သြားပိုးေပါက္ေတြ ပိုဆိုးမလာေအာင္ တားႏုိင္မယ့္ သဘာဝနည္းလမ္း (၆)မ်ိဳး


Zawgyiျဖင့္ဖတ္ရန္

သြားပိုးေပါက္ေတြကတဆင့္ သြားႏႈတ္ရတဲ့အထိ မျဖစ္ေအာင္၊ သြားမွာကပ္ညႇိေနတဲ့ ဂ်ိဳးေတြ၊ ညစ္ေထးေနတာေတြ၊ ပ်က္စီးေနတာေတြ လံုးဝေပ်ာက္ကင္းၿပီး အေကာင္းအတိုင္းျပန္ျဖစ္ခ်င္ရင္ ဒါေလးေတြ လိုက္နာလိုက္ပါ။

(၁) အစားအေသာက္ပံုစံေျပာင္းပါ

သြားပိုးေပါက္ကိုျဖစ္ေစတဲ့ သၾကားမ်ားတဲ့ အစားအစာေတြနဲ႕သြားဂ်ိဳးျဖစ္ေစတဲ့ အစားအစာေတြကို တတ္နိုင္သေလာက္ေရွာင္ျပီး ကယ္လ္စီယမ္ၾကြယ္ဝတဲ့ ႏို႕နဲ႕ႏို႕ထြက္္ပစၥည္း၊ ငါးတို႕ကို မ်ားမ်ားစားေပးျပီး အခ်ိဳရည္ေတြအစား အသီးေဖ်ာ္ရည္နဲ႕ ေရကိုပဲ မ်ားမ်ားေသာက္ေပးပါ။

(၂) သၾကားမပါတဲ့ ပီေကဝါးပါ

သၾကားမပါဝင္တဲ့ ပီေကဝါးျခင္းျဖင့္ သြားၾကားမွာ ကပ္ညွိေနတဲ့အခ်ိဳနဲ႕အစာအၾကြင္းအက်န္ေတြကို ဖယ္ရွားေပးနိုင္ျပီး တံေတြးမ်ားမ်ားထြက္ေစတာေၾကာင့္ သြားပ်က္စီးမႈေလ်ာ့နည္းေစပါတယ္။

(၃) သြားပြတ္တံကိုေသခ်ာေဆးပါ၊ ပံုမွန္လဲလွယ္ေပးပါ

သြားမတိုက္ခင္နဲ႕ သြားတိုက္ျပီးတဲ့အခါ သြားပြတ္တံကိုေသခ်ာေဆးေပးပါ။ ေျခာက္ေသြ႕တဲ့ေနရာမွာထားပါ။ ကာဗာစြပ္ထားတာမ်ိဳး မလုပ္ပါနဲ႕။သြားပြတ္တံရဲ႕ အေမြးေလးေတြကၾကာလာရင္ ပ်က္စီးလာျပီး အံသြားေတြအထိ မသန္႕စင္နိုင္ေတာ့တာေၾကာင့္ အနည္းဆံုး ၄ လ တစ္ခါေလာက္ ပံုမွန္လဲေပးပါ။

(၄) အေျခခံသြားက်န္းမာေရးအခ်က္ေတြလိုက္နာပါ

အစားစားျပီး ခ်က္ခ်င္းသြားမတိုက္သင့္ပါဘူး၊ အနည္းဆံုး နာရီဝက္ေလာက္ၾကာမွ သြားတိုက္ေပးပါ။
မနက္တစ္ၾကိမ္၊ ညတစ္ၾကိမ္ ပံုမွန္သြားတိုက္ေပးဖို႕လိုပါတယ္္။ သြားတစ္ခါတိုက္ရင္ ၂မိနစ္ေလာက္ ၾကာၾကာတိုက္ေပးပါ။အစားစားျပီးတိုင္း ပလုတ္က်င္းျပီး သြားပြတ္ၾကိဳးသံုးျပီး သန္႕ရွင္းေရးလုပ္ေပးပါ။
လွ်ာကိုလည္း မေမ့မေလ်ာ့သန္႕ရွင္းေရးလုပ္ေပးပါ။

(၅) လိုအပ္တဲ့သြားသန္႔ရွင္းေရးလုပ္ဖို႔ သြားေဆးခန္းပံုမွန္သြားပါ

အေပၚက အခ်က္ေတြကို လိုက္နာတာက သြားသန္႕ရွင္းဖို႕အတြက္ လံုေလာက္ျပီလို႕ေျပာလို႕ရေပမယ့္ သြားပိုးေပါက္ရွိတဲ့သူေတြကေတာ့ သြားေဆးခန္းကို ပံုမွန္ျပျပီး လိုအပ္တဲ့ သန္႕ရွင္းေရးလုပ္ေပးဖို႕လိုပါတယ္။ ၾကံ့ခိုင္တဲ့ သြားေလးေတြကို အခ်ိန္ၾကာၾကာပိုင္ဆိုင္ထားခ်င္ရင္ ေဆးခန္းသြားဖို႕ လံုးဝမပ်င္းပါနဲ႕။

(၆) အုန္းဆီသံုးပါ

သြားတိုက္ျပီးခ်ိန္မွာ အုန္းဆီဇြန္းအေသးနဲ႕ တစ္ဇြန္းကို ပါးစပ္ထဲမွာငံုျပီး ပလုတ္က်င္းသလိုမ်ိဳး ၁၅ မိနစ္ေလာက္ လုပ္ေပးျပီး ျပန္ေထြးထုတ္လိုက္ကာ ေရနဲ႕ပလုတ္က်င္းလိုက္ပါ။ အုန္းဆီက သြားပိုးေပါက္ေတြ ထပ္ျပီးတိုက္စားမခံရေအာင္ ကာကြယ္ေပးတာေၾကာင့္ သြားကို ပိုဆိုးမသြားေအာင္ ကာကြယ္ေပးနိုင္ပါတယ္။

MAY THAZINHTOO

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

သွားပိုးပေါက်တွေ ပိုဆိုးမလာအောင် တားနိုင်မယ့် သဘာဝနည်းလမ်း (၆)မျိုး

သွားပိုးပေါက်တွေကတဆင့် သွားနှုတ်ရတဲ့အထိ မဖြစ်အောင်၊ သွားမှာကပ်ညှိနေတဲ့ ဂျိုးတွေ၊ ညစ်ထေးနေတာတွေ၊ ပျက်စီးနေတာတွေ လုံးဝပျောက်ကင်းပြီး အကောင်းအတိုင်းပြန်ဖြစ်ချင်ရင် ဒါလေးတွေ လိုက်နာလိုက်ပါ။

(၁) အစားအသောက်ပုံစံပြောင်းပါ

သွားပိုးပေါက်ကိုဖြစ်စေတဲ့ သကြားများတဲ့ အစားအစာတွေနဲ့သွားဂျိုးဖြစ်စေတဲ့ အစားအစာတွေကို တတ်နိုင်သလောက်ရှောင်ပြီး ကယ်လ်စီယမ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်း၊ ငါးတို့ကို များများစားပေးပြီး အချိုရည်တွေအစား အသီးဖျော်ရည်နဲ့ ရေကိုပဲ များများသောက်ပေးပါ။

(၂) သကြားမပါတဲ့ ပီကေဝါးပါ

သကြားမပါဝင်တဲ့ ပီကေဝါးခြင်းဖြင့် သွားကြားမှာ ကပ်ညှိနေတဲ့အချိုနဲ့အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပြီး တံတွေးများများထွက်စေတာကြောင့် သွားပျက်စီးမှုလျော့နည်းစေပါတယ်။

(၃) သွားပွတ်တံကိုသေချာဆေးပါ၊ ပုံမှန်လဲလှယ်ပေးပါ

သွားမတိုက်ခင်နဲ့ သွားတိုက်ပြီးတဲ့အခါ သွားပွတ်တံကိုသေချာဆေးပေးပါ။ ခြောက်သွေ့တဲ့နေရာမှာထားပါ။ ကာဗာစွပ်ထားတာမျိုး မလုပ်ပါနဲ့။သွားပွတ်တံရဲ့ အမွေးလေးတွေကကြာလာရင် ပျက်စီးလာပြီး အံသွားတွေအထိ မသန့်စင်နိုင်တော့တာကြောင့် အနည်းဆုံး ၄ လ တစ်ခါလောက် ပုံမှန်လဲပေးပါ။

(၄) အခြေခံသွားကျန်းမာရေးအချက်တွေလိုက်နာပါ

အစားစားပြီး ချက်ချင်းသွားမတိုက်သင့်ပါဘူး၊ အနည်းဆုံး နာရီဝက်လောက်ကြာမှ သွားတိုက်ပေးပါ။
မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်သွားတိုက်ပေးဖို့လိုပါတယ်။ သွားတစ်ခါတိုက်ရင် ၂မိနစ်လောက် ကြာကြာတိုက်ပေးပါ။အစားစားပြီးတိုင်း ပလုတ်ကျင်းပြီး သွားပွတ်ကြိုးသုံးပြီး သန့်ရှင်းရေးလုပ်ပေးပါ။
လျှာကိုလည်း မမေ့မလျော့သန့်ရှင်းရေးလုပ်ပေးပါ။

(၅) လိုအပ်တဲ့သွားသန့်ရှင်းရေးလုပ်ဖို့ သွားဆေးခန်းပုံမှန်သွားပါ

အပေါ်က အချက်တွေကို လိုက်နာတာက သွားသန့်ရှင်းဖို့အတွက် လုံလောက်ပြီလို့ပြောလို့ရပေမယ့် သွားပိုးပေါက်ရှိတဲ့သူတွေကတော့ သွားဆေးခန်းကို ပုံမှန်ပြပြီး လိုအပ်တဲ့ သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ ကြံ့ခိုင်တဲ့ သွားလေးတွေကို အချိန်ကြာကြာပိုင်ဆိုင်ထားချင်ရင် ဆေးခန်းသွားဖို့ လုံးဝမပျင်းပါနဲ့။

(၆) အုန်းဆီသုံးပါ

သွားတိုက်ပြီးချိန်မှာ အုန်းဆီဇွန်းအသေးနဲ့ တစ်ဇွန်းကို ပါးစပ်ထဲမှာငုံပြီး ပလုတ်ကျင်းသလိုမျိုး ၁၅ မိနစ်လောက် လုပ်ပေးပြီး ပြန်ထွေးထုတ်လိုက်ကာ ရေနဲ့ပလုတ်ကျင်းလိုက်ပါ။ အုန်းဆီက သွားပိုးပေါက်တွေ ထပ်ပြီးတိုက်စားမခံရအောင် ကာကွယ်ပေးတာကြောင့် သွားကို ပိုဆိုးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

MAY THAZINHTOO

Credit:Aunty May
Previous
Next Post »
Powered by Blogger.