အျပာကားၾကည့္ေတာ့မွ အစ္ကိုျဖစ္သူနဲ႔လက္ထပ္မယ့္သူက အျပာမယ္မွန္းသိခဲ့ရတဲ့အျဖစ္




Zawgyi ျဖင့္ဖတ္ရန္


ျဖစ္ရပ္ေတြကေတာ့ ဆန္းက်ယ္လြန္းလွပါတယ္။ ႏွစ္နဲ႔ခ်ီတြဲလာတဲ့ သူက ကိုယ့္ခ်စ္သူအျပာမယ္လုပ္ေနမွန္းမရိပ္မိဘဲ ခဏလာလည္တဲ့ညီျဖစ္သူေျပာကာမွ အျပာမွန္းသိလိုက္ရတဲ့အျဖစ္ပါ။ ဒီအေၾကာင္းကို ကာယကံရွင္ကိုယ္တုိင္သူ႕ရဲ႕ Weibo account မွာ တင္လာခဲ့တာပါ။


ျဖစ္ပံုကေတာ့ ဒီလို။ တရုတ္ႏုိင္ငံမွ ကာယကံရွင္ေကာင္ေလးက ၾသဇီမွာေက်ာင္းသြားတက္ခဲ့ပါတယ္။ ေက်ာင္းတက္ရင္း ၿသဇီမွာပဲ ေကာင္မေလးတစ္ေယာက္နဲ႔ဆံုခဲ့သတဲ့။ ေကာင္မေလးကလည္း သူ႔လိုပဲေက်ာင္းလာတက္တဲ့တရုတ္မေလး။ ခ်စ္ဖို႔ေကာင္္းၿပီး သြက္သြက္လက္လက္ကေလးပါပဲ။ေနာက္ၿပီးစာၾကမ္းပိုးေလးပါတဲ့ေလ။ သူနဲ႔တြဲေနတုန္းမွာတင္ကို စာၾကည့္တုိက္သြားၿပီးတစ္ေယာက္တည္း စာသြားသြားက်က္တဲ့ ေကာင္မေလးဆိုေတာ့။ သူ႕အေနနဲ႔ ဒီလိုေကာင္မေလးကို လက္ထပ္ဖို႔အထိ ရည္ရြယ္ထားခဲ့တာပါ။ ေက်ာင္းၿပီးရင္ တရုတ္ကိုျပန္မယ္၊ ႏွစ္ေယာက္သားလက္ထပ္မယ္ေပ့ါ။ မိဘေတြကိုလည္း အားလံုးဖြင့္ေျပာၿပီးလို႔ သေဘာတူၿပီးေနၿပီ။



တစ္ရက္က်ေတာ့ တရုတ္ျပည္က ေကာင္ေလးရဲ႕ညီလာလည္ခဲ့ပါတယ္။၂ ပတ္ေလာက္ ေကာင္ေလးအိမ္မွာ ေနသြားခဲ့ကာ တရုတ္ျပည္ျပန္သြားခဲ့ပါတယ္။ တရုတ္ကို ျပန္သြားေတာ့မွ ေကာင္ေလးထံ စာတစ္ေစာင္ပို႔ခဲ့တယ္တဲ့။ “မင္းေကာင္မေလးနဲ႔ ျမန္ျမန္လမ္းခြဲလိုက္ေတာ့” ဆိုတဲ့စာနဲ႔ website link တစ္ခုကိုပါ ခ်ိတ္ေပးခဲ့တယ္။ Website link ကို ႏွိပ္လိုက္တဲ့အခါမွာေတာ့ အျပာကားေတြတင္ထားတဲ့ ဆုိဒ္တစ္ခုထဲကို ေရာက္သြားခဲ့ပါတယ္။ ေနာက္ ဗီဒီယိုတစ္ခု..


ဗီဒီယိုမွာ သူနဲ႔သိပ္ကိုရင္းႏွီးတဲ့ မ်က္ႏွာတစ္ခုကို ေတြ႕ခဲ့ရပါတယ္။ အဲဒီမ်က္ႏွာပိုင္ရွင္ဟာ အက်ႌေတြတစ္လႊာၿပီးတစ္လႊာခၽြတ္ေနၿပီ၊ ေနာက္ အမ်ိဳးသားတစ္ေယာက္ေပၚ.. သူဆံုးေအာင္ေတာင္ ဆက္မၾကည့္ႏုိင္ေတာ့ပါဘူး။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေသခ်ာစဥ္းစားတယ္။ ဒီဗီဒီယုိေတြဟာ သူနဲ႔မေတြ႕ခင္တုန္းကလား။ ဒါေပမဲ့ ဝတ္ထားတဲ့အက်ႌ၊ ဆံပင္ပံုစံ၊ မ်က္ႏွာအေနအထားအားလံုးဟာ လက္ရွိပံုစံေတြခ်ည္းပဲ။ ေနာက္ဆံုးေတာ့ ခ်စ္သူကို message လွမ္းပို႔ခဲ့တယ္။





“ဒါကိုသိလား” “ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာေျပာခ်င္လဲ” လို႔ေမးလိုက္ခဲ့တယ္။ ေကာင္မေလးက ခ်က္ခ်င္းပဲ သိသာေနတဲ့ဟာကို မေမးပါနဲ႔တဲ့ေလ။ အျပာကားရိုက္တာအျပင္ကိုမွ ဖုန္းဆက္ေခၚရင္လည္း လိုက္တဲ့ေကာင္မေလးမ်ိဳးျဖစ္လို႔ေနခဲ့ပါတယ္။ ဒါေပမဲ့လည္း ေကာင္ေလးလိုခ်င္တာက ေကာင္မေလးဆီက ေကာင္းေကာင္းမြန္မြန္နဲ႔ဝန္ခံတာပါ။ ဒါေပမဲ့ ေကာင္မေလးဆက္ဆံတာက ျဖစ္ကတတ္ဆန္းပဲ။ ဒီလိုသိသြားၿပီဆိုေတာ့လည္း လုပ္ခ်င္ရာလုပ္တဲ့ေလ



ဒီလိုေတြျဖစ္ေနတာေတင္မွပဲ ေကာင္ေလးဖက္က ေကာင္မေလးကို လက္ထပ္ခ်င္ေနဆဲပါပဲ။ ဒါေပမဲ့ ေကာင္မလေးကေတာ့ ဒီအေတာအတြင္း သူတို႔ႏွစ္ေယာက္ၾကားက အျဖစ္အပ်က္ေတြ၊ ေကာင္ေလးခ်စ္ေပးခဲ့တာေတြကိုမွမေထာက္ဘဲ စကားေတြကို လက္လြတ္စပယ္ေတြ ေျပာလာခဲ့တဲ့အတြက္ ေကာင္ေလးဖက္က လက္ေလွ်ာ့ကာ ဒီလိုလုပ္စားေနတယ္ဆိုတာ ေကာင္မေလးအေဖကိုေတာ့ ေျပာမွျဖစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ေပမယ့္ တကယ္လည္း မေျပာျဖစ္ခဲ့ပါဘူးတဲ့။ေနာက္ဆံုးေကာင္ေလးကေတာ့ စီစဥ္ထားတဲ့အတိုင္း တရုတ္ျပည္ကိုတစ္ေယာက္တည္း ျပန္လာခဲ့ပါတယ္။ ေကာင္မေလးကေတာ့ ၾသဇီမွာပဲ က်န္ခဲ့ပါေတာ့တယ္။ ရုပ္ရွင္ဆန္တဲ့အျဖစ္အပ်က္မ်ိဳးေတြ တကယ့္လက္ေတြ႕မွာလည္း ျဖစ္ႏုိင္တာပါပဲလားေနာ္။

share from: burmese.asia

Unicode ဖြင့်ဖတ်ရန်

အပြာကားကြည့်တော့မှ အစ်ကိုဖြစ်သူနဲ့လက်ထပ်မယ့်သူက အပြာမယ်မှန်းသိခဲ့ရတဲ့အဖြစ်


ဖြစ်ရပ်တွေကတော့ ဆန်းကျယ်လွန်းလှပါတယ်။ နှစ်နဲ့ချီတွဲလာတဲ့ သူက ကိုယ့်ချစ်သူအပြာမယ်လုပ်နေမှန်းမရိပ်မိဘဲ ခဏလာလည်တဲ့ညီဖြစ်သူပြောကာမှ အပြာမှန်းသိလိုက်ရတဲ့အဖြစ်ပါ။ ဒီအကြောင်းကို ကာယကံရှင်ကိုယ်တိုင်သူ့ရဲ့ Weibo account မှာ တင်လာခဲ့တာပါ။


ဖြစ်ပုံကတော့ ဒီလို။ တရုတ်နိုင်ငံမှ ကာယကံရှင်ကောင်လေးက သြဇီမှာကျောင်းသွားတက်ခဲ့ပါတယ်။ ကျောင်းတက်ရင်း သြဇီမှာပဲ ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့သတဲ့။ ကောင်မလေးကလည်း သူ့လိုပဲကျောင်းလာတက်တဲ့တရုတ်မလေး။ ချစ်ဖို့ကောင်းပြီး သွက်သွက်လက်လက်ကလေးပါပဲ။နောက်ပြီးစာကြမ်းပိုးလေးပါတဲ့လေ။ သူနဲ့တွဲနေတုန်းမှာတင်ကို စာကြည့်တိုက်သွားပြီးတစ်ယောက်တည်း စာသွားသွားကျက်တဲ့ ကောင်မလေးဆိုတော့။ သူ့အနေနဲ့ ဒီလိုကောင်မလေးကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့တာပါ။ ကျောင်းပြီးရင် တရုတ်ကိုပြန်မယ်၊ နှစ်ယောက်သားလက်ထပ်မယ်ပေ့ါ။ မိဘတွေကိုလည်း အားလုံးဖွင့်ပြောပြီးလို့ သဘောတူပြီးနေပြီ။



တစ်ရက်ကျတော့ တရုတ်ပြည်က ကောင်လေးရဲ့ညီလာလည်ခဲ့ပါတယ်။၂ ပတ်လောက် ကောင်လေးအိမ်မှာ နေသွားခဲ့ကာ တရုတ်ပြည်ပြန်သွားခဲ့ပါတယ်။ တရုတ်ကို ပြန်သွားတော့မှ ကောင်လေးထံ စာတစ်စောင်ပို့ခဲ့တယ်တဲ့။ “မင်းကောင်မလေးနဲ့ မြန်မြန်လမ်းခွဲလိုက်တော့” ဆိုတဲ့စာနဲ့ website link တစ်ခုကိုပါ ချိတ်ပေးခဲ့တယ်။ Website link ကို နှိပ်လိုက်တဲ့အခါမှာတော့ အပြာကားတွေတင်ထားတဲ့ ဆိုဒ်တစ်ခုထဲကို ရောက်သွားခဲ့ပါတယ်။ နောက် ဗီဒီယိုတစ်ခု..


ဗီဒီယိုမှာ သူနဲ့သိပ်ကိုရင်းနှီးတဲ့ မျက်နှာတစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒီမျက်နှာပိုင်ရှင်ဟာ အင်္ကျီတွေတစ်လွှာပြီးတစ်လွှာချွတ်နေပြီ၊ နောက် အမျိုးသားတစ်ယောက်ပေါ်.. သူဆုံးအောင်တောင် ဆက်မကြည့်နိုင်တော့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာစဉ်းစားတယ်။ ဒီဗီဒီယိုတွေဟာ သူနဲ့မတွေ့ခင်တုန်းကလား။ ဒါပေမဲ့ ဝတ်ထားတဲ့အင်္ကျီ၊ ဆံပင်ပုံစံ၊ မျက်နှာအနေအထားအားလုံးဟာ လက်ရှိပုံစံတွေချည်းပဲ။ နောက်ဆုံးတော့ ချစ်သူကို message လှမ်းပို့ခဲ့တယ်။



“ဒါကိုသိလား” “ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ” လို့မေးလိုက်ခဲ့တယ်။ ကောင်မလေးက ချက်ချင်းပဲ သိသာနေတဲ့ဟာကို မမေးပါနဲ့တဲ့လေ။ အပြာကားရိုက်တာအပြင်ကိုမှ ဖုန်းဆက်ခေါ်ရင်လည်း လိုက်တဲ့ကောင်မလေးမျိုးဖြစ်လို့နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ကောင်လေးလိုချင်တာက ကောင်မလေးဆီက ကောင်းကောင်းမွန်မွန်နဲ့ဝန်ခံတာပါ။ ဒါပေမဲ့ ကောင်မလေးဆက်ဆံတာက ဖြစ်ကတတ်ဆန်းပဲ။ ဒီလိုသိသွားပြီဆိုတော့လည်း လုပ်ချင်ရာလုပ်တဲ့လေ



ဒီလိုတွေဖြစ်နေတာတေင်မှပဲ ကောင်လေးဖက်က ကောင်မလေးကို လက်ထပ်ချင်နေဆဲပါပဲ။ ဒါပေမဲ့ ကောင်မလေးကတော့ ဒီအတောအတွင်း သူတို့နှစ်ယောက်ကြားက အဖြစ်အပျက်တွေ၊ ကောင်လေးချစ်ပေးခဲ့တာတွေကိုမှမထောက်ဘဲ စကားတွေကို လက်လွတ်စပယ်တွေ ပြောလာခဲ့တဲ့အတွက် ကောင်လေးဖက်က လက်လျှော့ကာ ဒီလိုလုပ်စားနေတယ်ဆိုတာ ကောင်မလေးအဖေကိုတော့ ပြောမှဖြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် တကယ်လည်း မပြောဖြစ်ခဲ့ပါဘူးတဲ့။နောက်ဆုံးကောင်လေးကတော့ စီစဉ်ထားတဲ့အတိုင်း တရုတ်ပြည်ကိုတစ်ယောက်တည်း ပြန်လာခဲ့ပါတယ်။ ကောင်မလေးကတော့ သြဇီမှာပဲ ကျန်ခဲ့ပါတော့တယ်။ ရုပ်ရှင်ဆန်တဲ့အဖြစ်အပျက်မျိုးတွေ တကယ့်လက်တွေ့မှာလည်း ဖြစ်နိုင်တာပါပဲလားနော်။

share from: burmese.asia


Previous
Next Post »
Powered by Blogger.