အီဘိုလာသံသယသွေးနမူနာစစ်ဆေးရန် ပြည်ပဓာတ်ခွဲခန်းသို့ ယနေ့ပို့

ဝေဘာဂီကူးစက်ဆေးရုံတွင် စစ်ဆေးကုသနေသော အီဘိုလာသံသယလူနာ၏ သွေးနမူနာကို ရောဂါအ တည်ပြုစစ်ဆေးနိုင်ရန်အတွက် ပြည်ပရည် ညွှန်း ဓာတ်ခွဲခန်းသို့ ယနေ့နံနက်က ပို့ဆောင်လိုက်
ကြောင်း ကျန်း မာရေးဝန်ကြီးဌာနက သတင်းထုတ်
ပြန်လိုက်သည်။

အဆိုပါသွေးနမူနာကို စစ်ဆေးရန် ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့၊ နိုင်ငံတကာ လေကြောင်း ပို့ဆောင်ရေးအဖွဲ့ (IATA)နှင့် ညှိနှိုင်းလုပ်ဆောင်ခြင်းဖြစ်ပြီး မည်သည့်
နိုင်ငံရည်ညွှန်းဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားသည်ကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။

အမေရိကန် သို့မဟုတ် ဂျာမနီရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်ကထုတ်ပြန်ခဲ့ သည်။

‘‘သံသယရှိလူနာရဲ့သွေးရော၊ သူနဲ့ထိတွေ့တဲ့သူလေးဦးရဲ့သွေးပါ စစ်ဆေးဖို့ပို့ဆောင်ထားပါတယ်။ ဘယ်နိုင်ငံကိုပို့တယ်ဆိုတာ ပြောလို့မရပါဘူး။ ဓာတ်ခွဲအဖြေပြန်ရောက်လာမှ အဖြေရော၊ ဘယ်နိုင်ငံက ဓာတ်ခွဲခန်းဆိုတာ သတင်းထုတ်ပြန်ပေးပါ့မယ်’’ဟု ကျန်းမာရေးဝန်ကြီးဌာန (နေပြည်တော်) မှ တာဝန်ရှိသူ တစ်ဦးက 7DayDaily သို့ အတည်ပြုပြောကြားသည်။

ဝေဘာဂီကူးစက်ဆေးရုံတွင် စစ်ဆေးကုသနေသော အီဘိုလာသံသယလူနာနှင့် အပေါင်းပါလေးဦးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

7day
Previous
Next Post »
Powered by Blogger.