Zawgyiျဖင့္ဖတ္ရန္
လက္တေလာ လူမႈကြန္ရက္မွာ ေရပန္းစားေနတဲ့ Facebook ပုိ႔စ္တစ္ခုကေတာ့ အသက္(၁၄)ႏွစ္အရြယ္ ေကာင္ေလးနဲ႔ အသက္(၂၁)ႏွစ္အရြယ္ အမ်ိဳးသမီးတုိ႔ရဲ႕ ထိမ္းျမားမဂၤလာ ျပဳေနတဲ့ ဓာတ္ပုံေတြ ျဖစ္ပါတယ္။ သတင္းေခါင္းစဥ္ကုိေတာ့ FA ေတြ Single ေတြ မနာလုိျဖစ္ခဲ့ရတဲ့ မဂၤလာေဆာင္လုိ႔ မူလသတင္းမွာ ေရးထားပါတယ္။
ကေမာၻဒီၤးယားႏုိင္ငံက အမိ်ဳးသမီးတစ္ေယာက္က ဒီမဂၤလာေဆာင္ရဲ႕ ဓာတ္ပုံေတြကို မွ်ေဝလုိက္တာပါ။ မူလုပုိ႔စ္တင္တဲ့သူ Mãĸ Õřñ ေရးထားတဲ့ စာကို ရိပ္ဖမ္းသံဖမ္း ဘာသာျပန္ရရင္ “ ၉-၁၁-၂၀၁၉ ရက္ကေလးဟာ တူနဲ႔ တူမေလးတုိ႔အတြက္ ထူးျခားတဲ့ ေန႔ပါ … ထာဝရေပ်ာ္ရႊင္ပါေစလုိ႔ ဆုေတာင္းေပးလုိက္ပါတယ္ … ”
“ဆံျဖဴသြားေၾကြတဲ့အထိ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ၾကပါ … အန္တီကေတာ့ သမီးရဲ႕ မဂၤလာေဆာင္ေလးကို မလာႏုိင္ဘဲ အေဝးကုိ ေရာက္ေနတာ နားလည္ေပးပါ … အသက္(၁၄)ႏွစ္အရြယ္ ငယ္ရြယ္တဲ့ ခင္ပြန္းကို ဂ႐ုစုိက္ပါ ”လုိ႔ အနီးစပ္ဆုံး ဘာသာျပန္လုိ႔ ရပါတယ္။ ပုိ႔စ္တင္တဲ့သူကေတာ့ မဂၤလာေဆာင္သူနွစ္ဦးနဲ႔ ေဆြမ်ိဴးနီးစပ္ ျဖစ္ပုံရပါတယ္။
သတင္းအရ ေကာင္ေလးဟာ အခုမွ အလယ္တန္းေက်ာင္းသား ဘဝပဲ ရွိပါေသးသတဲ့။ ဒါေပမယ့္ အသက္အရြယ္ေတြ အခ်ိန္အခါေတြဟာ သူတုိ႔ရဲ႕ နီးစပ္မႈကို မရပ္ႏုိင္ခဲ့ၾကပါဘူး။ သတုိ႔သားသတုိ႔သမီးနာမည္ကိုေတာ့ ပုိ႔စ္ထဲမွာေရာ၊ ျပန္လည္ေရးသားတဲ့ သတင္းထဲမွာ မေတြ႕ရပါဘူး။
အဲဒီပုိ႔စ္ဟာ ျပန္လည္မွ်ေဝသူ (၄၂၀၀)အထိ ရွိခဲ့ၿပီး၊ Like ျပဳလုပ္သူ (၁၀၀၀)နဲ႔၊ မွတ္ခ်က္ေရးသူ (၂၂၅)အထိ ရွိခဲ့ပါတယ္။ မွတ္ခ်က္ေရးသူတစ္ဦးကေတာ့ “အသက္ေတြက ငယ္ၾကေပမယ့္ အနာဂတ္ကုိပဲ ၾကည့္ၾကပါ … တစ္ေယာက္ကုိတစ္ေယာက္ ခ်စ္ခင္ ၾကင္နာေနရင္ သူတုိ႔ဟာ ေပ်ာ္ရႊင္စြာ ရင့္က်က္လာၾကမွာ ျဖစ္ပါတယ္”လုိ႔ ေရးခဲ့ပါတယ္။
ဒါေပမယ့္ တစ္ခ်ိဳ႕ကလည္း မေကာင္းျမင္တဲ့စိတ္က ပုိမ်ားေနၿပီး၊ ဒါဟာ အသက္မျပည့္ေသးတဲ့ကေလးကို လက္ထပ္တာျဖစ္လုိ႔ တရားဥပေဒ ခ်ိဳးေဖာက္ျခင္းလုိ႔ ဆုိၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း ေကာင္ေလးအေနနဲ႔ အခ်စ္အတြက္ မဂၤေဆာင္ဖုိ႔ အလြန္ေစာေသးတဲ့အခ်ိန္ျဖစ္ေၾကာင္း၊ ျပင္ပ အေတြ႕အႀကဳံမရွိဘဲ မဂၤလာပြဲကို အေဆာတလ်င္ ေဆာင္တာမ်ိဳးက ဒုကၡ ေတြ႕လိမ့္မယ္လုိ႔ ဆုိၾကပါတယ္။ ကေမာၻဒီယားမွာ တရားဝင္မဂၤလာပြဲဆင္ႏႊဲရမယ့္ အသက္အရြယ္ဟာ (၁၈)ႏွစ္ျဖစ္ေၾကာင္း သိရပါတယ္။ သတုိ႔သားသတုိ႔သမီးအနက္ တစ္ဦးဦးက အသက္(၁၈)ႏွစ္ မျပည့္ေသးဘူးဆုိရင္ ဥပေဒခ်ိဳးေဖာက္မႈလုိ႔ ဆုိရမယ့္သေဘာပါ။
လင္းသုတ
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
(၁၄)နှစ်ကောင်လေးရဲ့ အသည်းပန်းကို၊ ဦးဦးဖျားဖျား ခူးယူပန်ဆင်လိုက်တဲ့ အမျိုးသမီး
လက်တလော လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ Facebook ပို့စ်တစ်ခုကတော့ အသက်(၁၄)နှစ်အရွယ် ကောင်လေးနဲ့ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတို့ရဲ့ ထိမ်းမြားမင်္ဂလာ ပြုနေတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ သတင်းခေါင်းစဉ်ကိုတော့ FA တွေ Single တွေ မနာလိုဖြစ်ခဲ့ရတဲ့ မင်္ဂလာဆောင်လို့ မူလသတင်းမှာ ရေးထားပါတယ်။
ကမ္ဘောဒီၤးယားနိုင်ငံက အမျိုးသမီးတစ်ယောက်က ဒီမင်္ဂလာဆောင်ရဲ့ ဓာတ်ပုံတွေကို မျှဝေလိုက်တာပါ။ မူလုပို့စ်တင်တဲ့သူ Mãĸ Õřñ ရေးထားတဲ့ စာကို ရိပ်ဖမ်းသံဖမ်း ဘာသာပြန်ရရင် “ ၉-၁၁-၂၀၁၉ ရက်ကလေးဟာ တူနဲ့ တူမလေးတို့အတွက် ထူးခြားတဲ့ နေ့ပါ … ထာဝရပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် … ”
“ဆံဖြူသွားကြွေတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပါ … အန်တီကတော့ သမီးရဲ့ မင်္ဂလာဆောင်လေးကို မလာနိုင်ဘဲ အဝေးကို ရောက်နေတာ နားလည်ပေးပါ … အသက်(၁၄)နှစ်အရွယ် ငယ်ရွယ်တဲ့ ခင်ပွန်းကို ဂရုစိုက်ပါ ”လို့ အနီးစပ်ဆုံး ဘာသာပြန်လို့ ရပါတယ်။ ပို့စ်တင်တဲ့သူကတော့ မင်္ဂလာဆောင်သူနှစ်ဦးနဲ့ ဆွေမျိူးနီးစပ် ဖြစ်ပုံရပါတယ်။
သတင်းအရ ကောင်လေးဟာ အခုမှ အလယ်တန်းကျောင်းသား ဘဝပဲ ရှိပါသေးသတဲ့။ ဒါပေမယ့် အသက်အရွယ်တွေ အချိန်အခါတွေဟာ သူတို့ရဲ့ နီးစပ်မှုကို မရပ်နိုင်ခဲ့ကြပါဘူး။ သတို့သားသတို့သမီးနာမည်ကိုတော့ ပို့စ်ထဲမှာရော၊ ပြန်လည်ရေးသားတဲ့ သတင်းထဲမှာ မတွေ့ရပါဘူး။
အဲဒီပို့စ်ဟာ ပြန်လည်မျှဝေသူ (၄၂၀၀)အထိ ရှိခဲ့ပြီး၊ Like ပြုလုပ်သူ (၁၀၀၀)နဲ့၊ မှတ်ချက်ရေးသူ (၂၂၅)အထိ ရှိခဲ့ပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ “အသက်တွေက ငယ်ကြပေမယ့် အနာဂတ်ကိုပဲ ကြည့်ကြပါ … တစ်ယောက်ကိုတစ်ယောက် ချစ်ခင် ကြင်နာနေရင် သူတို့ဟာ ပျော်ရွှင်စွာ ရင့်ကျက်လာကြမှာ ဖြစ်ပါတယ်”လို့ ရေးခဲ့ပါတယ်။
ဒါပေမယ့် တစ်ချို့ကလည်း မကောင်းမြင်တဲ့စိတ်က ပိုများနေပြီး၊ ဒါဟာ အသက်မပြည့်သေးတဲ့ကလေးကို လက်ထပ်တာဖြစ်လို့ တရားဥပဒေ ချိုးဖောက်ခြင်းလို့ ဆိုကြပါတယ်။ တစ်ချို့ကလည်း ကောင်လေးအနေနဲ့ အချစ်အတွက် မင်္ဂဆောင်ဖို့ အလွန်စောသေးတဲ့အချိန်ဖြစ်ကြောင်း၊ ပြင်ပ အတွေ့အကြုံမရှိဘဲ မင်္ဂလာပွဲကို အဆောတလျင် ဆောင်တာမျိုးက ဒုက္ခ တွေ့လိမ့်မယ်လို့ ဆိုကြပါတယ်။ ကမ္ဘောဒီယားမှာ တရားဝင်မင်္ဂလာပွဲဆင်နွှဲရမယ့် အသက်အရွယ်ဟာ (၁၈)နှစ်ဖြစ်ကြောင်း သိရပါတယ်။ သတို့သားသတို့သမီးအနက် တစ်ဦးဦးက အသက်(၁၈)နှစ် မပြည့်သေးဘူးဆိုရင် ဥပဒေချိုးဖောက်မှုလို့ ဆိုရမယ့်သဘောပါ။
လင်းသုတ
Credit:Shwemom
Sign up here with your email


ConversionConversion EmoticonEmoticon