Zawgyiဖြင့်ဖတ်ရန်
(၁) အနားယူချိန် ရတယ်
(၄) အလုပ်ပိုပြီးတယ်
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ပျင်းရိခြင်းကြောင့် သာသာယာယာနဲ့ အလွယ်တကူ ရနိုင်မယ့် ကောင်းကျိုး(၆)ပါး
ပျင်းတယ် ပျင်းတယ်နဲ့ ပြောပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့ အချိန်တွေ ဖြတ်သန်းဖူးကြမလား။ လူကြီးတွေကတော့ ပြောကြလိမ့်မယ်..ဒီလောက် ပျင်းနေတာ ဘယ်လိုလုပ် အောင်မြင်မလဲတို့ ဘာတို့.။ ပျင်းတာက မကောင်းဘူး ဆိုပေမဲ့ ပျင်းရိခြင်းမှာ ဒီလို အကျိုးလေးတွေလည်း ရှိနေပါသေးတယ်။
(၁) အနားယူချိန် ရတယ်
ဘာလုပ်လို့ လုပ်ရမှန်းမသိလို့ အခန်းထဲကနေ အပြင်ကို မထွက်တာမျိုး ရှိတယ်မလား။ အဲ့ဒါက ခန္ဓာကိုယ်အတွက် အနားရလို့ ကောင်းပါတယ်။ နေ့စဉ် ရုံးအလုပ်တွေ၊ ကျောင်းစာတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ရတာတွေ စသဖြင့် မိသားစုကိစ္စ၊ လူမှုရေးကိစ္စ၊ အလုပ်ကိစ္စတွေနဲ့ လည်ပတ်နေရတဲ့ ခန္ဓာကိုယ်အတွက် အခုလို အနားပေးတဲ့ အချိန်လေး ရှိသင့်ပါတယ်။
(၂) တွေးစရာရှိတာတွေ တွေးမိသွားစေတယ်။
အဖြစ်များလာတဲ့ ပန်ကရိယကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းများ
များမြှောင်လှတဲ့ ကိစ္စတွေနဲ့ တွေးစရာ ရှိတာတွေတောင် မတွေးအားတာမျိုး ရှိတတ်ပါသေးတယ်။ ပျင်းနေတော့ မတွေးအားသေးလို့ မတွေးဖြစ်တာလေးတွေအတွက် တွေးဖို့ အချိန်ရသွားတာပေါ့။
(၃) ကိုယ့်အကြောင်းပိုသိတယ်
ပျင်းနေတဲ့အချိန်က ကိုယ့်အကြောင်း ကိုယ်အသိဆုံး အချိန်ပါပဲ။ မပျင်းတတ်ဘူး ထင်တဲ့သူတွေ ပျင်းတဲ့အခါမှာလည်း ဪ ငါ ပျင်းတဲ့ အချိန် ရှိတာပဲ လို့ မြင်သွားစေနိုင်လို့ သူ့ကိုယ်သူ မသိတာ သိသွားစေပါတယ်။ နောက်တစ်ချက်အနေနဲ့ ပျင်းနေတဲ့အချိန်ဆို ကိုယ့်အကြောင်းကိုယ် ပြန်တွေးမိတာများပါတယ်နော်။ ဒါကြောင့် ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာ သိနိုင်တဲ့ အကောင်းဆုံးအချိန်ပါပဲ။
(၄) အလုပ်ပိုပြီးတယ်
တစ်ချို့သူတွေက ပျင်းပြီဆိုတာနဲ့ ဘာလုပ်ရင်ကောင်းမလဲ တွေးတတ်ကြသူတွေပါ။ မလုပ်ဖြစ်သေးတဲ့ အရာတွေကို လုပ်ပြီး ပျင်းတဲ့အချိန်တွေကို ကုန်ဆုံးစေတဲ့အတွက် မလုပ်ဖြစ်သေးတဲ့အရာတွေ လုပ်ပြီးသွားတော့ ကောင်းတာပေါ့နော်။
(၅) ကိုယ့်ခန္ဓာကိုယ် ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်တယ်
မိန်းကလေးတွေ ပျင်းရင် သိတယ်မလား။ Make up tutorial တွေ ကြည့်ပြီး လေ့ကျင့်တာတို့၊ Skin care လုပ်ဖြစ်တာတို့ Spa သွားဖြစ်တာတို့တွေပါ။ အဲ့သည့်တော့ ပျင်းတော့ ပိုလှသွားရော ဖြစ်ကုန်တော့တာပါပဲ 😀
(၆) ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး။
ပျင်းနေရင် ဘယ်သူဘာပြောပြော ထကို မလုပ်ချင်ပါဘူး။ ဘာလာခိုင်းခိုင်း NO ပါပဲ။ ပျင်းနေလို့ ဆိုပြီး ပြန်ပြောလိုက်တာနဲ့ စကားတခွန်း နှစ်ခွန်းလောက် ပြောပြီး သင့်ကို လှစ်လျှူရှုသွားကြမှာပါ။ အဲ့တော့ အေးဆေးလေး ကွေးနေရုံပါပဲ။
ပျင်းရိခြင်းဖြင့် သာယာနိုင်ကြပါစေနော်……..
Credit:Aunty May
Sign up here with your email


ConversionConversion EmoticonEmoticon