ကလေးစစ်သားအသုံးပြုမှုလုံးဝမရှိကြောင်း ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ငြင်းဆို


ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ဝင်များကို ရိုက်တာသတင်းဌာနက ရိုက်ကူးခဲ့သည့်ပုံများအနက် ရိုင်ဖယ်သေ နတ်လွယ်၍ ကိုးကန့်တပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားသော ကလေးစစ်သား ဓာတ်ပုံအချို့ ပါဝင်လာခဲ့သော် လည်း ကိုးကန့်တပ်ဖွဲ့ကမူ ကလေးစစ်သားအသုံးပြုမှုလုံးဝမရှိကြောင်းနှင့် ဓာတ်ပုံပါ ကလေးတစ်ဦးမှာ မဟာမိတ်တပ်ဖွဲ့ မှ တပ်ရင်းမှူး၏ တူတော်စပ်သူသာဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဦးထွန်းမြတ် လင်းက ကိုးကန့်တပ်ဖွဲ့အခြေ စိုက်ရာဌာနချုပ်သို့ မည်သည့်သ တင်းဌာနကိုမျှ ဖိတ်ကြားခြင်း၊၀င် ရောက်ခွင့်ပြုခြင်းမရှိကြောင်း ဆက်လက်ငြင်းဆိုသော်လည်း ရိုက်တာသတင်းဌာနမှ ရိုက်ကူး ထားသော ကိုးကန့်တပ်ဖွဲ့ဝင် ဓာတ်ပုံများမှာမူ အစစ်အမှန်များ ဖြစ်ကြောင်း အတည်ပြုပြောကြား သည်။

‘‘ကျွန်တော်တို့ ကလေးစစ် သား မစုဆောင်းပါဘူး။ ဓာတ်ပုံ ထဲမှာပါတဲ့ ကလေးက အသက် (၁၅)နှစ်ပါ။ ကျွန်တော်တို့နဲ့ ပူး ပေါင်းတဲ့ တအောင်းပလောင် တပ်ဖွဲ့(TNLA)ရှိတယ်။ အဲဒီက လေးက အဲဒီတပ်က တပ်ရင်းမှူး တစ်ယောက်ရဲ့ တူပါ။ ကျောင်း သွားတက်ခိုင်းတာကို ကလေးက မတက်ချင်ဘူးတဲ့။ သူ့ ဦးလေးနဲ့ပဲ သူနေချင်တယ်တဲ့။ သူသေနတ် လွယ်ထားတာတွေ့တော့ ကျွန် တော်မေးကြည့်တယ်။ အဲဒါတပ် ရင်းမှူးရဲ့ သေနတ်ပါ။ သူကသေ နတ်ကြိုက်တော့ ခဏပေးလွယ် ခိုင်းလိုက်တာလို့ ကျွန်တော် သိရ ပါတယ်’’ဟု ဦးထွန်းမြတ်လင်းက ပြောကြားသည်။

ကလေးစစ်သားမဟုတ်ဟု ဆိုသော်လည်း ရိုက်တာ၏ သ တင်းဓာတ်ပုံများတွင် MNDAAတံ ဆိပ်ပါသည့် စစ်ယူနီဖောင်း ၀တ်ထားပြီး ရိုင်ဖယ်သေနတ် လွယ်ထားသည့် အသက်(၁၅)နှစ် အရွယ်ကလေးစစ်သားအ နည်း ဆုံး သုံးဦး၏ဓာတ်ပုံများဖော်ပြ ထားသည်ကိုတွေ့ရသည်။ သို့ သော် ကိုးကန့်တပ်ဖွဲ့ကမူ အဆိုပါ ကလေးငယ်တစ်ဦးသာရှိပြီး ကျန် သူအားလုံးမှာအသက်(၁၉)နှစ်အ ထက်များသာဖြစ်ကြောင်း ငြင်းဆို သည်။

မြန်မာ့တပ်မတော်က အ ပြင်းအထန် ထိုးစစ်ဆင်နေသည့် စစ်မြေပြင်တွင် ကလေးစစ်သား မဟုတ်ဘဲ တူတော်စပ်သူကလေး ငယ်ကို ခေါ်ယူထားခြင်းမှာ ကလေး၏အသက်အန္တရာယ် ထိခိုက်နိုင်သည့်အပေါ် မေးမြန်းရာ ဦီးထွန်းမြတ်လင်းက ‘‘အဲဒါတော့ဟုတ်ပါတယ်။ ဒါကြောင့် ယူနီဖောင်းပေးမ၀တ်ဖို့ ကျွန်တော်မှာ ထားပါတယ်။ ကျွန်တော်တို့က ပြန်ခိုင်း တယ်။ တပ်မဟာမှူးကလည်း ပြောတယ်။ ကလေးက မပြန်ချင် ဘူး နေစရာမရှိဘူးတဲ့။သူတို့ရွာ မှာလည်း စစ်တိုက်နေတယ်တဲ့။ ကလေးစစ်သားကိုတော့ ၂၀၀၃ ကတည်းက ကျွန်တော်တို့ မသုံး တော့တာပါ’’ဟု ၎င်းကပြောကြား သည်။

ရိုက်တာသတင်းဌာနမှာ တပ်အောက်ခြေမှ လူများနှင့်ခင် မင်ရင်းနှီး၍ ၀င်ရောက်လာခြင်း လည်းဖြစ်နိုင်
ကြောင်း ၎င်းကပြော ကြားသည်။တအောင်းပလောင်အဖွဲ့မှ တပ်ရင်းမှူး၏ တူဟု ကိုးကန့်တပ် ဖွဲ့က ပြောသော်လည်း TNLAက မူ ထိုသတင်းအချက်အလက်ကို ရရှိမထားကြောင်းနှင့် ၎င်းတို့တပ် ထဲတွင် အသက်မပြည့်သူ၊ အ သက်ကြီးရင့်သူနှင့် ကျန်းမာရေးမ ကောင်းသူတို့ကို ၀င်ခွင့်မပြု ကြောင်း TNLA၏ ပြန်ကြားရေး တာဝန်ခံ ဦးမန်းအိုက်ကျော်က ပြောသည်။

‘‘တူတော်စပ်တယ်ဆိုရင် တော့ ပါသွားတာလား၊ ဘာလား ကျွန်တော်တို့ အဆက်အသွယ်မရှိ သေးပါဘူး။ ကလေးတွေကို ခေါ်ထားတာတော့မရှိပါဘူး’’ဟု၎င်းကပြောသည်။မြန်မာပြည်မြောက်ပိုင်း၊ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့သည့် မြန်မာ့တပ် မတော်နှင့် ဖုန် ကြားရှင်၏ မြန်မာ အမျိုးသားဒီမိုကရက်တစ် တပ်မ တော် (MNDAA)တို့၏ တိုက် ပွဲများတစ်လကျော်ကြာ သည်အထိ ဆက်လက်ဖြစ်ပွားနေပြီး ယခု အခါ တိုက်ပွဲများအပြင်းထန်ဆုံး အခြေအနေတွင်ရှိနေကြောင်း ကိုး ကန့်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

တိုက်ပွဲကြောင့် မတ်လ ၂၀ရက်အထိ မြန်မာ့တပ်မတော်မှ အရာရှိနှင့်စစ်သည်တစ်ရာကျော် ကျဆုံးထား
ကြောင်း ကိုးကန့်တပ် ဖွဲ့မှလည်း တစ်ရာကျော်သေဆုံး ထားကြောင်း အစိုးရသတင်းထုတ် ပြန်ချက်အရသိ ရသည်။

7day
Previous
Next Post »
Powered by Blogger.