မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် အပေါ် သိပ်ပြီး အကောင်းမြင် သဘောနဲ့ချည်း မကြည့်ဖို့ သတိပေး

မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် က မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း တိုးတက်မှု မရှိခဲ့ ဘူးဆိုပြီး ပြောခဲ့ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ၊
ဒေါ်အောင်ဆန်းစုကြည် က အဲဒီလို ပြောခဲ့သလို စစ်အုပ်ချူပ်ရေး ကနေ အရပ်သား အုပ်ချူပ်မှုဘက် ကို ကူးပြောင်း ဖို့ ကြိုးစား နေတယ်လို့ ဆိုတဲ့ မြန်မာ့ နိုင်ငံရေး အသွင်းပြောင်း ဖြစ်စဉ် အပေါ် သိပ်ပြီး အကောင်းမြင် သဘောနဲ့ချည်း ကြည့်မနေ ကြဖို့လည်း နိုင်ငံတကာက ခေါင်းဆောင်တွေကို ဒေါ်အောင် ဆန်းစုကြည် က သတိပေးခဲ့ ပါသေးတယ်။

လာမယ့် သီတင်းပတ် အတွင်း မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိတဲ့ အမေရိကန် သမ္မတ အိုဘားမား ရဲ့ ခရီးစဉ်မတိုင်မီ၊ ဒေါ်အောင်ဆန်းစုကြည် ဆီက အခုလို သတိပေး စကား ထွက်ပေါ် လာခဲ့တာပါ။

ဒီ အချိန်မှာပဲ၊ အမေရိကန်ရဲ့ လွှတ်တော်အမတ် ၂၀ ကျော်က စုပေါင်းပြီး သမ္မတ အိုဘားမားကို စာရေး သား ပေးပို့ခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာနိုင်ငံ သမ္မတ အဖြစ် ဝင်ရောက် ရွေးချယ်ခံခွင့် ရှိဖို့ မြန်မာ အစိုးရကို ဖိအားပေးမှု တွေ ပြုလုပ်ဖို့ တောင်းဆို လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရခဲ့ရင် လာမယ့် ၂၀၁၅ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတတယ် လို့ ဆိုနိုင်မှာ မဟုတ်ဘူး လို့လည်း အဲဒီ့စာထဲ မှာ ရေးသား ထားပါတယ်။

စာကို စုပေါင်း လက်မှတ်ထိုးထား ကြသူတွေ ထဲမှာ အမေရိကန် ရဲ့ ဒီမိုခရက်နဲ့ ရပတ်ဘလေကဲန် ပါတီကြီး ၂ ခုစလုံး က သူတွေ ပါဝင်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.