အူရီဒူး အင်တာနက်နှုန်းထားလျော့ချ


အူရီဒူးက အင်တာနက်နှုန်းထားခများကို ယခင်က1Mbpsကို ၂၅ကျပ် ကောက်ခံရာမှ ၁၀ကျပ်သို့ သြဂုတ် ၃၁ ရက်မှ စတင်ကာလျော့ချပေးမည်ဟုအူရီဒူးက သြဂုတ် ၃၀ရက်က ထုတ်ပြန်လိုက်သည်။

သို့သော် နေ့စဉ် Data Plan အတွက် နှုန်းထားကိုမူ ပြောင်းလဲခြင်းမရှိပေ။Data Plan အတွက်တစ်နေ့လျှင် 30Mbpsအသုံးပြုခြင်း အတွက် ၅၀၀ကျပ်၊တစ်ပတ်လျှင် 200Mbpsအသုံးပြုခြင်းအတွက် ၃၀၀၀ကျပ်၊ တစ် လလျှင် 1Mbps အသုံးပြုခြင်း အတွက် ၁၂၀၀၀ ကောက်ခံမည်ဖြစ်ပြီး ဖေ့စ်ဘုတ် အခမဲ့ အသုံးပြုနိုင်မည်ဖြစ် သည်။

ယင်းအပြင် အူရီဒူးက ရန်ကုန်မြို့တွင် တာဝါတိုင် ၂၀ တိုးချဲ့ဆောက်လုပ်ပြီး ဖြစ်ကာ သရက်၊ သာယာဝ တီ၊ တောင်ငူနှင့်ပြင်ဦး လွင်လေးနေရာတွင်လည်း တာဝါတိုင်များတပ်ဆင်ပြီးဖြစ်သည်ဟု ဆိုသည်။

အူရီဒူးဆင်းကတ်ကို သုံးစွဲသူ ယနေ့အထိ ၉သန်း ရှိနေပြီး စက်တင်ဘာလ၁၅ရက်တွင် ၁၂ဒသမ၃သန်းအ ထိ ဖြစ်လာမည်ဟုလည်း အူရီဒူးက ခန့်မှန်းထားသည်။

သို့သော် လက်ရှိတွင် အူရီဒူး၏ အင်တာနက် အသုံးပြုမှုနှင့် ဖုန်းအသုံးပြုမှုအတွက် အခက်အခဲများ ရှိနေ ၍ ဝေဖန်သံများလည်း ထွက်ပေါ် လျှက်ရှိသည်။

mizzima

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.