တစ္ခါမွ နိဗၺာန္ေဈး မတိုးဖူးလို႔ အရမ္းေပ်ာ္႐ႊင္ေနတဲ့ သ႐ုပ္ေဆာင္ လင္းဇာနည္ေဇာ္တို႔ ပုံရိပ္မ်ား




Zawgyi ျဖင့္ဖတ္ရန္

လင္းဇာနည္ေဇာ္၊ ခ်စ္ခ်စ္ေဇာ္၊ ဒါ႐ိုက္တာ မိုက္တီး စတဲ့ ေမာင္ႏွမေတြဟာ အႏုပညာမွာ ထူးခြၽန္သူေတြျဖစ္ၾကပါတယ္။ သူတို႔ မိသားစုေလးဟာ အႏုပညာ မိသားစုေလးျဖစ္ၿပီး၊ ဘဝကို ေပ်ာ္႐ႊင္စြာျဖတ္သန္းေနၾကေပမယ့္လည္း သူတို႔ရဲ႕ ဖခင္ႀကီးဟာ လူ႔ေလာက က ေန ႏႈတ္ဆက္သြားတာ မၾကာေသးပါဘူး။ လင္းဇာနည္ေဇာ္ဟာ သ႐ုပ္ေဆာင္ ရဲကိုကိုနဲ႔လက္ထပ္ခဲ့ၿပီး ျမဴလင္းကိုကို ဆိုတဲ့ သမီးေလးတစ္ဦးကို ပိုင္ဆိုင္ထားပါတယ္။ အခုခ်ိန္မွာေတာ့ လင္းဇာနည္ေဇာ္တို႔ မိသားစုေလးဟာ တန္ေဆာင္တိုင္မွာ က်င္းပေလ့ရွိတဲ့ နိဗၺာန္ေဈးကို လည္ပတ္ခဲ့တဲ့ ပုံရိပ္ေတြကို လူမႈကြန္ယက္မွာ ေဖာ္ျပခဲ့ပါတယ္။ သူတို႔ဟာ နိဗၺာန္ေဈးဆိုတာကို တစ္ခါမွ မလည္ဖူးဘူးလို႔လည္း ဆိုပါတယ္။




နိဗၺာန္ေဈးလည္ျဖစ္ခဲ့တဲ့အေၾကာင္းေလးကို ယခုလို မွ်ေဝထားတာျဖစ္ပါတယ္။ ((((နိဗၺာန္ေဈးပြဲကိုခုခ်ိန္ထိတစ္ခါမွ မလည္ဖူးဘူး# ဒီေန႔ေတာ့သူငယ္ခ်င္းေခၚလို႔ ပထမဆုံးအေနနဲ႔နယ္ေက်ာ္ႏႊဲျဖစ္သြားတယ္.. တကယ္ေပ်ာ္စရာအရမ္းေကာင္း😂😍))))



အခုလို နိဗၺာန္ေဈးမွာလည္ပတ္ရင္း ေပ်ာ္႐ႊင္ေနတဲ့ သူတို႔ မိသားစုေလးကို ၾကည့္ၿပီး ၾကည္ႏူးမိပါတယ္။ နိဗၺာန္ေဈး တစ္ေလ်ာက္ကို လွည့္ပတ္သြားလာၿပီး၊ ေကြၽးေမြးတဲ့ မုန႔္ေတြကိုစားရင္ ေပ်ာ္႐ႊင္ေနၾကတဲ့ ညီမ ႏွစ္ေယာက္ဟာ တကယ့္ကို ကေလးေလးေတြလိုပါပဲ။ လင္းဇာနည္ေဇာ္ဟာ လက္ရွိအခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူ ရဲကိုကိုနဲ႔ ကြာရွင္းထားၿပီး သမီးေလး ျမဴလင္းကိုကို ကို ျပဳစုပ်ိဳးေထာင္ေပးေနပါတယ္။ သူမခ်စ္တဲ့ သမီးေလးကိုေတာ့ ယခုခ်ိန္မွာ ဂ်ပန္ႏိုင္ငံကို ပညာသင္ လႊတ္ထားတယ္လို႔ ဆိုပါတယ္။




ေပ်ာ္႐ႊင္ေနၾကတဲ့ ၾကည္ႏူးစရာ ညီအစ္မ ၂ ေယာက္ရဲ႕ ပုံရိပ္ေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။ လင္းဇာနည္ေဇာ္တို႔ မိသားစုေလးလည္း ဒီထက္မက ေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Writer – ME( Shwe Yaung Lan )




Unicode ဖြင့်ဖတ်ရန်

တစ်ခါမှ နိဗ္ဗာန်ဈေး မတိုးဖူးလို့ အရမ်းပျော်ရွှင်နေတဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ ပုံရိပ်များ

လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်၊ ဒါရိုက်တာ မိုက်တီး စတဲ့ မောင်နှမတွေဟာ အနုပညာမှာ ထူးချွန်သူတွေဖြစ်ကြပါတယ်။ သူတို့ မိသားစုလေးဟာ အနုပညာ မိသားစုလေးဖြစ်ပြီး၊ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေကြပေမယ့်လည်း သူတို့ရဲ့ ဖခင်ကြီးဟာ လူ့လောက က နေ နှုတ်ဆက်သွားတာ မကြာသေးပါဘူး။ လင်းဇာနည်ဇော်ဟာ သရုပ်ဆောင် ရဲကိုကိုနဲ့လက်ထပ်ခဲ့ပြီး မြူလင်းကိုကို ဆိုတဲ့ သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ အခုချိန်မှာတော့ လင်းဇာနည်ဇော်တို့ မိသားစုလေးဟာ တန်ဆောင်တိုင်မှာ ကျင်းပလေ့ရှိတဲ့ နိဗ္ဗာန်ဈေးကို လည်ပတ်ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဖော်ပြခဲ့ပါတယ်။ သူတို့ဟာ နိဗ္ဗာန်ဈေးဆိုတာကို တစ်ခါမှ မလည်ဖူးဘူးလို့လည်း ဆိုပါတယ်။




နိဗ္ဗာန်ဈေးလည်ဖြစ်ခဲ့တဲ့အကြောင်းလေးကို ယခုလို မျှဝေထားတာဖြစ်ပါတယ်။ ((((နိဗ္ဗာန်ဈေးပွဲကိုခုချိန်ထိတစ်ခါမှ မလည်ဖူးဘူး# ဒီနေ့တော့သူငယ်ချင်းခေါ်လို့ ပထမဆုံးအနေနဲ့နယ်ကျော်နွှဲဖြစ်သွားတယ်.. တကယ်ပျော်စရာအရမ်းကောင်း😂😍))))



အခုလို နိဗ္ဗာန်ဈေးမှာလည်ပတ်ရင်း ပျော်ရွှင်နေတဲ့ သူတို့ မိသားစုလေးကို ကြည့်ပြီး ကြည်နူးမိပါတယ်။ နိဗ္ဗာန်ဈေး တစ်လျောက်ကို လှည့်ပတ်သွားလာပြီး၊ ကျွေးမွေးတဲ့ မုန့်တွေကိုစားရင် ပျော်ရွှင်နေကြတဲ့ ညီမ နှစ်ယောက်ဟာ တကယ့်ကို ကလေးလေးတွေလိုပါပဲ။ လင်းဇာနည်ဇော်ဟာ လက်ရှိအချိန်မှာတော့ ခင်ပွန်းဖြစ်သူ ရဲကိုကိုနဲ့ ကွာရှင်းထားပြီး သမီးလေး မြူလင်းကိုကို ကို ပြုစုပျိုးထောင်ပေးနေပါတယ်။ သူမချစ်တဲ့ သမီးလေးကိုတော့ ယခုချိန်မှာ ဂျပန်နိုင်ငံကို ပညာသင် လွှတ်ထားတယ်လို့ ဆိုပါတယ်။

ပျော်ရွှင်နေကြတဲ့ ကြည်နူးစရာ ညီအစ်မ ၂ ယောက်ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။ လင်းဇာနည်ဇော်တို့ မိသားစုလေးလည်း ဒီထက်မက ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Writer – ME( Shwe Yaung Lan )


Previous
Next Post »
Powered by Blogger.