ထိုင္းႏိုင္ငံ လမ္းမမ်ားေပၚ ႀကီးထြားလာေနသည့္ အခေပး လိင္မႈစီးပြားေရး မ်က္ႏွာစာ




Zawgyi ျဖင့္ဖတ္ရန္


ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ ဘန္ေကာက္ရဲ႕ လမ္းမ လမ္းသြယ္ေတြေပၚမွာ တေန႔တျခား ပိုမိုႀကီးထြားလာေနတဲ့ အိမ္ေျခရာမဲ့ေတြရဲ႕ အခေပး လိင္မႈစီးပြားေရးမ်က္ႏွာစာနဲ႔ ရွင္သန္ ေနထိုင္ရမႈေတြကို ထိုင္းဘာသာနဲ႔ ထုတ္ေဝတဲ့ ထိုင္းရတ္သတင္းတပုဒ္မွာ ေရးသားေဖာ္ျပထားပါတယ္။

အိမ္ေျခရာမဲ့ေတြနဲ႔ပတ္သက္တဲ့ ကြၽမ္းက်င္သူတဦးကေတာ့ ဘန္ေကာက္ၿမိဳ႕ရဲ႕ တခ်ိဳ႕ေသာ ေနရာေတြမွာ က်င္လည္ က်က္စးေနၾကသူေတြရဲ႕ ၆၀ ရာခိုင္ႏႈန္းဟာ အ သက္အ႐ြယ္ႀကီးသူေတြ ျဖစ္ၾကတယ္လို႔ ေျပာပါတယ္။

ကေလးလိင္လုပ္သားေတြ အပါအဝင္ အမ်ားစုဟာ ဘတ္ေငြ ရာဂဏန္းေလာက္သာ ရရွိၾကၿပီး သူတို႔ဟာ လိင္အာသာေျဖလိုၾကတဲ့ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕တဲ့ေနသူေတြ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ စတဲ့ လူေတြဆီမွာ လိင္ေရာင္းကုန္အျဖစ္ ရွင္သန္ရပ္တည္ၾကရတယ္လို႔ ဆိုပါတယ္။

အိမ္ေျခရာမဲ့ေတြကို ကာကြယ္ေစာင့္ေရွာက္ေပးေနတဲ့ ေအဂ်င္စီတခုမွ တာဝန္ရွိ အမ်ိဳးသမီး အက္ထ္ခ်ရာ ဆိုရာဝရီက ၂၀၁၇ ခုႏွစ္ရဲ႕ မွတ္တမ္းေတြအရ ဘန္ေကာက္မွာ အိမ္ေျခရာမဲ့ ဦးေရဟာ ၃၆၃၀ ရွိၿပီး အမ်ိဳးသား ၂၂၀၃ ဦးနဲ႔ အမ်ိဳးသမီး ၁၄၂၇ ဦး ပါဝင္ေနတယ္လို႔ ထိုင္းရတ္သတင္းဌာနကို ေျပာပါတယ္။

၂၀၁၆ ခုႏွစ္မွာ ရွိခဲ့တဲ့ အိမ္ေျခရာမဲ့ ဦးေရ ၁၇၅ ဦးနဲ႔ ႏႈိင္းစာရင္ေတာ့ ပိုမိုမ်ားျပားလာတာမို႔ ဒါဟာ စီးပြားေရးဆိုင္ရာ အေၾကာင္းတရားေတြအေပၚ သက္ဆိုင္ရာ တာဝန္ရွိသူေတြကို ေဝဖန္ျပစ္တင္စရာ ျဖစ္လာေနတယ္လို႔ ဆိုပါတယ္။

ဘန္ေကာက္ၿမိဳ႕ လမ္းမေတြေပၚ က်င္လည္ က်က္စားေနသူေတြကို ခြဲျခားၾကည့္လိုက္မယ္ ဆိုရင္ေတာ့ လုံးဝ ေနစရာမရွိတဲ့ အိမ္ေျခရာမဲ့ေတြ၊ ယာယီေနထိုင္စရာ မရွိသူေတြ၊ အရက္ေသစာ ေသာက္စားမူး႐ူးေနသူေတြ အပါအဝင္ စိတ္အေျခအေန မူမွန္မဟုတ္သူေတြကိုပါ ေတြ႕ေနရတာပါ။

အဲဒီထဲမွာ ႏိုင္ငံျခားသားဦးေရ ၂၀ ေလာက္ ပါဝင္ေနေသးၿပီး သက္ဆိုင္တဲ့ ဧရိယာအလိုက္ ဖရာနခြန္ေဒသမွ ၆၂၄ ဦး၊ ဘန္ဆူေဒသမွ ၃၀၄ ဦး၊ ခ်က္တူဂ်က္ေဒသမွ ၂၅၂ ဦးနဲ႔ ပါထမ္ဝမ္ေဒသမွ ၂၂၀ ဦး ပါဝင္တယ္လို႔ ဆိုပါတယ္။

ႏွစ္စဥ္ လမ္းမေတြေပၚ ေရာက္လာၾကတဲ့ လူေတြ ဒါဇင္နဲ႔ခ်ီရွိေနၿပီး တေယာက္ဆိုရင္ လမ္းေပၚမွာ အသက္ ၁၈ ႏွစ္အ႐ြယ္ကတည္းက ေနထိုင္ခဲ့ၿပီး ၃၆ ႏွစ္အၾကာမွာ ေသဆုံးသြားခဲ့ရတယ္လို႔ ဆိုပါတယ္။

ကေလးငယ္ အမ်ားစုကေတာ့ မိဘေတြ စြန႔္ပစ္ခံရမႈေၾကာင့္ ေရာက္လာတာေတြလည္း ရွိၿပီး လိင္ေရာင္းကုန္အျဖစ္ ရွင္သန္ေနထိုင္ၾကတာကေတာ့ သက္ဆိုင္ရာက အေလးေပး သတိျပဳစရာ ျဖစ္လာေနတယ္လို႔ အက္ထ္ခ်ရာက ေျပာပါတယ္။

လက္ရွိမွာေတာ့ အခေပး လိင္ေရာင္းကုန္အျဖစ္ က်င္လည္ရွင္သန္ေနၾကတဲ့ အိမ္ေျခရာမဲ့ဦးေရ ၈၀၀ နဲ႔ ၁၀၀၀ ၾကားေလာက္ရွိေနၿပီး သူတို႔ထဲက ၆၀ ရာခိုင္ႏႈန္းကေတာ့ အသက္အ႐ြယ္ႀကီးသူေတြ ျဖစ္ၾကပါတယ္။

ေလ့လာမႈေတြအရ အသက္အႀကီးဆုံး လိင္အလုပ္သမရဲ႕ အ႐ြယ္ဟာ ၈၃ ႏွစ္ျဖစ္ၿပီး ခုခ်ိန္ထိ ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္ကာ အငယ္ဆုံး မိန္းကေလးကေတာ့ ၁၂ ႏွစ္အ႐ြယ္ထိ ရွိေနတယ္လို႔ ဆိုပါတယ္။

အမ်ိဳးသားတဦးဆိုရင္ သူ႔အသက္ ၄၆ ႏွစ္မွာ လိင္ေရာင္းကုန္အျဖစ္ စတင္ခဲ့ရၿပီး အေစာဆုံး လိင္ေရာင္းကုန္ ျဖစ္ခဲ့ရတာကေတာ့ အသက္ ၈ ႏွစ္မွာ စတင္ခဲ့ရသူလည္း ရွိတယ္လို႔ အက္ထ္ခ်ရာက ေျပာပါတယ္။

လိင္ေရာင္းကုန္အျဖစ္ က်င္လည္ေနၾကရသူေတြထဲက တခ်ိဳ႕ကေတာ့ အမွန္တကယ္ အခေၾကးေငြရသူေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။

တခ်ိဳ႕စစ္သားေတြရဲ႕ ပစ္ပယ္ခံထားရတယ္လို႔ ခံစားေနရတဲ့ ဇနီးသည္ေတြ အပါအဝင္ ခ႐ိုင္အသီးသီးက အစိုးရ အရပ္ဘက္ဆိုင္ရာ ဝန္ထမ္းေတြအထိ ပါဝင္ေနၿပီး လိင္အေရာင္းအဝယ္ လုပ္ေနၾကတာမို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြက ဒီအေျခအေနကို အေလးထား ေစာင့္ၾကည့္ဖို႔ လိုအပ္ေနတာပါ။

ခုလိုအေျခအေနနဲ႔ ရွင္သန္ရပ္တည္ၿပီး ေသဆုံးခ်ိန္မွာ အမႈိက္ပုံးထဲကို ပစ္ထုတ္ ရွင္းလင္းလိုက္သလို ျဖစ္ေနရတဲ့ ဘဝေတြဟာ မျဖစ္သင့္ဘဲ အစိုးရက သူတို႔ကို ကာကြယ္ေပးႏိုင္ဖို႔ လိုအပ္ေနၿပီျဖစ္တယ္လို႔ အက္ထ္ခ်ရာက ေျပာပါတယ္။

share form: xyznews


Unicode ဖြင့်ဖတ်ရန်

ထိုင်းနိုင်ငံ လမ်းမများပေါ် ကြီးထွားလာနေသည့် အခပေး လိင်မှုစီးပွားရေး မျက်နှာစာ




ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရဲ့ လမ်းမ လမ်းသွယ်တွေပေါ်မှာ တနေ့တခြား ပိုမိုကြီးထွားလာနေတဲ့ အိမ်ခြေရာမဲ့တွေရဲ့ အခပေး လိင်မှုစီးပွားရေးမျက်နှာစာနဲ့ ရှင်သန် နေထိုင်ရမှုတွေကို ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ထိုင်းရတ်သတင်းတပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

အိမ်ခြေရာမဲ့တွေနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတဦးကတော့ ဘန်ကောက်မြို့ရဲ့ တချို့သော နေရာတွေမှာ ကျင်လည် ကျက်စးနေကြသူတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အ သက်အရွယ်ကြီးသူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

ကလေးလိင်လုပ်သားတွေ အပါအဝင် အများစုဟာ ဘတ်ငွေ ရာဂဏန်းလောက်သာ ရရှိကြပြီး သူတို့ဟာ လိင်အာသာဖြေလိုကြတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ စတဲ့ လူတွေဆီမှာ လိင်ရောင်းကုန်အဖြစ် ရှင်သန်ရပ်တည်ကြရတယ်လို့ ဆိုပါတယ်။

အိမ်ခြေရာမဲ့တွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အေဂျင်စီတခုမှ တာဝန်ရှိ အမျိုးသမီး အက်ထ်ချရာ ဆိုရာဝရီက ၂၀၁၇ ခုနှစ်ရဲ့ မှတ်တမ်းတွေအရ ဘန်ကောက်မှာ အိမ်ခြေရာမဲ့ ဦးရေဟာ ၃၆၃၀ ရှိပြီး အမျိုးသား ၂၂၀၃ ဦးနဲ့ အမျိုးသမီး ၁၄၂၇ ဦး ပါဝင်နေတယ်လို့ ထိုင်းရတ်သတင်းဌာနကို ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ ရှိခဲ့တဲ့ အိမ်ခြေရာမဲ့ ဦးရေ ၁၇၅ ဦးနဲ့ နှိုင်းစာရင်တော့ ပိုမိုများပြားလာတာမို့ ဒါဟာ စီးပွားရေးဆိုင်ရာ အကြောင်းတရားတွေအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဝေဖန်ပြစ်တင်စရာ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့ လမ်းမတွေပေါ် ကျင်လည် ကျက်စားနေသူတွေကို ခွဲခြားကြည့်လိုက်မယ် ဆိုရင်တော့ လုံးဝ နေစရာမရှိတဲ့ အိမ်ခြေရာမဲ့တွေ၊ ယာယီနေထိုင်စရာ မရှိသူတွေ၊ အရက်သေစာ သောက်စားမူးရူးနေသူတွေ အပါအဝင် စိတ်အခြေအနေ မူမှန်မဟုတ်သူတွေကိုပါ တွေ့နေရတာပါ။

အဲဒီထဲမှာ နိုင်ငံခြားသားဦးရေ ၂၀ လောက် ပါဝင်နေသေးပြီး သက်ဆိုင်တဲ့ ဧရိယာအလိုက် ဖရာနခွန်ဒေသမှ ၆၂၄ ဦး၊ ဘန်ဆူဒေသမှ ၃၀၄ ဦး၊ ချက်တူဂျက်ဒေသမှ ၂၅၂ ဦးနဲ့ ပါထမ်ဝမ်ဒေသမှ ၂၂၀ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

နှစ်စဉ် လမ်းမတွေပေါ် ရောက်လာကြတဲ့ လူတွေ ဒါဇင်နဲ့ချီရှိနေပြီး တယောက်ဆိုရင် လမ်းပေါ်မှာ အသက် ၁၈ နှစ်အရွယ်ကတည်းက နေထိုင်ခဲ့ပြီး ၃၆ နှစ်အကြာမှာ သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ကလေးငယ် အများစုကတော့ မိဘတွေ စွန့်ပစ်ခံရမှုကြောင့် ရောက်လာတာတွေလည်း ရှိပြီး လိင်ရောင်းကုန်အဖြစ် ရှင်သန်နေထိုင်ကြတာကတော့ သက်ဆိုင်ရာက အလေးပေး သတိပြုစရာ ဖြစ်လာနေတယ်လို့ အက်ထ်ချရာက ပြောပါတယ်။

လက်ရှိမှာတော့ အခပေး လိင်ရောင်းကုန်အဖြစ် ကျင်လည်ရှင်သန်နေကြတဲ့ အိမ်ခြေရာမဲ့ဦးရေ ၈၀၀ နဲ့ ၁၀၀၀ ကြားလောက်ရှိနေပြီး သူတို့ထဲက ၆၀ ရာခိုင်နှုန်းကတော့ အသက်အရွယ်ကြီးသူတွေ ဖြစ်ကြပါတယ်။

လေ့လာမှုတွေအရ အသက်အကြီးဆုံး လိင်အလုပ်သမရဲ့ အရွယ်ဟာ ၈၃ နှစ်ဖြစ်ပြီး ခုချိန်ထိ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကာ အငယ်ဆုံး မိန်းကလေးကတော့ ၁၂ နှစ်အရွယ်ထိ ရှိနေတယ်လို့ ဆိုပါတယ်။

အမျိုးသားတဦးဆိုရင် သူ့အသက် ၄၆ နှစ်မှာ လိင်ရောင်းကုန်အဖြစ် စတင်ခဲ့ရပြီး အစောဆုံး လိင်ရောင်းကုန် ဖြစ်ခဲ့ရတာကတော့ အသက် ၈ နှစ်မှာ စတင်ခဲ့ရသူလည်း ရှိတယ်လို့ အက်ထ်ချရာက ပြောပါတယ်။

လိင်ရောင်းကုန်အဖြစ် ကျင်လည်နေကြရသူတွေထဲက တချို့ကတော့ အမှန်တကယ် အခကြေးငွေရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

တချို့စစ်သားတွေရဲ့ ပစ်ပယ်ခံထားရတယ်လို့ ခံစားနေရတဲ့ ဇနီးသည်တွေ အပါအဝင် ခရိုင်အသီးသီးက အစိုးရ အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေအထိ ပါဝင်နေပြီး လိင်အရောင်းအဝယ် လုပ်နေကြတာမို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီအခြေအနေကို အလေးထား စောင့်ကြည့်ဖို့ လိုအပ်နေတာပါ။

ခုလိုအခြေအနေနဲ့ ရှင်သန်ရပ်တည်ပြီး သေဆုံးချိန်မှာ အမှိုက်ပုံးထဲကို ပစ်ထုတ် ရှင်းလင်းလိုက်သလို ဖြစ်နေရတဲ့ ဘဝတွေဟာ မဖြစ်သင့်ဘဲ အစိုးရက သူတို့ကို ကာကွယ်ပေးနိုင်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ အက်ထ်ချရာက ပြောပါတယ်။

share form: xyznews




Previous
Next Post »
Powered by Blogger.