ပင်သစ် Peugeot ထုတ်သော လေဖြင့် မောင်းနှင်မည့်ကား



လာမယ့် ၂၀၁၆ ခုနှစ်ဆိုရင် ကမ္ဘာ့ လမ်းမပေါ်တွေမှာ လေစွမ်းအင်သုံး ကားများကို မြင်တွေ့ရစေမှာ ဖြစ်ကြောင် ပြင်သစ် အခြေဆိုက် Peugeot Citroen ကား ထုတ်လုပ်ရေး ကုမ္မဏီက ကြေငြာခဲ့ ပါတယ်။ ပုံမှာ မြင်တွေ့ နေရတဲ့ ကားအမျိုးအစားကို ထုတ်လုပ်ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

ဟိုင်းဘရစ်ကား ဖြစ်ပြီး လောင်စာဆီ အင်ဂျင်နဲ့ ဘက်ထရီအင်ဂျင် မဟုတ်တော့ပဲ လောင်စာဆီစား အင်ဂျင်နဲ့ လေစား အင်ဂျင် ကို အသုံးပြုမှာ ဖြစ်ပါတယ်။ လောင်စာဆီ အင်ဂျင်ကို ထည့်တယ်ဆိုတာ စက်စ အနှိုးလောက်မှာ သွားနိုင်ဖို့လေက်သာ အပို ထပ်ထည့်ပေးခြင်း ဖြစ်ပါတယ်။ လေစွမ်းအင်သုံး အင်ဂျင်က အဓိက အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ကားအတွက် လိုအပ်တဲ့ မြင်းကောင်ရေအား ၅ ပုံပုံ ၄ ပုံကို လေစွမ်းအင် အင်ဂျင်ကနေ ထုတ်လုပ် ပေးမှာ ဖြစ်ပါတယ်။

ဒီတော့ သာမန် ဆီစားတွေထက် ဆီအသုံးစရိတ်က ၈၀ ရာခိုင်နှုန်း အထက်ထိ လျော့ကျ နိုင်စေမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ကားအတွက် လိုအပ်တဲ့ လေကို မောင်းရင်းနဲ့လည်း ဖြည့်သွားလို့ ရပါတယ်။ ဖြည့်လိုက်တဲ့ လေကို ဖိလိုက်ပြီး ပြန်ကန်ထွက်လာတဲ့ တွန်းကန်အားကို အခြေခံလို့ အင်ဂျင် လည်ပတ်စေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြင်သစ် Peugeot ဟာလည်း လေကား ထုတ်လုပ်နိုင်တဲ့ ကုမ္မဏီအနည်းငယ် တည်းက တစ်ခု ဖြစ်လာကြောင်း သိရ ပါတယ်။

 

အောင်ခမ်း (ရိုးရာလေး)
Ref: autoauthority 
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.