Project K ျမန္မာေကေပါ့ပ္အဖြဲ႕ကို ကိုရီးယားတြင္ ေလ့က်င့္ေပးရန္ ေဒၚေအာင္ဆန္းစုၾကည္ ေတာင္းဆို





Zawgyi ျဖင့္ဖတ္ရန္

ျမန္မာေကေပါ့ပ္ေတးဂီတအဖြဲ႕ Project K ကို ကိုရီးယားႏိုင္ငံမွာ ေလ့က်င့္သင္ၾကားေပးဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က သမၼတမြန္းကို ေတာင္းဆိုခဲ့တယ္လို႔ ကိုရီးယားႏိုင္ငံအေျခစိုက္ arirang.com သတင္းမွာ ေဖာ္ျပပါတယ္။

ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ဟာ အာဆီယံ-ကိုရီးယားထိပ္သီးအစည္းအေဝးနဲ႔ ပထမ အႀကိမ္ မဲေခါင္-ကိုရီးယားထိပ္သီးအစည္းအေဝး တက္ေရာက္ဖို႔ ေတာင္ကိုရီးယားႏိုင္ငံမွာ ေရာက္ရွိ စဥ္ ႏိုဝင္ဘာ ၂၆ ရက္က ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အင္းနဲ႔ ေတြ႕ဆုံခ်ိန္မွာ ခုလိုေျပာခဲ့တာ ျဖစ္ပါတယ္။



မြန္းေဂ်အင္းကေတာ့ Project K အဖြဲ႕ကို ျပဳစုပ်ိဳးေထာင္တာဟာ ႏွစ္ႏိုင္ငံၾကား ပိုမိုအား ေကာင္းတဲ့ ယဥ္ေက်းမႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈရဲ႕သေကၤတျဖစ္လာေစမွာ ျဖစ္ၿပီး ေထာက္ပံ့ ကူညီေပးမႈေတြ လုပ္ေဆာင္သြားဖို႔ ကတိေပးခဲ့တာပါ။

လူငယ္ေကေပါ့ပ္ပရိသတ္ေတြၾကားမွာ ေရပန္းစား လူသိမ်ားတဲ့ ျမန္မာေကေပါ့ပ္ အကအဖြဲ႕ Project K ဟာ အမ်ိဳးသား လူငယ္ ၇ ေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕ျဖစ္ပါ တယ္။





သူတို႔အဖြဲ႕ဟာ ၂၀၁၆ ခုႏွစ္က ကိုရီးယာႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ Seoul K-Pop International Cover Dance မွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ဒုတိယဆုကို ဆြတ္ခူး ႏိုင္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ျမန္မာအကနဲ႔ ကိုရီးယားအက ေပါင္းစပ္တီထြင္ သ႐ုပ္ေဖာ္ကျပမႈေတြနဲ႔ အတူ နာမည္ႀကီးလာခဲ့တာပါ။

မႏွစ္ကေတာ့ သူတို႔အဖြဲ႕ဟာ The Beginning အမည္နဲ႔ ေတးအယ္လ္ဘမ္တခ်ပ္ ထြက္ရွိထား ၿပီး Project K အဖြဲ႕မွာ ထက္ဘုန္းႏိုင္၊ ဝီလွ်ံ၊ ဘုန္းေနမင္း၊ ဘုန္းေနလင္း၊ ဟိန္းရာ၊ ရဲရင့္ေသာ္၊ မင္းခန႔္ဟိန္းတို႔ ပါဝင္ပါတယ္။

credit: dVB



Unicode ဖြင့်ဖတ်ရန်

Project K မြန်မာကေပေါ့ပ်အဖွဲ့ကို ကိုရီးယားတွင် လေ့ကျင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့ Project K ကို ကိုရီးယားနိုင်ငံမှာ လေ့ကျင့်သင်ကြားပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သမ္မတမွန်းကို တောင်းဆိုခဲ့တယ်လို့ ကိုရီးယားနိုင်ငံအခြေစိုက် arirang.com သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေးနဲ့ ပထမ အကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိ စဉ် နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံချိန်မှာ ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။



မွန်းဂျေအင်းကတော့ Project K အဖွဲ့ကို ပြုစုပျိုးထောင်တာဟာ နှစ်နိုင်ငံကြား ပိုမိုအား ကောင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့သင်္ကေတဖြစ်လာစေမှာ ဖြစ်ပြီး ထောက်ပံ့ ကူညီပေးမှုတွေ လုပ်ဆောင်သွားဖို့ ကတိပေးခဲ့တာပါ။

လူငယ်ကေပေါ့ပ်ပရိသတ်တွေကြားမှာ ရေပန်းစား လူသိများတဲ့ မြန်မာကေပေါ့ပ် အကအဖွဲ့ Project K ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါ တယ်။



သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူး နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့ အတူ နာမည်ကြီးလာခဲ့တာပါ။

မနှစ်ကတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထား ပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။

credit: dVB



Previous
Next Post »
Powered by Blogger.