Zawgyi ျဖင့္ဖတ္ရန္
လက္ရွိ ေဘာလုံး ေလာက မွာ အေကာင္းဆုံး ကစားသမား ဆု ေတြ ၊ သြင္းဂိုး အမ်ားဆုံး သြင္းႏိုင္သူ ၊ ဟက္ထရစ္ အမ်ားဆုံး သြင္းႏိုင္သူ အစရွိတဲ့ တဦးခ်င္း ဆုတံဆိပ္ ေတြ အတြက္ တကယ့္ စူပါစတား ၂ဦး ျဖစ္တဲ့ လီယြန္နယ္ မက္ဆီ နဲ႔ ခရစ္တီယာႏို ေရာ္နယ္ဒို တို႔ ၂ဦးဟာ ဆယ္စုႏွစ္ တစ္ခု ေက်ာ္ၾကာ အႀကိတ္အနယ္ ၿပိဳင္ဆိုင္ လာခဲ့ၾကတာျဖစ္ပါတယ္။
ကမာၻ႔ အေကာင္းဆုံး ေဘာလုံးသမား ၂ဦး လည္း ျဖစ္တဲ့ မက္ဆီ နဲ႔ ေရာ္နယ္ဒို တို႔ဟာ မ်က္ေမွာက္ ေဘာလုံးေလာက က လူငယ္ ေျခတက္ေတြ ၊ ၾကယ္ပြင့္ ကစားသမား ေတြရဲ႕ စံျပ ပုဂၢိဳလ္ ေတြလည္း ျဖစ္ၾကပါတယ္ ။ သို႔ေပမယ့္ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဝါရင့္ ေတာင္ပံ ကစားသမား ဝီလီယံ ကေတာ့ ေရာ္နယ္ဒို ၊ မက္ဆီ တို႔ထက္ ပိုေကာင္းတဲ့ ကစားသမား ဟာ ေရာ္နယ္ဒင္ဟို သာ ျဖစ္တယ္ လို႔ ေျဖၾကား ခဲ့ပါတယ္ ။
ဝီလီယံ ဟာ လက္ရွိ မွာ ဘရာဇီး လက္ေ႐ြးစင္ အသင္း နဲ႔ အတူ ၊ အာဂ်င္တီးနား ၊ ေတာင္ကိုးရီးယား အသင္း ေတြနဲ႔ ရင္ဆိုင္ ကစားမယ့္ ပြဲစဥ္ ေတြ အတြက္ ပူးေပါင္းလ်က္ ရွိေနပါတယ္ ။ ဘရာဇီး က သတင္းေထာက္ တဦး ရဲ႕ ေမးျမန္းမႈ တခု ျဖစ္တဲ့ ေရာ္နယ္ဒို နဲ႔ မက္ဆီ ဘယ္သူ ပိုေကာင္းလဲ ဆိုတဲ့ ေမးျမန္းခ်က္ ကို လုံးဝ မတူညီတဲ့ အေျဖ တခု ျဖစ္တဲ့ ေရာ္နယ္ဒင္ဟို သာ အေကာင္းဆုံး ျဖစ္တယ္ လို႔ တုန႔္ျပန္ ေျဖၾကား ခဲ့တာ ျဖစ္ပါတယ္ ။
ဝီလီယံ က ” ေရာ္နယ္ဒင္ဟို ဟာ ေဘာလုံး ေလာက ရဲ႕ ထာဝရ အေကာင္းဆုံး ကစားသမား ျဖစ္ပါတယ္ ။ ေရာ္နယ္ဒို ၊ မက္ဆီ တို႔ထက္လည္း ပိုေကာင္းပါတယ္ ။ ေရာ္နယ္ဒို နဲ႔ မက္ဆီ တို႔ဟာ ဂိုးေတြ အမ်ားႀကီး သြင္းႏိုင္တယ္ ဆိုတာ မွန္ပါတယ္ ။ ဒါေပမယ့္ ေရာ္နီ ( ေရာ္နယ္ဒင္ဟို ) လုပ္ျပခဲ့တာေတြ က တကယ္ အံ့ၾသဖြယ္ ေကာင္းပါတယ္ ။ သူဟာ တကယ့္ ေဘာလုံး ပြဲစဥ္ ေတြမွာလည္း ေမွာ္ဆန္တဲ့ ေျခစြမ္း ေတြ ျပႏိုင္သလို ၊ လွပတဲ့ ဂိုးေတြလည္း သြင္းယူ ႏိုင္စြမ္း ရွိပါတယ္ ။ ”
” ကြၽန္ေတာ္ ဟာ သူ႔ရဲ႕ ပရိသတ္ တေယာက္ ျဖစ္တာေၾကာင့္ သူ ေဘာလုံး ေလာက က အနားယူ သြားတာ အရမ္း ေစာလြန္းတယ္ လို႔ပဲ ေျပာပါရေစ ။ အကယ္၍ သာ သူဟာ ကစားသမား ဘဝ အျမင့္မားဆုံး ကာလ မွာ ဒီထက္ ပိုၿပီး လုပ္ေဆာင္ ျပႏိုင္ခဲ့မယ္ ဆိုရင္ Ballon D’Or ဆုကို ပိုၿပီး ဆြတ္ခူး ႏိုင္စြမ္း ရွိခဲ့မွာပါ ။ ” လို႔ ေျပာၾကား ခဲ့ပါတယ္ ။
Credit : momolay
Unicode ဖြင့်ဖတ်ရန်
မက်ဆီ ၊ ရော်နယ်ဒို တို့ထက် ပိုကောင်းတဲ့ ကစားသမား ကိုထုတ်ဖော် ပြောဆိုလိုက်တဲ့ ဝီလီယံ
လက်ရှိ ဘောလုံး လောက မှာ အကောင်းဆုံး ကစားသမား ဆု တွေ ၊ သွင်းဂိုး အများဆုံး သွင်းနိုင်သူ ၊ ဟက်ထရစ် အများဆုံး သွင်းနိုင်သူ အစရှိတဲ့ တဦးချင်း ဆုတံဆိပ် တွေ အတွက် တကယ့် စူပါစတား ၂ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီ နဲ့ ခရစ်တီယာနို ရော်နယ်ဒို တို့ ၂ဦးဟာ ဆယ်စုနှစ် တစ်ခု ကျော်ကြာ အကြိတ်အနယ် ပြိုင်ဆိုင် လာခဲ့ကြတာဖြစ်ပါတယ်။
ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ၂ဦး လည်း ဖြစ်တဲ့ မက်ဆီ နဲ့ ရော်နယ်ဒို တို့ဟာ မျက်မှောက် ဘောလုံးလောက က လူငယ် ခြေတက်တွေ ၊ ကြယ်ပွင့် ကစားသမား တွေရဲ့ စံပြ ပုဂ္ဂိုလ် တွေလည်း ဖြစ်ကြပါတယ် ။ သို့ပေမယ့် ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တောင်ပံ ကစားသမား ဝီလီယံ ကတော့ ရော်နယ်ဒို ၊ မက်ဆီ တို့ထက် ပိုကောင်းတဲ့ ကစားသမား ဟာ ရော်နယ်ဒင်ဟို သာ ဖြစ်တယ် လို့ ဖြေကြား ခဲ့ပါတယ် ။
ဝီလီယံ ဟာ လက်ရှိ မှာ ဘရာဇီး လက်ရွေးစင် အသင်း နဲ့ အတူ ၊ အာဂျင်တီးနား ၊ တောင်ကိုးရီးယား အသင်း တွေနဲ့ ရင်ဆိုင် ကစားမယ့် ပွဲစဉ် တွေ အတွက် ပူးပေါင်းလျက် ရှိနေပါတယ် ။ ဘရာဇီး က သတင်းထောက် တဦး ရဲ့ မေးမြန်းမှု တခု ဖြစ်တဲ့ ရော်နယ်ဒို နဲ့ မက်ဆီ ဘယ်သူ ပိုကောင်းလဲ ဆိုတဲ့ မေးမြန်းချက် ကို လုံးဝ မတူညီတဲ့ အဖြေ တခု ဖြစ်တဲ့ ရော်နယ်ဒင်ဟို သာ အကောင်းဆုံး ဖြစ်တယ် လို့ တုန့်ပြန် ဖြေကြား ခဲ့တာ ဖြစ်ပါတယ် ။
ဝီလီယံ က ” ရော်နယ်ဒင်ဟို ဟာ ဘောလုံး လောက ရဲ့ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ် ။ ရော်နယ်ဒို ၊ မက်ဆီ တို့ထက်လည်း ပိုကောင်းပါတယ် ။ ရော်နယ်ဒို နဲ့ မက်ဆီ တို့ဟာ ဂိုးတွေ အများကြီး သွင်းနိုင်တယ် ဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် ရော်နီ ( ရော်နယ်ဒင်ဟို ) လုပ်ပြခဲ့တာတွေ က တကယ် အံ့သြဖွယ် ကောင်းပါတယ် ။ သူဟာ တကယ့် ဘောလုံး ပွဲစဉ် တွေမှာလည်း မှော်ဆန်တဲ့ ခြေစွမ်း တွေ ပြနိုင်သလို ၊ လှပတဲ့ ဂိုးတွေလည်း သွင်းယူ နိုင်စွမ်း ရှိပါတယ် ။ ”
” ကျွန်တော် ဟာ သူ့ရဲ့ ပရိသတ် တယောက် ဖြစ်တာကြောင့် သူ ဘောလုံး လောက က အနားယူ သွားတာ အရမ်း စောလွန်းတယ် လို့ပဲ ပြောပါရစေ ။ အကယ်၍ သာ သူဟာ ကစားသမား ဘဝ အမြင့်မားဆုံး ကာလ မှာ ဒီထက် ပိုပြီး လုပ်ဆောင် ပြနိုင်ခဲ့မယ် ဆိုရင် Ballon D’Or ဆုကို ပိုပြီး ဆွတ်ခူး နိုင်စွမ်း ရှိခဲ့မှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
Credit : momolay
Sign up here with your email


ConversionConversion EmoticonEmoticon