ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ Adele ရဲ့ ‘25’ အယ်ဘမ် တရားဝင်မထွက်ခင် အွန်လိုင်းမှာပျံ့


Adele ရဲ့ ပရိသတ်တွေ မျှော်လင့်နေတဲ့ တတိယမြောက် စတူဒီယိုအယ်ဘမ် ‘25’ ဟာ ဗုဒ္ဓဟူးနေ့ က အွန်လိုင်းမှာ အယ်ဘမ်လိုက် ပေါက်ကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မှာ တရားဝင် ထွက်ရှိမယ့် အဆိုပါ အယ်ဘမ်ဟာ နှစ်ရက်ကြိုစောပြီး အွန်လိုင်းမှာ ပျံ့ ခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ပေါ့ပ်စတားရဲ့ ပရိသတ် အချို့ဟာ ဒီအခွေကို အစောဆုံး နားထောင်ခွင့်ရဖို့ အတွက် တက်ကြွနေကြပေမယ့် တစ်ချို့ အမာခံပရိသတ်တွေကတော့ အခုလို အွန်လိုင်းမှာပေါက်ကြားခဲ့ခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိခဲ့ဘဲ ဂရမ်မီဆုရ အဆိုတော် Adele ရဲ့ အယ်ဘမ်ကို ထွက်မယ့်နေကျမှ တရားဝင် ၀ယ်ယူဖို့ စောင်းဆိုင်းလျက်ရှိတယ်လို့ သိရပါတယ်။

Adele ဟာ လွန်ခဲ့တဲ့လနှောင်းပိုင်းတုန်းက ဒီအယ်ဘမ်ထဲက ပထမဦးဆုံး ဆင်ဂယ်သီချင်း ‘Hello’ ကို ဖြန့် ခဲ့ပြီး အဆိုပါ သီချင်းဟာ ၁၈ နှစ်အတွင်း အမြန်ဆုံးရောင်းချရတဲ့ ဆင်ဂယ်ဖြစ်ခဲ့ပြီး ၊ အမေရိကန်နိုင်ငံမှာ လည်း ဒေါင်းလုဒ်လုပ်မှု ၁ သန်း အမြန်ဆုံးရောက်ရှိတဲ့ ဆင်ဂယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကိုလည်း ခံခဲ့ရပြီး နာမည်ကြီးပေါ့ပ်အဆိုတော်တွေဖြစ်တဲ့ Demi Lovato နဲ့ Conor Maynard တို့ ကတောင် ပြန်လည်သီဆိုခဲ့ကြပါတယ်။

Adele ရဲ့ ‘25’ အယ်ဘမ်ဟာ ဈေးကွက်ထဲ နိုဝင်ဘာ ၂၀ ရက်နေ့ ၊သောကြာနေ့ မှာ တရားဝင်ဖြန့် ချိ သွားမှာ ဖြစ်ပါတယ်။

ye wint - Trend Myanmar
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.