Zawgyi ျဖင့္ဖတ္ရန္
ဝတ္မႈံေ႐ႊရည္ကေတာ့ Asean Academy Creative Awards ပြဲမွာ Best Actress In A Supporting Role ဆုရရွိခဲ့တဲ့ သမီးေလး ျပည့္ျပည့္အတြက္ ဝမ္းသာမဆုံးျဖစ္လို႔ေနပါတယ္။ ဒီဆုေပးပြဲကိုေတာ့ စင္ကာပူႏိုင္ငံမွာ က်င္းပျပဳလုပ္ခဲ့တာပါ။စင္ကာပူႏိုင္ငံ၌ ျပဳလုပ္သည့္ Asean Academy Creative Awards ပြဲတြင္ ကေလးသ႐ုပ္ေဆာင္ ျပည့္ျပည့္က အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ဆုရရွိခဲ့သည္။ဒီဆုကိုေတာ့ ဝတ္မႈံေ႐ႊရည္ကိုယ္တိုင္က ဆုခ်ီးျမႇင့္ခဲ့တာပါ။ ဝတ္မႈံေ႐ႊရည္ကလည္း ကေလးသ႐ုပ္ေဆာင္ ျပည့္ျပည့္အတြက္ ဝမ္းသာဂုဏ္ယူေနပါတယ္။
“ကိုယ့္ ႏိုင္ငံက ရတဲ့ဆု ကို ကိုယ္ျပန္ေပးရေတာ့ ဘယ္လိုၾကည္ႏူးမွန္းမသိ။ ဇာတ္ကားထဲ မွာ အလြန္ခ်စ္ရတဲ့သမီးေလး။ အျပင္မွာလည္း လိမ္မာ ပါးနပ္ အလိုက္သိလြန္းတဲ့အရမ္းခ်စ္ ရေသာ ျပည့္ျပည့္ေလး သိပ္ကို ဂုဏ္ယူရပါတယ္” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၇ ရက္ေန႔ မနက္ ၇ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာေရးသားခဲ့ပါတယ္။
Asian Academy Creative Award ဆုေပးပြဲဟာ အာရွ – ပစိဖိတ္ေဒသမွ တစ္ႏွစ္အတြင္း ထုတ္လုပ္သည့္ ႐ုပ္ရွင္ဇာတ္ကား ေကာင္းမ်ား ေ႐ြးခ်ယ္၍အေကာင္းဆုံးအႏုပညာေဆာင္႐ြက္ ခ်က္မ်ားအတြက္ ဆုေ႐ြးခ်ယ္ခ်ီး ျမႇင့္ျခင္းတဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။ ဒီပြဲကိုေတာ့ ဒီဇင္ဘာလ ၆ ရက္ေန႔က စင္ကာပူႏိုင္ငံရွိ Victoria Theatre Singapore မွာ က်င္းပျပဳလုပ္ခဲ့တာပါ။ ဒီဆုေပးပြဲမွာ Best Actress In A Supporting Role ဆုကို ရရွိသြားတဲ့.ျပည့္ျပည့္ကေတာ့ အသက္ ၁၀ ႏွစ္သာရွိေသးတဲ့ ကေလးသ႐ုပ္ေဆာင္ တစ္ဦးျဖစ္ပါတယ္။ “လိပ္ျပာစံအိမ္” ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာေတာ့ သ႐ုပ္ေဆာင္ ဝတ္မႈံေ႐ႊရည္ရဲ႕ သမီးေလးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာပါ။
သ႐ုပ္ေဆာင္ ဝတ္မႈံေ႐ႊရည္ကလည္း ‘လိပ္ျပာစံအိမ္’ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ Asian Academy Creative Award ဆုေပးပြဲမွာ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။ Asian Academy Creative Award ဆုေပးပြဲမွာ ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ Regional ဆုေပါင္း (၆)ဆုရရွိခဲ့တာ ျဖစ္ပါတယ္။ အဲဒီဆုေတြကေတာ့ အေကာင္းဆုံးဒါ႐ိုက္တာဆု၊ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆု၊ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ဆု၊ အေကာင္းဆုံး ဇာတ္ကားဆု၊ အေကာင္းဆုံး ဓာတ္ပုံဆုနဲ႔ အေကာင္းဆုံးဇာတ္ဝင္ေတးဆုတို႔ ရရွိခဲ့တာ ျဖစ္ပါတယ္။လိပ္ျပာစံအိမ္ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာေတာ့ အဓိကသ႐ုပ္ေဆာင္ေတြအေနနဲ႔ ႏိုင္းႏိုင္း ၊ ေဒါင္း ၊ ဝတ္မႈံေ႐ႊရည္ ၊ကေလးသ႐ုပ္ေဆာင္ ျပည့္ျပည့္ႏွင့္ တုန္တုန္တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားၿပီးထိုင္းဒါ႐ိုက္တာ Chartchai Ketnust က႐ိုက္ကူးထားတာပါ။ ဒီ႐ုပ္ရွင္ဇာတ္ကားကိုေတာ့ Brave Empire Entertainment က ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။
share from :burmese.asia
Unicode ဖြင့်ဖတ်ရန်
ပြည့်ပြည့်အတွက် ဝမ်းသာမဆုံးဖြစ်နေတဲ့ ဝတ်မှုံရွှေရည်
ဝတ်မှုံရွှေရည်ကတော့ Asean Academy Creative Awards ပွဲမှာ Best Actress In A Supporting Role ဆုရရှိခဲ့တဲ့ သမီးလေး ပြည့်ပြည့်အတွက် ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ ဒီဆုပေးပွဲကိုတော့ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တာပါ။စင်ကာပူနိုင်ငံ၌ ပြုလုပ်သည့် Asean Academy Creative Awards ပွဲတွင် ကလေးသရုပ်ဆောင် ပြည့်ပြည့်က အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုရရှိခဲ့သည်။ဒီဆုကိုတော့ ဝတ်မှုံရွှေရည်ကိုယ်တိုင်က ဆုချီးမြှင့်ခဲ့တာပါ။ ဝတ်မှုံရွှေရည်ကလည်း ကလေးသရုပ်ဆောင် ပြည့်ပြည့်အတွက် ဝမ်းသာဂုဏ်ယူနေပါတယ်။
“ကိုယ့် နိုင်ငံက ရတဲ့ဆု ကို ကိုယ်ပြန်ပေးရတော့ ဘယ်လိုကြည်နူးမှန်းမသိ။ ဇာတ်ကားထဲ မှာ အလွန်ချစ်ရတဲ့သမီးလေး။ အပြင်မှာလည်း လိမ်မာ ပါးနပ် အလိုက်သိလွန်းတဲ့အရမ်းချစ် ရသော ပြည့်ပြည့်လေး သိပ်ကို ဂုဏ်ယူရပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက် ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာရေးသားခဲ့ပါတယ်။
Asian Academy Creative Award ဆုပေးပွဲဟာ အာရှ – ပစိဖိတ်ဒေသမှ တစ်နှစ်အတွင်း ထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကား ကောင်းများ ရွေးချယ်၍အကောင်းဆုံးအနုပညာဆောင်ရွက် ချက်များအတွက် ဆုရွေးချယ်ချီး မြှင့်ခြင်းတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဒီဇင်ဘာလ ၆ ရက်နေ့က စင်ကာပူနိုင်ငံရှိ Victoria Theatre Singapore မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီဆုပေးပွဲမှာ Best Actress In A Supporting Role ဆုကို ရရှိသွားတဲ့.ပြည့်ပြည့်ကတော့ အသက် ၁၀ နှစ်သာရှိသေးတဲ့ ကလေးသရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ သမီးလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။
သရုပ်ဆောင် ဝတ်မှုံရွှေရည်ကလည်း ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Asian Academy Creative Award ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ Asian Academy Creative Award ဆုပေးပွဲမှာ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ Regional ဆုပေါင်း (၆)ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆုတွေကတော့ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဓာတ်ပုံဆုနဲ့ အကောင်းဆုံးဇာတ်ဝင်တေးဆုတို့ ရရှိခဲ့တာ ဖြစ်ပါတယ်။လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အဓိကသရုပ်ဆောင်တွေအနေနဲ့ နိုင်းနိုင်း ၊ ဒေါင်း ၊ ဝတ်မှုံရွှေရည် ၊ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့် တုန်တုန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးထိုင်းဒါရိုက်တာ Chartchai Ketnust ကရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ Brave Empire Entertainment က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
share from :burmese.asia
Sign up here with your email
ConversionConversion EmoticonEmoticon