အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ လူတစ်ဦးဟာ မတူညီတဲ့ ဘ၀နှစ်ခုကို ဖြတ်သန်းခဲ့ တာမို့ ဝေဖန် မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အဲဒီလူ ဟာ နေ့ဘက်မှာ ကျောင်းဆရာအဖြစ် ဖြတ်သန်းလေ့ ရှိပြီး ညဘက်ရောက် သွားတဲ့အခါ လူဆိုးဂိုဏ်း ခေါင်းဆောင် ဖြစ်သွားတတ် ပါတယ်။
အားလုံးရဲ့အမြင် မှာတော့ သူ့ကို လူကောင်းတစ်ဦး အဖြစ် သတ်မှတ်ထား ကြပြီး ရဲတပ်ဖွဲ့ အနေနဲ့ ဖမ်း ဆီး နိုင်ဖို့ ခြောက်လခန့် အချိန်ယူ ဖော်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒေါက်တာ စတီဖင်ကင်ဇီဟာ ကော လိပ်ကျောင်းမှာ ပရော်ဖက်ဆာ အဖြစ် တပည့်တွေကို သင်တန်းပို့ချမှု တွေပြုလုပ်ပေး ခဲ့ပါတယ်။ ဒါပေမဲ့ ကင်ဇီဟာ ညဘက်ရောက်တဲ့ အခါမှာတော့ လမ်းသရဲဆိုင်ကယ် ခေါင်းဆောင် အဖြစ်ဟာ လီမော်တော် ဆိုင်ကယ်ကို မောင်းနှင်ကာ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ရောင်းဝယ် ဖောက်ကားမှုပြုလုပ်ခဲ့ တယ်လို့ စွပ်စွဲခံထားရပါတယ်။
ကင်ဇီရဲ့ အိမ်ကို ရဲတပ်ဖွဲ့ဝင်တွေ ၀င်ရောက် စီးနင်းရှာဖွေတဲ့ အခါ အမျိုးသမီးငယ် တွေတွေ့ရှိခဲ့ရ သလို မူးယစ်ဆေးဝါးနဲ့ သေနတ်တွေကို လည်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် လမ်းသရဲတွေ ၀တ်ဆင်လေ့ရှိတဲ့ နာဇီအမှတ် အသားပါ တံဆိပ်တွေကိုလည်း ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်။ အသက် (၄၈) နှစ်ရှိပြီ ဖြစ်တဲ့ ကင်ဇီဟာ ဆန်ဘာနာဒီနိုမြို့မှာ နေထိုင်ပြီး အိမ်နီးနားချင်းတွေကတော့ သူ့ကို ပရော်ဖက်ဆာတစ်ဦး အဖြစ်သာ သိရှိထားကြပါတယ်။
ကင်ဇီရဲ့ ဖခင်ဖြစ်သူဟာ သူ့ရဲ့သားဟာ အလွန်ရိုးသားသူ ဖြစ်ပြီး၊ ယခုဖြစ်ရပ်မှာ အမှားယွင်းတစ်ခု သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရဲတပ် ဖွဲ့တွေကတော့ ကင်ဇီဟာ ငယ်ရွယ်တဲ့ မိန်းမပျို
လေးတွေကို ဖျက်ဆီးလေ့ရှိပြီး ဆိုင်ကယ်ဂိုဏ်းကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း အချက်အလက် ခိုင်မာစွာနဲ့ တင်ပြထားပါတယ်။ ကင်ဇီကို ၂၀၁၁ သြဂုတ် (၂၆)မှာ စတင် ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ သုံးနှစ်နီးပါး တရားရင် ဆိုင်ပြီး နောက် အပြီးသတ်အမိန့်ချမှတ်မှာ ဖြစ်ပါ တယ်။ ကင်ဇီရဲ့ ရှေ့နေဖြစ်သူက အပြစ် မရှိကြောင်း
လျှောက်လဲထားပေမယ့် တကယ်လို့ ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိပါက ထောင်ဒဏ် အနှစ် (၂၀) နီးပါး ချမှတ်နိုင်တယ်လို့ သိရပါတယ်။
messenger
Sign up here with your email

ConversionConversion EmoticonEmoticon