စီးပွားရေးနဲ့ပညာရေးအတွက် Design Thinking Workshop အခမဲ့တက်နိုင်



စီးပွားရေးနဲ့ပညာရေးကဏ္ဍအတွက် အမြင်ကောင်းတွေ စုပေါင်းရှာဖွေ အကြံဉာဏ်ဖလှယ်နိုင်မယ့် Design Thinking Workshop ကိုအခမဲ့ တက်ရောက်နိုင်တယ်လို့ Kerl Pacific မှသိရပါတယ်။

Kerl Pacific နဲ့ပူးပေါင်းလုပ်ဆောင်မယ့် ပစိဖိတ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ‘ဒီပွဲက စင်ကာပူမှာ အရမ်းခေတ်စားတယ်၊ တစ်ယောက်ချင်းက လုပ်တဲ့ပွဲမဟုတ်ဘူး။ အဖွဲ့အစည်းချင်း ပူးပေါင်းပြီး လုပ် လေ့ရှိတယ်။ ပွဲတက်ခက တစ်ယောက်ကိုစင်ကာပူဒေါ်လာ ၂၅,၀၀၀ လောက်ရှိတယ်၊ ဒါကိုပစိဖိတ် အနေနဲ့ စင်ကာပူပိုလီတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ပြည်တွင်းမှာပထမဆုံး အခမဲ့ပွဲလုပ်ပေးတာပါ’ လို့ပြော ပါတယ်။

‘စင်ကာပူက စီးပွားရေးဆိုင်ရာ သင်တန်းနည်းပြတွေရဲ့ အစီအစဉ်ပါမယ်၊ စီးပွားရေးနဲ့ပတ်သက်ပြီး brain stroming လုပ်တဲ့အစီအစဉ်ပါမယ်၊ ဒီပွဲမှာရှိတဲ့ စင်ကာပူကျောင်းသားတွေ၊ ပညာရှင်တွေကလဲ သူတို့အတွေ့အကြုံပြောမယ်၊ ဒီဘက်နဲ့ share လုပ်မှာပေါ့’ လို့ ပစိဖိတ်ကုမ္ပဏီတာဝန်ရှိသူက ရှင်းပြပါ တယ်။

တက်ရောက်လိုသူတွေအနေနဲ့ kerldesignthinking@gmail.com"> kerldesignthinking@gmail.com ကိုကိုယ်ရေးအချက်အလက်ပေးပို့ လျှောက်ထားနိုင်ပါတယ်။ MICT Park မှာဧပြီ ၂၊ ၃၊ ၄ ရက်ကျင်းပမှာဖြစ်ပြီး မပျက်မကွက် တက်ရောက်သူတွေကို ပိုလီနဲ့ပတ်သက်တဲ့ အသိအမှတ်ပြု လက်မှတ်ပေးသွားမှာပါ။

စင်ကာပူနိုင်ငံ စီးပွားရေးကျောင်းတွေမှ ဆရာတွေ၊ ကျောင်းသားတွေ၊ ပိုလီကျောင်းသားတွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေမှ တာဝန်ရှိသူတွေလည်း ပါဝင်ကြမယ်လို့ သိရပါတယ်။



ရဲလင်းလင်းသန်း | ကုမုဒြာသတင်းဂျာနယ်
Previous
Next Post »
Powered by Blogger.