သမ္မတဦးသိန်စိန်ကို သရော်လှောင်ပြောင်သည့် ကဗျာရေးစပ်သူ ကဗျာဆရာ မောင်ဆောင်းခကို ယနေ့ နိုဝင်ဘာ ၅ နံနက် ၁၁ နာရီကျော်ခန့်က ကမာရွတ်တရားရုံး၌ ဗကသခေါင်းဆောင် ကျော်ကိုကို၊ ဂျိမ်း တို့ရုံးထုတ်မှုကို လာရောက်ကြည့်ရှုစဉ် သက်ဆိုင်ရာအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
မောင်ဆောင်သည် “ငါ့လိင်တံမှာ သမ္မတကြီးပုံတက်တူးနဲ့ ငါ့ဇနီးဟာ ငါနဲ့လက်ထပ်ပြီးမှ ငါ့ကို အော့နှလုံးနာလို့မဆုံး”ဆိုသော ကဗျာရေး၍ ဖေ့ဘုတ်ပေါ် တင်ခဲ့သောကြောင့် ပုဒ်မ ၆၆ ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Sign up here with your email
ConversionConversion EmoticonEmoticon