အမႊာညီအမက တစ္ခ်ိန္တည္း ကိုယ္ဝန္ေဆာင္ၿပီး တစ္ရက္တည္း ကေလးတူတူေမြး



Zawgyi ျဖင့္ဖတ္ရန္


အက်ႌဆင္တူေလးေတြ ဆံပင္ပုံစံဆင္တူေလးေတြနဲ႔ ခ်စ္စရာ အႁမႊာညီအမေတာ္ေတာ္မ်ားမ်ားကို ပရိသတ္ႀကီး ေတြ႕ျမင္ဖူးၾကမွာပါ။အႁမႊာေတြမွာ ေသြးသားဆက္ႏြယ္မႈေၾကာင့္ တူညီစြာျဖစ္ပ်က္တတ္ၾကတဲ့အရာေတြရွိတတ္ၾကပါတယ္။



ကယ္လီဖိုးနီးယားက Bao Kou Julie Yang နဲ႔Bao Nhia Julia Yang အမည္ရွိတဲ့ အႁမႊာညီအမ၂ေယာက္ကေတာ့ ခ်စ္ဖို႔ေကာင္းတဲ့ ကေလး၂ဦးကို တစ္ေန႔ထဲမွာပဲေမြးဖြားခဲ့တာပါ။

တေန႔ထဲမွာ ကေလး၂ဦးကိုေမြးခဲ့ေပမယ့္ Bao Kou အတြက္ေတာ့ ပထမဦးဆုံးကေလးျဖစ္ၿပီး Nhia ကေတာ့ တတိယေျမာက္ကေလးျဖစ္တယ္လို႔ သိရပါတယ္။





Bao Kou ေမြးၿပီး ၂နာရီအၾကာမွာ ညီမျဖစ္သူေမြးခဲ့တာျဖစ္ၿပီး သူ႔ညီမေဘးအခန္းမွာ ေမြးေနခဲ့တာ သူမသိဘူးလို႔ Bao Kou ကဆိုပါတယ္။



ကေလးေလးေတြဟာ ေမြးမယ့္ရက္ထက္ တစ္ပတ္ႀကိဳေမြးခဲ့တယ္ဆိုေပမယ့္ က်န္းမာၾကတယ္လို႔ သိရပါတယ္။

ညီအမႏွစ္ေယာက္ ကိုယ္ဝန္ေဆာင္ခ်ိန္တူညီတာေၾကာင့္ ၂ေယာက္အတူ ေဆးခန္းသြားျပၾကၿပီး အရာရာအတူတူပိုလုပ္ျဖစ္တာေၾကာင့္ ပိုမိုနီးစပ္တယ္လို႔ ခံစားခဲ့ရတယ္လို႔ သူတို႔ညီအမကဆိုပါတယ္။



ကြၽန္မတို႔ ညီအမ၂ေယာက္ ဘယ္ေလာက္ေသြးနီးၾကတယ္ဆိုတာကိုလည္း ကေလးေတြ သိလာေအာင္ ကြၽန္မတို႔ႀကိဳးစားမွာပါ။ သူတို႔ေလးေတြကိုလည္း အတူတူမွ်ေဝတဲ့ ညီအမေတြျဖစ္ေအာင္ ပ်ိဳးေထာင္မွာပါ လို႔ Bao Kou ကဆိုပါတယ္။

Writer -LLA ( Shwe Yaung Lan )


Unicode ဖြင့်ဖတ်ရန်

အမွှာညီအမက တစ်ချိန်တည်း ကိုယ်ဝန်ဆောင်ပြီး တစ်ရက်တည်း ကလေးတူတူမွေး


အင်္ကျီဆင်တူလေးတွေ ဆံပင်ပုံစံဆင်တူလေးတွေနဲ့ ချစ်စရာ အမြွှာညီအမတော်တော်များများကို ပရိသတ်ကြီး တွေ့မြင်ဖူးကြမှာပါ။

အမြွှာတွေမှာ သွေးသားဆက်နွယ်မှုကြောင့် တူညီစွာဖြစ်ပျက်တတ်ကြတဲ့အရာတွေရှိတတ်ကြပါတယ်။



ကယ်လီဖိုးနီးယားက Bao Kou Julie Yang နဲ့Bao Nhia Julia Yang အမည်ရှိတဲ့ အမြွှာညီအမ၂ယောက်ကတော့ ချစ်ဖို့ကောင်းတဲ့ ကလေး၂ဦးကို တစ်နေ့ထဲမှာပဲမွေးဖွားခဲ့တာပါ။

တနေ့ထဲမှာ ကလေး၂ဦးကိုမွေးခဲ့ပေမယ့် Bao Kou အတွက်တော့ ပထမဦးဆုံးကလေးဖြစ်ပြီး Nhia ကတော့ တတိယမြောက်ကလေးဖြစ်တယ်လို့ သိရပါတယ်။

Bao Kou မွေးပြီး ၂နာရီအကြာမှာ ညီမဖြစ်သူမွေးခဲ့တာဖြစ်ပြီး သူ့ညီမဘေးအခန်းမှာ မွေးနေခဲ့တာ သူမသိဘူးလို့ Bao Kou ကဆိုပါတယ်။



ကလေးလေးတွေဟာ မွေးမယ့်ရက်ထက် တစ်ပတ်ကြိုမွေးခဲ့တယ်ဆိုပေမယ့် ကျန်းမာကြတယ်လို့ သိရပါတယ်။

ညီအမနှစ်ယောက် ကိုယ်ဝန်ဆောင်ချိန်တူညီတာကြောင့် ၂ယောက်အတူ ဆေးခန်းသွားပြကြပြီး အရာရာအတူတူပိုလုပ်ဖြစ်တာကြောင့် ပိုမိုနီးစပ်တယ်လို့ ခံစားခဲ့ရတယ်လို့ သူတို့ညီအမကဆိုပါတယ်။



ကျွန်မတို့ ညီအမ၂ယောက် ဘယ်လောက်သွေးနီးကြတယ်ဆိုတာကိုလည်း ကလေးတွေ သိလာအောင် ကျွန်မတို့ကြိုးစားမှာပါ။ သူတို့လေးတွေကိုလည်း အတူတူမျှဝေတဲ့ ညီအမတွေဖြစ်အောင် ပျိုးထောင်မှာပါ လို့ Bao Kou ကဆိုပါတယ်။

Writer -LLA ( Shwe Yaung Lan )


Previous
Next Post »
Powered by Blogger.