တကၠသိုလ္ေက်ာင္းသားဘဝ မၿပီးခင္ မျဖစ္မေန လက္တဲ့စမ္းသင့္တဲ့ အရာမ်ား


Zawgyiျဖင့္ဖတ္ရန္

လူငယ္ဘဝဆိုတာ ႏွစ္ခါ မရပါဘူး။ လူငယ္ဘဝမွာ ရွိေနတဲ့ တကၠသိုလ္ေက်ာင္းသားဘဝမွာ ယူ တို႔ မျဖစ္မေန လုပ္သင့္တာေတြ ရွိပါတယ္။ ဒီအခ်က္ေတြ လုပ္ထားမွသာ ယူတို႔ လုပ္ငန္းခြင္ထဲေရာက္ၿပီး အသက္ေတြ ႀကီးသြားတဲ့အခါ ေနာင္တ မရမွာပါ။ ဘာေတြ လုပ္ၿပီးၾကၿပီးလဲ တိုက္ၾကည့္လိုက္ပါအံုးေနာ္…..

(၁) အတန္းလစ္ပါ။

သူငယ္ခ်င္းေတြနဲ႔ အတူတူ အတန္းလစ္ရတာ ေပ်ာ္ဖို႔ေကာင္းပါတယ္။ လြတ္သြားတဲ့စာေတြက ျပန္ေလ့လာလို႔ ရပါတယ္။ သူငယ္ခ်င္းေတြနဲ႔တူတူ အတန္းလစ္ဖို႔ဆိုတာ မလြယ္ပါဘူး။

(၂) ခရီးထြက္ပါ။

သူငယ္ခ်င္းေတြ အတူစုၿပီး ပိတ္ရက္မွာ ခရီးထြက္တာ ဘဝမွာ ထပ္ရဖို႔ မလြယ္တဲ့ အမွတ္တရပါပဲ။ ေက်ာင္းၿပီးရင္ အခ်ိန္းအခ်က္ လုပ္ရတာ အရမ္းခက္ခဲပါတယ္။ တစ္ကမာၻေလာက္ ၾကာမွ တစ္ခါေတြ႔ရတာလည္း ျဖစ္ႏိုင္ပါတယ္…..:3

(၃) ေက်ာင္းက က်င္းပတဲ့ပြဲေတြ လုပ္တဲ့ကိစၥေတြမွာ ပါဝင္ေဆာင္ရြက္ပါ။

ဒါကေတာ့ ယူတို႔က စာေတာ္ေတာ္ မေတာ္ေတာ္၊ ရုပ္ေခ်ာေခ်ာ မေခ်ာေခ်ာ ယူတို႔ကို တစ္ေက်ာင္းလံုး သိေနမယ့္နည္းပါေနာ္ ေက်ာင္းၿပီးသြားေတာင္ ယူတို႔ကို မမွတ္မိခ်င္တဲ့ အဆံုး ျဖစ္ေနမွာပါ။

(၄) ေက်ာင္းစာနဲ႔ မသက္ဆိုင္တဲ့ စာေတြ လုပ္ပါ။

ဘဝမွာ ေက်ာင္းစာအျပင္ တစ္ျခားအရည္အခ်င္းေတြ ရွိေနပါေသးတယ္။ ဥပမာ- စကားေျပာေလ့က်င့္တာ၊ ဘာသာစကား သင္ယူတာ၊ ဓာတ္ပံုပညာအေၾကာင္းေလ့လာတာ စသျဖင့္ အစံုပါပဲ။ မျဖစ္မေန အခ်ိန္ေပးၿပီး လုပ္ထားမွသာ ေက်ာင္းၿပီးလို႔ လုပ္ငန္းခြင္ ဝင္ခ်ိန္ေရာက္ရင္ အသင့္ျဖစ္ေနမွာပါ။

(၅) ခ်စ္ရတဲ့သူေတြ႔ရင္ ဝန္ခံလိုက္ပါ။

ရည္းစားထားတာကို ေျပာတာ မဟုတ္ဘူးေနာ္။ ခ်စ္မိသြားရင္ ခ်စ္လိုက္ဖို႔ကို ေျပာတာပါ။ သင္တို႔ ဖူးစာ မဆံုရင္ေတာင္ သင့္ငယ္ဘဝ အမွတ္တရ အျဖစ္ က်န္ေနမွာပါ။ ငယ္ကခ်စ္ ႏွစ္တစ္ရာ မေမ့သာ တဲ့ ဆိုလား ၾကားဖူးတယ္မလား….

(၆) မိန္းကေလးအေဆာင္ေရွ႕ ဂစ္တာတီးပါ။ (only for ေယာက်ၤားေလး)

အေဆာင္ေရွ႕ ဂစ္တာတီးတဲ့ အေလ့က ခ်စ္စရာပါေနာ္။ ေခတ္ေတြ ေျပာင္းလာလည္း အေဆာင္ေရွ႕ ဂစ္တာတီးတဲ့ ဓေလ့ကေတာ့ သေဘာက်စရာ ေကာင္းေနတုန္းပါပဲ……

(၇) သူငယ္ခ်င္းေတြ စုၿပီး ပါတီ လုပ္ပါ။

သူငယ္ခ်င္းေတြနဲ႔ ေသာက္ရင္ မူးေမွာက္သြားမွာကို စိုးရိမ္စရာမလိုပါဘူး။ သူေမွာက္ ကိုယ္ေမွာက္ ကိုယ္ငို သူငိုနဲ႔ ျဖတ္သန္းရတဲ့ အခ်ိန္တစ္ခုေလာက္ေတာ့ လူငယ္ဘဝမွာ ရွိသင့္ပါတယ္။ လုပ္ငန္းခြင္ထဲ ေရာက္တဲ့အရြယ္ဆုိရင္ ကိစၥေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ ယူတို႔ အခုလို ဆံုၿပီး ေပ်ာ္ဖို႔ ခက္ခဲသြားပါလိမ့္မယ္ေနာ္…..

အိုင့္လိုမ်ိဳး ေနာင္တ မရေနေအာင္ ျမန္ျမန္ ဖန္တီးလိုက္ၾကပါအံုးေနာ္

Written by Kham

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

တက္ကသိုလ်ကျောင်းသားဘဝ မပြီးခင် မဖြစ်မနေ လက်တဲ့စမ်းသင့်တဲ့ အရာများ

လူငယ်ဘဝဆိုတာ နှစ်ခါ မရပါဘူး။ လူငယ်ဘဝမှာ ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ ယူ တို့ မဖြစ်မနေ လုပ်သင့်တာတွေ ရှိပါတယ်။ ဒီအချက်တွေ လုပ်ထားမှသာ ယူတို့ လုပ်ငန်းခွင်ထဲရောက်ပြီး အသက်တွေ ကြီးသွားတဲ့အခါ နောင်တ မရမှာပါ။ ဘာတွေ လုပ်ပြီးကြပြီးလဲ တိုက်ကြည့်လိုက်ပါအုံးနော်…..

(၁) အတန်းလစ်ပါ။

သူငယ်ချင်းတွေနဲ့ အတူတူ အတန်းလစ်ရတာ ပျော်ဖို့ကောင်းပါတယ်။ လွတ်သွားတဲ့စာတွေက ပြန်လေ့လာလို့ ရပါတယ်။ သူငယ်ချင်းတွေနဲ့တူတူ အတန်းလစ်ဖို့ဆိုတာ မလွယ်ပါဘူး။

(၂) ခရီးထွက်ပါ။

သူငယ်ချင်းတွေ အတူစုပြီး ပိတ်ရက်မှာ ခရီးထွက်တာ ဘဝမှာ ထပ်ရဖို့ မလွယ်တဲ့ အမှတ်တရပါပဲ။ ကျောင်းပြီးရင် အချိန်းအချက် လုပ်ရတာ အရမ်းခက်ခဲပါတယ်။ တစ်ကမ္ဘာလောက် ကြာမှ တစ်ခါတွေ့ရတာလည်း ဖြစ်နိုင်ပါတယ်…..:3

(၃) ကျောင်းက ကျင်းပတဲ့ပွဲတွေ လုပ်တဲ့ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပါ။

ဒါကတော့ ယူတို့က စာတော်တော် မတော်တော်၊ ရုပ်ချောချော မချောချော ယူတို့ကို တစ်ကျောင်းလုံး သိနေမယ့်နည်းပါနော် ကျောင်းပြီးသွားတောင် ယူတို့ကို မမှတ်မိချင်တဲ့ အဆုံး ဖြစ်နေမှာပါ။

(၄) ကျောင်းစာနဲ့ မသက်ဆိုင်တဲ့ စာတွေ လုပ်ပါ။

ဘဝမှာ ကျောင်းစာအပြင် တစ်ခြားအရည်အချင်းတွေ ရှိနေပါသေးတယ်။ ဥပမာ- စကားပြောလေ့ကျင့်တာ၊ ဘာသာစကား သင်ယူတာ၊ ဓာတ်ပုံပညာအကြောင်းလေ့လာတာ စသဖြင့် အစုံပါပဲ။ မဖြစ်မနေ အချိန်ပေးပြီး လုပ်ထားမှသာ ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်ချိန်ရောက်ရင် အသင့်ဖြစ်နေမှာပါ။

(၅) ချစ်ရတဲ့သူတွေ့ရင် ဝန်ခံလိုက်ပါ။

ရည်းစားထားတာကို ပြောတာ မဟုတ်ဘူးနော်။ ချစ်မိသွားရင် ချစ်လိုက်ဖို့ကို ပြောတာပါ။ သင်တို့ ဖူးစာ မဆုံရင်တောင် သင့်ငယ်ဘဝ အမှတ်တရ အဖြစ် ကျန်နေမှာပါ။ ငယ်ကချစ် နှစ်တစ်ရာ မမေ့သာ တဲ့ ဆိုလား ကြားဖူးတယ်မလား….

(၆) မိန်းကလေးအဆောင်ရှေ့ ဂစ်တာတီးပါ။ (only for ယောင်္ကျားလေး)

အဆောင်ရှေ့ ဂစ်တာတီးတဲ့ အလေ့က ချစ်စရာပါနော်။ ခေတ်တွေ ပြောင်းလာလည်း အဆောင်ရှေ့ ဂစ်တာတီးတဲ့ ဓလေ့ကတော့ သဘောကျစရာ ကောင်းနေတုန်းပါပဲ……

(၇) သူငယ်ချင်းတွေ စုပြီး ပါတီ လုပ်ပါ။

သူငယ်ချင်းတွေနဲ့ သောက်ရင် မူးမှောက်သွားမှာကို စိုးရိမ်စရာမလိုပါဘူး။ သူမှောက် ကိုယ်မှောက် ကိုယ်ငို သူငိုနဲ့ ဖြတ်သန်းရတဲ့ အချိန်တစ်ခုလောက်တော့ လူငယ်ဘဝမှာ ရှိသင့်ပါတယ်။ လုပ်ငန်းခွင်ထဲ ရောက်တဲ့အရွယ်ဆိုရင် ကိစ္စပေါင်း သောင်းခြောက်ထောင်နဲ့ ယူတို့ အခုလို ဆုံပြီး ပျော်ဖို့ ခက်ခဲသွားပါလိမ့်မယ်နော်…..

အိုင့်လိုမျိုး နောင်တ မရနေအောင် မြန်မြန် ဖန်တီးလိုက်ကြပါအုံးနော်

Written by Kham

Credit:Aunty May
Previous
Next Post »
Powered by Blogger.