Zawgyiျဖင့္ဖတ္ရန္
ပရိသတ္ေတြခ်စ္ၾကတဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္ကေတာ့ သူခ်စ္တဲ့ အနုပညာအလုပ္ေတြ၊ ပရိသတ္ေတြနဲ့ သမီးေလးကို စိတ္ခ်လက္ခ် ထားရစ္ခဲ့ျပီး တမလြန္ဘဝကို ကူးေျပာင္းသြားခဲ့ျပီ ျဖစ္ပါတယ္။ ရုပ္ရွင္နဲ့ ဗီဒီယိုသရုပ္ေဆာင္ ကစ္ကစ္က ျပီးခဲ့တဲ့ နိုဝင္ဘာလ (၂၆) ရက္ေန့ နံနက္ (၁၀ နာရီ ၄၀ မိနစ္) မွာ ရန္ကုန္ျမိဳ့ ကုတင္ (၅၀၀) အထူးကုေဆးရံုၾကီးမွာ ကြယ္လြန္သြားခဲ့တာပဲ ျဖစ္ပါတယ္။
ကြယ္လြန္သူ ကစ္ကစ္ရဲ့ ရုပ္အေလာင္းကို ဒီကေန့ နိုဝင္ဘာလ (၂၈) ရက္ေန့ ညေန (၃) နာရီအခ်ိန္က ေရေဝးသုသာန္မွာ မီးသျဂိဳဟ္ခဲ့တာပဲ ျဖစ္ပါတယ္။ မုိုမိုေလးပရိသတ္ေတြအတြက္ ကစ္ကစ္ရဲ့ စ်ာပန အခမ္းအနားျမင္ကြင္းေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။
ကစ္ကစ္ရဲ့ စ်ာပနအခမ္းအနားကို မိသားစုမိတ္ေဆြေတြ၊ အနုပညာရွင္ေတြနဲ့ ကစ္ကစ္ကို အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြမ်ားစြာ စည္စည္ကားကား တက္ေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။
ကစ္ကစ္ကို ျပုစုေစာင့္ေရွာက္ေပးျပီး မီးသျဂိဳဟ္တဲ့အခ်ိန္အထိ အစစအရာရာ တာဝန္ယူေပးခဲ့တဲ့ မင္သမီး ခင္သဇင္ကလည္း "မကစ္ရဲ႕ ေနာက္ဆုံးခရီးေလးမွာ ဧည့္ပရိသတ္မရွိပဲ မစည္မွာ တအားစိုးရိမ္ေနခဲ့တာ အခုေတာ့ ေမွ်ာ္လင့္ထားသလို ဧည့္ပရိတ္သတ္အျပည့္ပဲမို႔လို႔ မေရ ....မရဲ႕ ေနာက္ဆုံးခရီးက မရဲ႕ ေအာင္ျမင္ ျခင္းျပပုဂ္ တစ္ခုပါပဲ။ မအတြက္ ဂုဏ္ယူပါတယ္ မ " ဆိုျပီး မွ်ေဝထားပါတယ္။
ကစ္ကစ္က ကြယ္လြန္သြားတဲ့အခ်ိန္မွာ အသက္ (၄၈) နွစ္ရိွျပီျဖစ္ျပီး ဇြန္ပြင့္ဆိုတဲ့ သမီးေလးတစ္ေယာက္သာ က်န္ရစ္ခဲ့တာ ျဖစ္ပါတယ္။ သမီးေလးတစ္ေယာက္တည္းသာ က်န္ရစ္ခဲ့တာမို့ ပရိသတ္ေတြက ဝမ္းနည္းေနၾကတာ ျဖစ္ပါတယ္။
ကစ္ကစ္ကေတာ့ သူခ်စ္တဲ့သူေတြကို အၿပီးတိုင္ ႏႈတ္ဆက္သြားၿပီပဲ ျဖစ္ပါတယ္။ ကစ္ကစ္တစ္ေယာက္ ေကာင္းရာမြန္ရာ ဘံုဘဝမွာ ေအးခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Rowena
Source: Momolay Tv & Khin Thazin's fb
Credit:momolay
Unicodeဖြင့်ဖတ်ရန်
အနုပညာရှင်နဲ့ ပရိသတ်တွေစည်စည်ကားကားနဲ့ လိုက်လံပို့ဆောင်ပေးခဲ့ကြတဲ့ ကစ်ကစ်ရဲ့နောက်ဆုံးခရီး
ပရိသတ်တွေချစ်ကြတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကတော့ သူချစ်တဲ့ အနုပညာအလုပ်တွေ၊ ပရိသတ်တွေနဲ့ သမီးလေးကို စိတ်ချလက်ချ ထားရစ်ခဲ့ပြီး တမလွန်ဘဝကို ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ကစ်ကစ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက် (၁၀ နာရီ ၄၀ မိနစ်) မှာ ရန်ကုန်မြို့ ကုတင် (၅၀၀) အထူးကုဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ကွယ်လွန်သူ ကစ်ကစ်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ (၃) နာရီအချိန်က ရေဝေးသုသာန်မှာ မီးသဂြိုဟ်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ကစ်ကစ်ရဲ့ ဈာပန အခမ်းအနားမြင်ကွင်းတွေကို မျှဝေပေးလိုက်ပါတယ်နော်။
ကစ်ကစ်ရဲ့ ဈာပနအခမ်းအနားကို မိသားစုမိတ်ဆွေတွေ၊ အနုပညာရှင်တွေနဲ့ ကစ်ကစ်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေများစွာ စည်စည်ကားကား တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ကစ်ကစ်ကို ပြုစုစောင့်ရှောက်ပေးပြီး မီးသဂြိုဟ်တဲ့အချိန်အထိ အစစအရာရာ တာဝန်ယူပေးခဲ့တဲ့ မင်သမီး ခင်သဇင်ကလည်း "မကစ်ရဲ့ နောက်ဆုံးခရီးလေးမှာ ဧည့်ပရိသတ်မရှိပဲ မစည်မှာ တအားစိုးရိမ်နေခဲ့တာ အခုတော့ မျှော်လင့်ထားသလို ဧည့်ပရိတ်သတ်အပြည့်ပဲမို့လို့ မရေ ....မရဲ့ နောက်ဆုံးခရီးက မရဲ့ အောင်မြင် ခြင်းပြပုဂ် တစ်ခုပါပဲ။ မအတွက် ဂုဏ်ယူပါတယ် မ " ဆိုပြီး မျှဝေထားပါတယ်။
ကစ်ကစ်က ကွယ်လွန်သွားတဲ့အချိန်မှာ အသက် (၄၈) နှစ်ရှိပြီဖြစ်ပြီး ဇွန်ပွင့်ဆိုတဲ့ သမီးလေးတစ်ယောက်သာ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ သမီးလေးတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တာမို့ ပရိသတ်တွေက ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။
ကစ်ကစ်ကတော့ သူချစ်တဲ့သူတွေကို အပြီးတိုင် နှုတ်ဆက်သွားပြီပဲ ဖြစ်ပါတယ်။ ကစ်ကစ်တစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Rowena
Source: Momolay Tv & Khin Thazin's fb
Credit:momolay
Sign up here with your email




ConversionConversion EmoticonEmoticon