အခြေခံ သတ်မှတ်ချက်အချို့ ပြောင်းလဲလျှင် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို လက်ခံမည်ဟု နေတန်ညာဟုဆို


မိမိ ဝန်ကြီးချုပ်အဖြစ် ရှိနေသ၍ ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့် မရှိစေရဆိုသည့် ရွေးကောက်ပွဲအကြို ကတိနှင့် ပတ်သက်ပြီး အတန်ငယ် ပျော့ပြောင်းသည့် သဘောထားမျိုးဖြင့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောင်းလဲ မှတ်ချက်ပေးခဲ့သည်။

MSNBCနှင့် အင်တာဗျူး အစီအစဉ်တွင် နေတန်ညာဟုက ပါလက်စတိုင်းတို့ဘက်မှ တောင်းဆိုထားသည့် အချက်အလက်အချို့ကို ပြောင်းလဲလျှင် နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို လက်ခံစဉ်းစားနိုင်
ကြောင်း နေတန်ညာဟုက ပြောဆိုခဲ့သည်။

၎င်းသည် ရွေးကောက်ပွဲကြို ကာလက မိမိလက်ထက်တွင် ပါလက်စတိုင်းနိုင်ငံထူထောင်ရေး လုံးဝ မဖြစ်
မြောက်စေရဆိုသည့် ကတိဖြင့် မဲဆွယ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် စတုတ္ထသက်တမ်း ရွေးကောက်ခံ အနိုင်ရရှိခဲ့သည်။ ထို့အတူ အတိုက်အခံများက နေတန်ညာဟု အနေဖြင့် လူမျိုးရေး ခွဲခြားနှိမ့်ချသည့် သဘောထားရှိကြောင်း စွပ်စွဲခဲ့ရာ ယင်းကို ဝန်ကြီးချုပ်က ငြင်းဆိုခဲ့သည်။

“ကျွန်တော့် လိုလားချက်က အစ္စရေး တစ်နိုင်ငံတည်း ရပ်တည်ခြင်းဆိုတဲ့ ဖြေရှင်းမှုမျိုး မဟုတ်ဘူး။ ကျွန်တော် လိုချင်တာက တည်ငြိမ်အေးချမ်းမှုရှိတဲ့ နှစ်နိုင်ငံ ယှဉ်တွဲရပ်တည်မှုမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့ဆိုရင် အခြေခံ သတ်မှတ်ချက်တချို့ကို မဖြစ်မနေ ပြောင်းလဲရမယ်”ဟု နေတန်ညာဟုက အမေရိကန် သတင်းဌာနထံ ပြောကြားခဲ့သည်။

၎င်းက “လွန်ခဲ့တဲ့ (၆)နှစ်က ဘာအီလန် တက္ကသိုလ်မှာ ကျွန်တော် ပြောဖူးတဲ့ မိန့်ခွန်းကို ဘယ်တော့မှ မပြောင်းလဲပါဘူး။ စစ်အင်အား စုဖွဲ့မှု မထားဘဲ အစ္စရေးကို အသိအမှတ်ပြုတဲ့ ပါလက်စတိုင်း နိုင်ငံကို ကျွန်တော် လိုလား တောင်းဆိုပါတယ်။ ဒီအပြောင်းအလဲဟာ လက်တွေ့ကျပါလိမ့်မယ်”ဟုလည်း ဆိုသည်။
နေတန်ညာဟုသည် အီရန် နျူကလီးယား အရေးနှင့် ပတ်သက်ပြီး အစ္စရေး၏ အဓိက မဟာမိတ် အမေရိ ကန် နိုင်ငံနှင့် ဆက်ဆံရေး တင်းမာမှုအချို့ ရှိခဲ့သော်လည်း ၎င်းရွေးကောက်ပွဲ အနိုင်ရခဲ့ချိန်တွင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်းလည်း သိရှိရ သည်။

7Day
Previous
Next Post »
Powered by Blogger.