မိမိကို လှောင်ပြောင်သည့် မီဒီယာတစ်ခုကို တုံ့ပြန်သည့် အနေဖြင့် အီတလီ ဝန်ကြီးချုပ် မက်တီယို ရန်ဇီက သတင်းထောက်များကို ရေခဲမုန့် ဝယ်ကျွေးခဲ့ကြောင်း သတင်းရရှိသည်။
Economist Weekly မဂ္ဂဇင်းက ဥရောပ ယူနီယံမှ အထင်ကရ နိုင်ငံကြီး အချို့၏ ခေါင်းဆောင်များကို မြုပ် ခါနီး သင်္ဘောပေါ်တွင် ရှိနေပုံ သရုပ်ဖော် ရေးဆွဲကာ မျက်နှာဖုံးတင် ဖော်ပြခဲ့သည်။ အဆိုပါ ပုံထဲတွင် ရန်ဇီ သည် လက်ထဲတွင် ရေခဲမုန့်တစ်ခု ကိုင်ထားပြီး ငူငူငိုင်ငိုင် ရှိနေပုံမျိုး တွေ့ရသည်။
ဩဂုတ်(၂၉)ရက်ကမူ ရန်ဇီသည် အစိုးရအဖွဲ့ အစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက် သတင်းစာ ရှင်းလင်း ပွဲတစ်ရပ် ခေါ်ယူခဲ့သည်။ ထိုပွဲတွင် နာမည်ကြီး ရေခဲမုန့် ပညာရှင် တစ်ယောက်ကိုလည်း အကူအညီတောင်း
ခေါ်ယူထားသည်။ ထို့နောက် ဝန်ကြီးချုပ်က သတင်းထောက်များအား “ခင်ဗျားတို့ကို ကျွန်တော် ပျော်ပျော် ကြီး ရေခဲမုန့် ကျွေးချင်ပါတယ်။ ဒါက တကယ့် အီတလီလုပ် ဂီလာတို ရေခဲမုန့်ဗျ”ဟု ပြောကြားကာ ရေခဲမုန့် များ လက်ဆောင်ပေး ကျွေးမွေးခဲ့ခြင်း ဖြစ်သည်။
Economist Weekly မဂ္ဂဇင်း၏ မျက်နှာဖုံးပုံတွင် ဥရောပ နိုင်ငံ(၄)ခု၏ အကြီးအကဲများက နစ်မြုပ်ကာနီး စက္ကူလှေငယ်ပေါ် ရှိနေပုံမျိုး လှောင်ပြောင် သရုပ်ဖော်ထားသည်။ အသက်(၃၉)နှစ်သာ ရှိသေးသည့် ရန်ဇီ ကို ရေခဲမုန့်ကြိုက်သည့် ကျောင်းသားငယ်လေးအသွင် ရေးဆွဲထားပြီး ဂျာမန်အဓိပတိ အန်ဂျလာ မာကယ်လ်နှင့် ပြင်သစ်သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးတို့က ၎င်း၏ရှေ့တွင် ရှိနေသည်။
တစ်နည်းအားဖြင့် အတွေ့အကြုံနုသည့် ရန်ဇီသည် ဥရောပ စီးပွားရေး ကဏ္ဍတွင် ဂျာမနီနှင့် ပြင်သစ်ခေါင်း
ဆောင်များ၏ နောက်လိုက် ကျောင်းသားလေးကဲ့သို့ ဖြစ်နေဟန် ရေးဆွဲထားပြီး ခေါင်းစဉ်ကိုလည်း “(နောက်တစ်ခါ) စုန်းစုန်းမြုပ်မယ့် ခံစားချက်”ဟု ရေးသားထားသည်။ ရန်ဇီက မီဒီယာသမားများကို ရေခဲ မုန့်ပြန်ကျွေးလိုက်ခြင်းဖြင့် ၎င်းတို့ကို ရေခဲမုန့်ကြိုက်သည့် အရွယ်မျိုးအဖြစ်သာ သဘောထားကြောင်း တုံ့ပြန် ခဲ့ခြင်း ဖြစ်သည်။
ယူရိုငွေကြေးကို ကိုယ်စားပြုသည့် လှေနောက်ပိုင်းတွင် ဥရောပ ဗဟိုဘဏ်၏ အီတလီနိုင်ငံဆိုင်ရာ အကြီး အကဲ မာရီယို ဒရာဂီက ရေများကို အသည်းအသန် ခပ်ထုပ်ရင်း ဗျာများနေပုံ သရုပ်ဖော်ထားသည်။ ရန်ဇီ သည် ဖေဖော်ဝါရီလက ဝန်ကြီးချုပ်ရာထူးကို စတင်ထမ်းဆောင်ပြီး အီတလီ သမိုင်းတွင် အသက်အ ငယ်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်ခဲ့သည်။ Economistသည် ယခင်ကတည်းက အီတလီ ဝန်ကြီးချုပ်များကို လှောင်
ပြောင် မှုများ ပြုလုပ်ခဲ့သည့် ရာဇဝင်ရှိပြီး အဓိက ပစ်မှတ်မှာ ဆီလ်ဗီယို ဘာလူစကိုနီ ဖြစ်ခဲ့ကြောင်း သိရ သည်။
7day
Sign up here with your email

ConversionConversion EmoticonEmoticon