ဘိုင်ယန်မြူးနစ် ကစားသမားများနှင့် ပရိသတ် မိတ်ဆက် (ရုပ်သံ)


ဘိုင်ယန်မြူးနစ်အသင်းက လာမယ့် ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ် ဘောလုံးရာသီမှာ ပါဝင်ကစားမယ့် အသင်းမှာရှိတဲ့ ကစားသမားတွေကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

မြူးနစ်မှာရှိတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဘောလုံးကွင်းမှာလုပ်တဲ့ မိတ်ဆက်ပွဲကို ပရိသတ် ၇ သောင်းလောက် တက်ရောက် အားပေးခဲ့ပါတယ်။

ကစားသမားစာရင်းမှာတော့ မန်ယူကို ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်ကစားသမားနဲ့ အသင်းခေါင်းဆောင် ရှဝိန်းစတိုင်ဂါ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်သမားတွေဖြစ်တဲ့ ဂျော့စွာ ကင်မစ်ခ်ျနဲ့ ဘရာဇီးက ဒေါက်ကလပ်စ် ကော်စတာတို့ကို ပွဲထုတ်သွားပါတယ်။

အသက် ၂၄ နှစ်အရွယ် ဘရာဇီး ကွင်းလယ်ကစားသမား ကော်စတာကို ယူကရိန်းကလပ် ရှာတာဒွန်းတက်ခ်ကနေ ၅ နှစ်စာချုပ်နဲ့ ခေါ်ယူထားတာပါ။

ကင်မစ်ခ်ျကိုတော့ ဂျာမန်ကလပ် စတုဂတ်အသင်းကနေ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

နည်းပြ ပက် ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ဟာ ဂျာမန် ဘွန်ဒတ်စ်လီဂါ ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ရယူထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒတ်စ်လီဂါ ချန်ပီယံဆုကို ၂၅ ကြိမ် ရယူထားနိုင်တာ ဖြစ်ပါတယ်။

DVB
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.