Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
သရုပ်ဆောင် ပိုးအိအိခန့်ကတော့ သူမရဲ့ သားလေး ကိုကိုး ကို တစ်နေ့တစ်မျိုး မရိုးရအောင် ဆင်ပေး ဓါတ်ပုံတွေ ရိုက်ပေးနဲ့ အလုပ်ရှုပ်နေရှာပါတယ်နော်။
သားလေးကိုကိုး ကလည်း အမေဆင်တဲ့အတိုင်းကို အိုက်တင်အပြည့်နေတတ်လွန်းသူလေးပါပဲ။ မနေ့ကပုံတွေမှာတော့ အဖေဖြစ်သူ မြန်မာ့လက်ရွေးစင်အောင်သူရဲ့ စတိုင်အတိုင်း ဘောလုံးမင်းသားလေး ဖြစ်ခဲ့ပြီး ဒီနေ့မှာတော့ မေမေ ပိုးအိအိခန့်ခြေရာကို နင်းမယ့် သရုပ်ဆောင်ကောင်းကောင်းနဲ့ မင်းသားစတိုင်လေး တွေ့မြင်ကြရပြန်တာဖြစ်ပါတယ်။
ကိုကိုးလေးဟာ အသက် ၄လပြည့်ခဲ့ပြီးပြီဖြစ်ပြီး သူ့ရဲ့နာမည်ကိုတော့ သွင်ဦးဟန်ဆိုပြီး ပေးထားတာ ဖြစ်ပါတယ်။ ကိုကိုးလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို မေမေပိုးအိအိခန့်က မကြာခဏ တင်ပေးလေ့ရှိပြီး ပရိသတ်တွေကလည်း ကိုကိုးလေးကို အချစ်ပိုနေကြတာ တွေ့ရပါတယ်။
ကဲ ဒီနေ့မှာရော မေမေပိုးအိအိခန့်တစ်ယောက် သားသားကို ဘယ်လိုတွေ ဆင်ထားလဲ၊ ဘယ်လိုစတိုင်တွေ အိုက်တင်တွေထုတ်ခိုင်းထားလဲဆိုတာ ပုံလေးတွေမှာ ကြည့်ကြည့်လိုက်ကြပါဦးနော်။
Credit: Theesay Chin
Sign up here with your email
ConversionConversion EmoticonEmoticon