး ပရိသတ်မျက်စိထဲမှာ ပီပြင်အောင်ကြိုးစား သွားပါ့မယ်"လို့ သူမက ဆိုပါတယ်။

ပညာရေးမှာ ထူးချွန်တဲ့ သူမက ဆရာဝန်နဲ့ သရုပ်ဆောင် ဘယ်အပိုင်းကို ဦးစားပေးဖြစ်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါ။ ဒါနဲ့ပတ်သက်ပြီး သူမက "ဆရာဝန်ကတော့ ဆမ မရဘူး။ သေချာတာကတော့ ဒီမှာတော့ သေချာတာက ထပ်တက်လို့ မရတော့ဘူး။ အကယ်လို့နောက်ထပ် တစ်ခု မာစတာ ဆက်လိုချင်တယ်ဆိုရင်တော့ နိုင်ငံခြားသွားတက်မှပဲရမယ်။ သုကိုယ်တိုင်ကလဲ အခုလောလောဆယ် သရုပ်ဆောင်ဖက်ကို ပဲ အကောင်းဆုံးကြိုးစားဖို့ပဲရှိပါတယ်"တဲ့။

ခင်ဆွေသက် - Trend Myanmar

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.