![]() |
ဓာတ်ပုံ - အေအက်ဖ်ပီ |
“ကျနော်တို့ ဒီ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နယ်မြေဘက်မှာ တိုက်ပွဲဖြစ်တယ်။ ဒီဆွမ်ပရာဘွမ်ရဲ့ အရှေ့ဘက်မှာကျတဲ့ မလိယန်ဆိုတဲ့ နေရာမှာ တိုက်ပွဲဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ဒီတပ်ရင်း ၇ နားမှာ။”
ဒီတိုက်ပွဲကြောင့် ကေအိုင်အေဘက်က ရှေ့တန်းကင်းစခန်းတချို့ ဆုတ်ခွာပေးခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၁ ရက်နေ့တုန်းကလည်း အဲဒီ မလိယန်ဒေသကို အစိုးရတပ်ဘက်က ဂျက်တိုက် လေယာဉ် ၂ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်ရှိခဲ့တယ်လို့လည်း အဲဒီဗိုလ်မှူးကြီးက ပြောပါတယ်။ ဒီတိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်သေဆုံးမှု မသိရသေးပါဘူး။
တိုက်ပွဲဖြစ်ရာတလျှောက်ရှိ ကျေးရွာတွေက ရွာသူရွာသားတွေလည်း မလိမ အရှေ့ဘက်က ဂျာရာရွာမှာ သွားရောက်ခိုလှုံနေကြတယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း ၂ နဲ့ ၉ ဒေသမှာလည်း ပြီးခဲ့တဲ့ ၁၁ ရက်နေ့တုန်းက အစိုးရတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့ပါသေးတယ်။
စစ်တပ်ပိုင်မြ၀တီသတင်းဌာနမှာတော့ ဇူလ ၁၀ ရက်က ကေအိုင်အေ အင်အား ၂၅ ယောက်လောက်နဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ကချင်ဘက်က ၂ ဦးသေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နော်နိုရင်း - DVB
Sign up here with your email
ConversionConversion EmoticonEmoticon