Zawgyi ျဖင့္ဖတ္ရန္
လူသားေတြရဲ႕ အတၱေတြေၾကာင့္ ကမာၻႀကီးဟာ ပူေႏြးလာတာေၾကာင့္ ႏိုင္ငံတိုင္းမွာလည္း ရာသီဥတု ေဖာက္ျပန္မႈေတြကို ခံစားေနရပါတယ္။ အဲ့အထဲမွာမွ စက္မႈႏိုင္ငံႀကီးႏွစ္ခုျဖစ္တဲ့ အိႏၵိယ နဲ႔ တ႐ုတ္ ႏိုင္ငံအၾကားမွာ ရွိတဲ့ ျမန္မာႏိုင္ငံဟာလည္း ဒီ႐ိုက္ခတ္မႈကို ခါးဆီးခံရေနပါတယ္ ။ ေႏြဆိုရင္ စြတ္ပူသလို ၊ မိုးက်ရင္လည္း ေရေဘးဒဏ္ခံရ၊ေဆာင္းေရာက္ေတာ့လည္း သူမတူေေအာင္ ေအးတာကို အခုျမန္မာႏိုင္ငံသားေတြအားလုံးအသိပါပဲေနာ္။
ဒါေၾကာင့္ ေရွးလူႀကီးေတြ ေျပာခဲ့သလို “ဥစၥာကို ကံေစာင့္ ၊ အသက္ကို ဉာဏ္ေစာင္” ဆိုတဲ့ စကားပုံေလးအတိုင္း ကိုယ့္ရဲ႕ ေဘးအႏၲရာယ္ကိုေတာ့ ဉာဏ္ပညာနဲ႔ ေနထိုင္ၾကမွ ေတာ္ကာၾကမွာပါေနာ္။ ကြမ္းစားရင္ ကင္ဆာျဖစ္ေစတယ္လို႔ ေျပာတဲ့အခါ တို႔အဖိုးအဖြားေတြတုန္းက ဘာမွ မျဖစ္ပါဘူးလို႔ ေျပာသူေတြ အမ်ားအျပား ေတြ႕ရပါလိမ့္မယ္။
အဖိုးအဖြားေတြတုန္းက သဘာဝသီးႏွံအတိုင္း ကြမ္း ၊ ကြမ္းသီးနဲ႔ပါ။ အခုေခတ္က ကြမ္းသီးျဖဴေဆး ၊ ထုံးကိုလည္း ဓာတုေဗဒနဲ႔ ေဖာက္တာေတြကိုေတာ့ အားလုံး ေမ့ေလ်ာ့ေနၾကတာထင္ပါတယ္။စကားစပ္လို႔ေျပာတာပါ။အခုလည္း ေဆာင္းတြင္းေရာက္ၿပီဆိုေတာ့ ေနရာေဒသေတာ္ေတာ္မ်ားမ်ားမွာ အေအးဓာတ္ကို ခံစားေနရပါၿပီေနာ္။ ဒီထက္ပိုသတိထားရမယ့္ အေၾကာင္းက အေအးလိုင္းျဖတ္မယ့္ သတင္းရွိေနပါတယ္။ ပုံမွန္ အလုပ္သြားဖို႔ ေစာေစာေရခ်ိဳးတတ္သူေတြ၊ သက္ႀကီး႐ြယ္အိုေတြ ၊ ကေလးငယ္ေတြ ရွိသူေတြ သတိထားသင့္ပါတယ္ေနာ္။
ျမန္မာႏိုင္ငံမိုးေလဝသႏွင့္ ဇလေဗဒ ဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ဒီဇင္ဘာ(၇) ရက္ေန႔နဲ႔ (၁၃) ရက္ေန႔မွာ အေအးလိုင္းျဖတ္မယ္လို႔ သိရပါတယ္။ ၁၃ ရက္ေန႔ကပိုမိုေအးမွာ ျဖစ္ၿပီးေတာ့ မေပါ့ဆၾကဖို႔လည္း တိုက္တြန္းထားပါတယ္။ ဒါေၾကာင့္အသက္အ႐ြယ္ႀကီးရင့္သူ ၊ ကေလးသူငယ္မ်ားနဲ႔ ေလျဖတ္ထားသူ ၊ ႏွလုံး မေကာင္းသူမ်ား အထူးဂ႐ုစိုက္ၾကဖို႔ တိုက္တြန္းေဖာ္ျပလိုက္ပါတယ္ေနာ္။
Writer – SMT( Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
ယခုလအတွင်း အသက်သေဆုံး နိုင်သည်အထိ အန္တရာယ်များလှတဲ့ အအေးပိုမည့် နေ့ရက်များ
လူသားတွေရဲ့ အတ္တတွေကြောင့် ကမ္ဘာကြီးဟာ ပူနွေးလာတာကြောင့် နိုင်ငံတိုင်းမှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေကို ခံစားနေရပါတယ်။ အဲ့အထဲမှာမှ စက်မှုနိုင်ငံကြီးနှစ်ခုဖြစ်တဲ့ အိန္ဒိယ နဲ့ တရုတ် နိုင်ငံအကြားမှာ ရှိတဲ့ မြန်မာနိုင်ငံဟာလည်း ဒီရိုက်ခတ်
မှုကို ခါးဆီးခံရနေပါတယ် ။ နွေဆိုရင် စွတ်ပူသလို ၊ မိုးကျရင်လည်း ရေဘေးဒဏ်ခံရ၊ဆောင်းရောက်တော့လည်း သူမတူေအောင် အေးတာကို အခုမြန်မာနိုင်ငံသားတွေအားလုံးအသိပါပဲနော်။
ဒါကြောင့် ရှေးလူကြီးတွေ ပြောခဲ့သလို “ဥစ္စာကို ကံစောင့် ၊ အသက်ကို ဉာဏ်စောင်” ဆိုတဲ့ စကားပုံလေးအတိုင်း ကိုယ့်ရဲ့ ဘေးအန္တရာယ်ကိုတော့ ဉာဏ်ပညာနဲ့ နေထိုင်ကြမှ တော်ကာကြမှာပါနော်။ ကွမ်းစားရင် ကင်ဆာဖြစ်စေတယ်လို့ ပြောတဲ့အခါ တို့အဖိုး
အဖွားတွေတုန်းက ဘာမှ မဖြစ်ပါဘူးလို့ ပြောသူတွေ အများအပြား တွေ့ရပါလိမ့်မယ်။
အဖိုးအဖွားတွေတုန်းက သဘာဝသီးနှံအတိုင်း ကွမ်း ၊ ကွမ်းသီးနဲ့ပါ။ အခုခေတ်က ကွမ်းသီးဖြူဆေး ၊ ထုံးကိုလည်း ဓာတုဗေဒနဲ့ ဖောက်တာတွေကိုတော့ အားလုံး မေ့လျော့နေကြတာထင်ပါတယ်။စကားစပ်လို့ပြောတာပါ။အခုလည်း ဆောင်းတွင်းရောက်ပြီဆိုတော့ နေရာဒေသတော်တော်များများမှာ အအေးဓာတ်ကို ခံစားနေရပါပြီနော်။ ဒီထက်ပိုသတိထားရမယ့် အကြောင်းက အအေးလိုင်းဖြတ်မယ့် သတင်းရှိနေပါတယ်။ ပုံမှန် အလုပ်သွားဖို့ စောစောရေချိုးတတ်သူတွေ၊ သက်
ကြီးရွယ်အိုတွေ ၊ ကလေးငယ်တွေ ရှိသူတွေ သတိထားသင့်ပါတယ်နော်။
မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒ ဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ(၇) ရက်နေ့နဲ့ (၁၃) ရက်နေ့မှာ အအေးလိုင်းဖြတ်မယ်လို့ သိရပါတယ်။ ၁၃ ရက်နေ့ကပိုမိုအေးမှာ ဖြစ်ပြီးတော့ မပေါ့ဆကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါကြောင့်
အသက်အရွယ်ကြီးရင့်သူ ၊ ကလေးသူငယ်များနဲ့ လေဖြတ်ထားသူ ၊ နှလုံး မကောင်းသူများ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်နော်။
Writer – SMT( Shwe Yaung Lan)
Sign up here with your email
ConversionConversion EmoticonEmoticon