သင်ရော မဲစာရင်း သွားကြည့်ပြီးပြီလား


၂၀၁၅ခုနှစ် မေလအတွင်း ထုတ်ပြန်ခဲ့ သည့် လူဦးရေနှင့် အိမ်အကြောင်း အ ရာသန်း ခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအ တွင်း နေထိုင်သူ လူဦးရေ ခုနစ်သန်းသုံးသိန်း ကျော်ရှိပြီး အသက် ၁၈ နှစ်အထက်မှာ ငါးသန်းနှစ်သိန်းရှိကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရန်အ တွက် အသက် ၁၈ နှစ်ပြည့်ပြီး သည့်နိုင်ငံသား တိုင်း မဲစာရင်းတွင် အမည်ပါဝင်ဖို့လိုသည်။ ယခုဆိုလျှင် မဲဆန္ဒရှင်စာရင်းကို နောက်ဆုံးအ ကြိမ်အဖြစ် စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာကော် မရှင်ရုံး များတွင် ထုတ်ပြန် လိုက်ပြီဖြစ်ပြီး အဆိုပါမဲစာ ရင်းကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အ ထိ နှစ် ပတ်ကြာကပ်ထားမည်ဖြစ်ကာ အမည် စာရင်းမပါဝင်ပါက သွားရောက်လျှောက်ထား နိုင်သည်။

မဲပေးခွင့်မဆုံး ရှုံးစေရေးအတွက် မဲစာ ရင်းတွင် အမည်ပါဝင်မှုရှိမရှိ သွားရောက် စစ် ဆေးရန် သတင်းစာများ၊ ဂျာနယ်များ၊ ရေဒီ ယိုများ၊ ရုပ်မြင်သံကြားနှင့် အွန်လိုင်းမီဒီယာ များမှတစ်ဆင့် အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်နေသကဲ့သို့ မိုဘိုင်းဖုန်းများ မှတစ်ဆင့် မက်ဆေ့ခ်ျပေး ပို့ကာ အသိပညာပေးမှုများ လုပ်ဆောင်နေသည်။

အချို့ရပ်ကွက်များတွင် ညပိုင်းတွင် အသံချဲ့စက်ဖြင့်အော်ကာ နှိုးဆော်မှုများပြု လုပ်ပြီး အချို့ရပ်ကွက်တွင်မူ စနေနေ့ဆွမ်း ပတ်အတွက် အလှူခံထွက်ရင်းဖြင့် တစ်ပါ တည်း မဲစာရင်းကြည့်ရန် နှိုးဆော်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးခင် ဇော်ထွန်းက ''လူဦးရေစာရင်းနဲ့ မဲစာရင်းက မတူဘူး။ မဲပေးပိုင်ခွင့်ရှိတာက အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားဖြစ်သူမှ မဲပေးခွင့်ရရှိ မှာ။ ရန်ကုန်တိုင်းဒေ သကြီး မှာ မဲပေးနိုင်သူ အရေအတွက်က ၄၆ သိန်းကျော်ရှိတယ်။ ဒါပေမဲ့ ဒါမပြီးသေးပါဘူး။ အခုမဲစာရင်းမှာ အမည်မပါ လို့ ဖြည့်စွက်တာတွေ ရှိဦးမယ်။ အခုကြေညာတဲ့မဲစာရင်းမှာ ရက်ပေါင်း ၁၈၀ နဲ့ အထက် ပြောင်းရွှေ့နေထိုင် သူတွေစာရင်း မပါသေးဘူး''ဟု ပြောသည်။

မူလမဲဆန္ဒနယ်ပြင်ပသို့ ရက်ပေါင်း ၁၈၀ အထက်ရောက်ရှိနေသူများ မဲပေးနိုင်ရန်အ တွက် ပုံစံ (၃-က)ဖြင့်လျှောက်ထားရန် လို အပ်ပြီး ယင်းလျှောက်ထားသူအမည်စာရင်းမှာ ယခုတစ်ကြိမ်ထုတ်ပြန်သည့် မဲစာရင်းတွင် ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ပုံစံ (၃- က)ဖြင့် လျှောက်ထားသူများမှာ ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုထိလျှောက် ထားနိုင်ပြီး အောက်တိုဘာ ၁၀ ရက် နောက် ဆုံး ထားလျှောက်ထားရန် သက်ဆိုင်ရာရပ် ကွက်ကော်မရှင်အဖွဲ့ခွဲရုံး တွင် ပြည်ထောင်စု ရွေးကောက် ပွဲကော် မရှင်မှ ထုတ်ပြန်ကြေညာ ထားသည်။

ယခုတစ်ကြိမ်ကပ်ထားသည့် မဲစာရင်း သည် နောက်ဆုံးအကြိမ် ကပ် ထားခြင်းဖြစ် သော်လည်း မဲစာရင်းစတင်ကပ်သည့်နေ့တွင်လာ ရောက် ကြည့်ရှုမှုနှုန်းမှာ နည်းပါးနေသေး ကြောင်း ရပ်/ကျေးကော်မရှင်ရုံးများမှသိရ သည်။

ရန်ကင်းမြို့နယ် အမှတ် (၃)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံး အတွင်းရေး မှူး ဦးအောင်မျိုးဦးက ''ဒီနေ့က စကပ်ကပ်ချင်းနေ့ ဆိုတော့ လာကြည့်တဲ့သူ နည်းသေးတယ်။ မနက် ၉ နာရီကတည်းက ၁၂ နာရီလောက် အထိ လာကြည့်တဲ့သူ ၁၆ ဦးလောက် ပဲရှိသေး တယ်။ ဒါပေမဲ့ တချို့က မိသားစုအတွက် တစ်ဦးတည်းကလာကြည့်ပြီး စစ်တာဆိုတော့ အရမ်းနည်း တယ် လို့တော့ ပြော လို့မရ ဘူး။ ဒီနေ့က ရုံးဖွင့်ရက်လဲ ဖြစ်နေ တယ်။ ရုံးပိတ် ရက်ကျရင်တော့ လူကြည့်တဲ့သူက ဒီထက် များလာ နိုင်တယ်'' ဟု ပြောသည်။

ထိုသို့ အပြီး သတ်မဲစာရင်းကို လာကြည့် ရှုသူများမှာ မိမိအမည်ပါမပါနှင့် ၎င်းတို့၏ မိသားစုဝင်များပါမပါကို စိတ်ပါဝင်စားစွာ လာ ရောက်ကြည့် ရှုသည်ကို တွေ့ရပြီး အချို့ပြည် သူများဆိုလျှင် ဈေးမှအပြန် လာရောက် ကြည့် ရှု သည်ကိုတွေ့ရကာ အိမ်တွင် ထမင်းဟင်းချက် ချိန်ကိုဖဲ့၍ မိသားစုများ မဲပေးခွင့်မဆုံးရှုံးစေ ရေး နာမည်၊ အချက်အလက်များမှန် မမှန်ကို သေချာစွာ ရှာဖွေကြည့် ရှုနေပုံမှာလည်း နိုင်ငံ သားတစ်ယောက်၏ တာဝန်၊ အပြောင်းအလဲ တစ်ခုအတွက် တစ်တပ်တစ်အားပါဝင်မှု အ ခန်းကဏ္ဍကို ထင်ဟပ်စေသည်ကိုလည်း တွေ့ ရသည်။

ရန်ကင်းမြို့နယ် အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူ ဦးသာဒင်က ''ကျွန်တော်တို့ ရပ် ကွက်ရုံးက နေရာကျဉ်းတော့ ပြင်ဆင်နေ တုန်း ပဲရှိသေးတယ်။ လာကြည့်တာတော့ရှိတယ်။ တဖွဲဖွဲလာနေ တာပဲ''ဟု ပြောသည်။

ယခုအကြိမ်ကပ် ထားမည့်မဲ စာရင်းတွင် အမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လျှောက် ထား နိုင်ပြီး အချက်အလက်မှားယွင်းပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်နိုင်ကာ မပါဝင်သင့်သူများ (ဥပမာ - သေဆုံးသူများ၊ ထောင်ကျနေသူများ) ပါဝင်ပါက ပုံစံ(၄)ဖြင့် ၁၄ ရက်အတွင်း ကန့် ကွက်လျှောက်ထားနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် လပိုင်းအတွင်းက ထုတ်ပြန်ခဲ့ သည့် အခြေခံမဲဆန္ဒရှင်စာရင်းကို လာရောက် ကြည့်ရှုမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းသာရှိပြီး အ မည်စာရင်းမ ပါဝင်ခြင်း၊ အချက်အလက်မှား ယွင်းခြင်းတို့အတွက် ပြင် ဆင်ရန် လျှောက် ထားမှုနှုန်းမှာ နည်းပါးခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ် အမှတ်(၃)ရပ်ကွက် တွင် နေထိုင်သူ ဦးမြတ်စိုးက ''အရင်တစ်ခေါက် လုပ်တဲ့ မဲစာရင်းမှာ ကိုယ့်အိမ်ထောင်စုမှာ နာမည်ပိုနေလို့ ဖျက်ပေးပါဆိုပြီးတော့ လာ လျှောက်တယ်။ ပုံစံ(၆၆/၆)ထဲမှာမပါဘူး။ ဒါကြောင့် ပုံစံ (၃-က) နဲ့ လာလျှောက် တယ်။ ပြန်ပါလာတာကို ဘယ်လိုလုပ်မလဲ။ ဒါကို လာမေးတာ။ ကျန်တာတော့ နာမည်မှာတော့ နည်းနည်းမှားတာရှိတယ်။ အဲဒါလဲ လာပြင် တာ''ဟု ပြောသည်။

ယခုတစ်ကြိမ်ထုတ်ပြန်သည့် မဲစာရင်း တွင် ပြီးခဲ့သည့်အကြိမ်များက အမည်စာရင်း မပါဝင်သဖြင့် ပြန်လည်လျှောက်ထားသူများ၊ အချက်အလက်မှားယွင်းသဖြင့် လျှောက်ထား သူများ၏ ပြင်ဆင်မှုများပြန်လည်ပါဝင်လာ မည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက် ပွဲ ကော်မရှင်မှ ပြောကြားထားသည်။

ဗဟန်းမြို့နယ် ဆရာစံ(တောင်)ရပ်ကွက် တွင်နေထိုင်သူ ဦးမောင်မောင်သွင်က ''ပြီးခဲ့ တဲ့ မဲစာရင်းမှာတုန်းက နာမည်မပါလို့ ပုံစံ(၃) နဲ့ လျှောက်ထားတယ်။ မိသားစုလေးယောက် မှာ သုံးယောက်နာမည်ပဲ ရှာတွေ့သေးတယ်။ ကျန်တဲ့တစ်ယောက်နာမည် ကို ရှာမတွေ့သေး ဘူး။ အခုတစ်ကြိမ်ကပ်တဲ့ မဲစာရင်းမှာလဲ အမှားအယွင်းတွေက ရှိနေတုန်းပဲ။ ပြီးတော့ အက္ခရာစဉ်အတိုင်းလဲ ကပ်တာမဟုတ်ဘူး။ လမ်းနာမည်၊ တိုက်ခန်းနာမည် အတူတူပဲကို ရှာမတွေ့ဘူး။ ရှာရတာ မူးနောက်နေတာပဲ။ ဒီထက် အဆင်ပြေအောင် လုပ်ပေးသင့်တယ်'' ဟု ပြောသည်။

ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ် ကွက်တွင် အပြီးသတ်မဲစာရင်းအရ မဲပေးခွင့်ရှိသူ ၂၅၇၀ ကျော်ရှိပြီး စက်တင်ဘာ ၁၄ ရက်တွင် မဲစာ ရင်းလာရောက်ကြည့်ရှုသူမှာ ၁၀၀ နီးပါးခန့် သာရှိကာ လာရောက်ကြည့်ရှုသူမှာ နည်းပါး လျက်ရှိသော်လည်း လာရောက် ကြည့် ရှုသူ တစ်ဦးချင်းမှာ မိမိတို့၏မဲပေးခွင့် မဆုံးရှုံးစေ ရေး သေချာစွာကြည့်ရှုနေကြကာ လူငယ်များ ပါ စိတ်ပါဝင် စားစွာကြည့် ကြ ပြီး အမည်မှား ခြင်း၊ အချက်အလက်မှားခြင်းများကို သက် ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်း ပြန် လည် ပြင်ဆင်နိုင် ရန် ပြောဆိုနေမှုများကိုလည်း တွေ့ရသည်။

ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ''အခြေခံမဲဆန္ဒရှင်စာရင်းပုံစံ(၆၆/၆) ကို ကောက်ယူတုန်းက ၂၀ ရာခိုင်နှုန်း ပြင်ဆင်ခဲ့ရ ပါတယ်။ အခုအပြီးသတ်မဲစာရင်းမှာတော့ နာမည်စာရင်းမပါလို့ လာပြောတဲ့သူတော့ အခုချိန်ထိမရှိသေးပါဘူး။ အက္ခရာစဉ်မှား တာပဲရှိပါတယ်''ဟု ပြောသည်။

ဗိုလ်စိန်မှန်ရပ်ကွက်မှ ဦးခင်မောင်မြင့်က ''မဲစာရင်းမှာ ဦးနာမည်ပါပါတယ်။ အပြီးသတ် မဲစာရင်းမှာ နာမည်မပါတာတွေ သိပ်မရှိဘူး လို့ သိရပါတယ်။ မဲပေးခွင့်ရတဲ့ပြည်သူတစ်ဦး အနေနဲ့ ကိုယ့်မြို့နယ်၊ ကိုယ့်တိုင်းပြည်ကို အမှန်တကယ် တိုးတက်အောင်လုပ်ဆောင် ပေးနိုင်မယ့်သူကို ရွေးချယ်သွားမှာပါ''ဟု ပြောသည်။

တာမွေမြို့နယ် တာမွေကြီး (က+ဂ)ရပ် ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်တင့်က ''အခြေခံမဲဆန္ဒရှင်စာရင်းပုံ စံ (၆၆/၆) ကိုကောက်ယူတုန်းက ၄၀ ရာခိုင်နှုန်း ပြင်ဆင်ခဲ့ရပါတယ်။ အခု အပြီးသတ်မဲစာရင်း ကပ်တော့ နာမည်လေးတွေ ကွဲတယ်။ မွေး သက္ကရာဇ်ကွဲလွဲတာလေးတွေ ပြန်ပြင်ဆင်ရ တာ အယောက် ၂၀ လောက်ပဲရှိပါတယ်။ နာမည်အကုန်လုံး မှားတာတော့ မရှိပါ ဘူး။ အခုချိန်နာမည်လုံးဝမပါတာတို့တော့ လုံးဝမရှိ ပါဘူး။ သေစာရင်းတွေ ကိုတော့ အိမ်ထောင် ဦးစီးတွေဆီ အကြောင်းကြားထားပါ တယ်။ ထောင်ကျတဲ့သူနာမည်စာရင်းတွေပါလို့ ကန့် ကွက်တဲ့သူလဲ မရှိသေးပါဘူး။ သန်းခေါင်စာ ရင်းထဲမှာပါပြီး မဲစာရင်းထဲမှာ နာမည်မပါခဲ့ ရင်လဲ ထည့်ပေးပါမယ်။ မိသားစုတွေက ကျန်တာလဲ မရှိသေးပါဘူး။ စက်တင်ဘာ ၁၄ ရက်က ၁၇ ရက်အတွင်းကို ပြင်ဆင် တာ တွေကို ပြု လုပ်ပေးပါ တယ်''ဟုပြောသည်။

တာမွေမြို့နယ် တာမွေကြီး(က+ဂ)ရပ် ကွက်တွင် အပြီးသတ်မဲစာရင်းအရ မဲပေးခွင့်ရှိ သူ ၆၅၇၄ ဦးရှိပြီး စက်တင်ဘာ ၁၄ ရက်တွင် မဲစာရင်း လာရောက်ကြည့်ရှုသူမှာ ၂၀၀ ကျော် ခန့်ရှိကြောင်း သိရသည်။

တာမွေမြို့နယ် တာမွေကြီး(က+ဂ)ရပ် ကွက်မှ ဒေါ်သီတာဝင်းက ''ပြည်သူတစ် ယောက်အနေနဲ့ မဲစာရင်းမှာ မိမိနာမည်ပါဖို့က အဓိကကျပါ တယ်။ အဲဒါကြောင့် အပြီးသတ် မဲစာရင်းကြေညာတဲ့ ပထမဆုံးနေ့မှာ လာ ရောက်ကြည့်ရှုတာပါ။ အစ်မတို့ မိသားစုက မဲ ပေးခွင့်ရှိတဲ့သူအကုန်လုံး မဲစာရင်းမှာ ပါပါ တယ်။ အချို့ အိမ်နားကလူတွေဆို နာမည်မှား နေ တာတွေရှိတယ်လို့ သိရပါတယ်။ ပြည်သူ တစ်ယောက်အနေ နဲ့ ပြည်သူတွေ ရဲ့ အကျိုး စီးပွား၊ ပြည်သူတွေရဲ့အနာဂတ်၊ တိုင်းပြည်ကို ဆင်းရဲတွင်းကနေ လွတ်အောင် လုပ်နိုင်မယ့် သူကို ရွေးချယ်သွားမှာပါ''ဟုပြောသည်။

ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းက ''ကျောက်တံ တားမြို့ နယ် ရွေးကောက် ပွဲကော် မရှင်က စီစဉ်ညွှန်ကြားတယ်။ ၁၄ရက်နေ့ မတိုင်ခင်ကတည်းက အကုန်ပြင်ဆင်ပြီးတော့ ကြော်ငြာဆိုင်းဘုတ်တွေနဲ့ အကုန်ကပ်တယ်။ မဲစာရင်းတွေ ထုတ်ပေးတယ်။ လိုက်ကြည့် တယ်။ လိုအပ်ချက်တွေကို လိုက်ပြောပြတယ်။ အခုကြေညာတဲ့ စာရင်းက ကျောက်တံတား မြို့နယ်မှာ ၉ ရပ်ကွက်ရှိတယ်။ အဲဒီ ၉ ရပ် ကွက်မှာ မဲစာရင်းကြေညာတဲ့လူဦးရေ ၂၀၂၅၀ ရှိ တယ်။ မဲစာရင်းတွေမကြေညာခင်မှာ ရပ် ကျေးက အုပ်ချုပ်ရေး မှူးတွေ ကော်မရှင်ဥက္ကဋ္ဌ တွေကိုခေါ်ပြီးတော့ ယခင်က ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့နဲ့ ပြန်လျှောက်ထားတဲ့စာရင်းတွေ ကို မဲစာရင်းမထွက်ခင် မှာ ပြန်စိစစ်တယ်။

 ပြီးတော့မှ မဲစာရင်းကပ်ဖို့စီစဉ်ခဲ့ တယ်။ အခု လက်ရှိမှာ အဓိကက ပုံစံ(၃)မဲစာရင်းအမည် မပါရင် ဒီ ၁၄ရက်အတွင်း ထပ်သွင်းလို့ ရသေး တယ်။ မဲစာရင်းတွေ ကျန်ခဲ့တာတွေမ ရှိအောင် တော့ သေချာ လုပ်ထားတယ်။ ဗွီနိုင်းတွေကပ် ပေးထားတယ်။ လာပြီးတော့ ပြင် ဆင်ပေး ဖို့ကို လေ။ တကယ်လို့ ကိုယ့်နာမည်မပါရင် မဲပေး ပိုင်ခွင့်ဆုံးရှုံးမယ် ဆိုတာလေးတွေကိုပါ ဗွီနိုင်း တွေမှာ ထည့်သွင်းဖော်ပြ ထားတယ်။ အခုက ရက်ပေါင်း ၁၈၀ အတွင်းနေထိုင်တဲ့သူတွေ စာရင်းကို ထုတ်ပြန်တာမ ဟုတ်ပါဘူး။ သန်း ခေါင်စာရင်းနဲ့နေတဲ့သူတွေစာရင်းကို ကြေ ညာထားတာဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ် အတွင်းမှာ ဇူလိုင် ၃ဝရက်အထိ ပုံစံသုံးမျိုးကို လက်ခံခြင်းအခြေ အနေများအရ အခြေခံမဲစာရင်း ထုတ်ပြန်ခဲ့ရာ တွင် မဲပေးခွင့်ရှိသူ ၁၉၆၇၁ဦး၊ ထုတ်ပြန်ခဲ့ပြီး အဆိုပါစာရင်းတွင်မပါဝင်၍ ပုံစံ(၃)ဖြင့် လာ ရောက်လျှောက် ထားသူ ၆၄၃ ဦး၊ ပုံစံ(၄)ဖြင့် လျှောက် ထားသူ ၂၆၅ ဦး၊ ပုံစံ (၄-ဂ)ဖြင့် လျှောက်ထားသူ ၁၀၂၃ဦးရှိခဲ့သည်။

ကျောက်တံတားမြို့နယ် လမ်း(၄၀)တွင် နေထိုင်သူ ပြည်သူတစ်ဦးက ''ကျွန်တော်မဲစာ ရင်းသွားကြည့်တော့ နာမည်မပါဘူး။ အဲဒါနဲ့ အဲဒီက တာဝန်ကျလူကြီးတွေကို မေးကြည့် လိုက်တော့ သန်းခေါင်စာရင်းနဲ့ နေထိုင်တဲ့သူ တွေကို စာရင်းကိုကြေညာတာ တဲ့။ ကျွန်တော် က ရက်ပေါင်း ၁၈၀ အတွင်း နေထိုင်သူဖြစ် ကြောင်း ပုံစံ (၃-က)လျှောက်ရမယ်လို့ ပြော တယ်'' ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက် များ ကြေညာထားသည် များနှင့် အညီ လျှောက် ထားနိုင်ခွင့်ရှိသူများအတွက် လိုအပ်သည့် စာရွက်တွေ ဖြန့်ဝေပေး ထားပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင် ရွက်နေကာ ပါတီများအနေဖြင့်လည် လှုပ် ရှားမှုတွေ ရှိနေကြောင်း ဒေါပုံမြို့နယ်မှာ ပါတီ ကိုးခုပြိုင်မှာဖြစ် ပါကြောင်း ၊ ဒေါပုံမြို့နယ် အ ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ မဲစာရင်းထုတ် ပြန် ထားသည့်အခြေအနေများနှင့် ပတ်သက် ၍ သိရသည်။

ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထက် က ''ရပ်ကျေးကော်မရှင်ရုံးတွေကို ၁၄ရက် အတွင်းကပ်ထားဖို့ ညွှန်ကြားထားတယ်။ ပုံ မှန်အစည်းအဝေးမှာ ရပ်ကွက်အုပ်ချုပ်ရေး မှူးတွေကို စနစ်တကျလုပ်ဖို့ အားနည်းချက် တွေ ကို သေချာကြပ်မတ်ပေးဖို့တွေကို ပြော ထားတယ်။ မဲစာရင်းကြည့်သူတွေ ကို သေချာ နား လည်အောင် ပြောပြပေး ဖို့ ပြောထားပါ တယ်။ ပုံစံ(၃)၊ (၄)၊ (၄-ဂ)စတဲ့ လျှောက်ထား ရမယ့်ပုံစံ စာရွက်တွေကို အလုံအလောက်ဖြန့် ပေး ထား တယ်။ ရွေးကောက် ပွဲကော်မရှင်ညွှန် ကြားချက်တွေနဲ့ ဒေသကော် မရှင်တွေနဲ့ပေါင်း စပ်ပြီး စနစ်တကျမဲ စာရင်းကို စနစ်တကျကြည့် နိုင်အောင် ပုံစံတွေလျှောက်နိုင်အောင် စီစဉ် ထားပါတယ်။ မဲစာရင်းထုတ်တော့ သန်းခေါင် စာရင်းနဲ့ ထုတ်တဲ့သူတွေအတွက်ပါပဲ။ ဧည့် စာရင်းနဲ့နေသူတွေ မပါဘူး'' ဟု ပြောသည်။

ဒေါပုံမြို့နယ်တွင် ယခုတစ်ကြိမ် ထုတ် ပြန်မှုသည် ဒုတိယတစ်ကြိမ် ထုတ်ပြန် ထား ခြင်းဖြစ်ပြီး ပထမ အကြိမ် မဲစာရင်းကြေညာ ချိန်က မဲစာရင်းစိတ် ဝင်စားတဲ့သူနည်းပြီး ပြင် ဆင်ရန် လာရောက်လျှောက်ထား သူလည်း နည်းပါးကြောင်း နောက် ဆုံးပြင် ဆင်ထား သည့်မဲစာရင်းမှာ လူဦးရေ ၁၃၃၁၆၄ ဦးဖြစ် ကြောင်းလည်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မဲရုံပေါင်း ၅၇၀၀ ခန့်ထား ရှိသွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူအရေအ တွက်ပေါ်မူတည်ပြီး အရေအတွက် အနည်း အများ ပြောင်းလဲနိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး တွင် လွှတ်တော် သုံးရပ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည် စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ် စားလှယ်ပေါင်း ၇၉၉ ဦးရှိကြောင်း သိရ သည်။

နိုင်ငံရေးသတင်းအဖွဲ့ (ဒီမိုကရေစီတူဒေး)
Previous
Next Post »
Powered by Blogger.