တစ်ရက်ကို ၂၂ နာရီ အိပ်တဲ့ ကွားလားကောင်



ကွားလား (Koala) လို့ခေါ်တဲ့ အကောင်ဟာ သြစတေးလျ နိုင်ငံမှာသာ မြင်တွေ့ရတဲ့ သတ္တဝါ တစ်မျိုး ဖြစ်ပြီး သားပိုက်ကောင် မျိုးရိုးအုပ်စုထဲမှာ ထည့်သွင်းထားပါတယ။ ဒါပေမယ့် သားပိုက်ကောင်လိုတော့ အကောင်ကို ဗိုက်ထဲမထည့်ပါဘူး။ ရုတ်တရက် ကြည့်လိုက်ရင် ပန်ဒါ ဝက်ဝံလေး လိုလိုလည်း ထင်ရပါတယ်။ အမှန်တော့ သူက ဘာနဲပမှ နှိုင်းလို့မရအောင် ထူးခြားပြီး ချစ်စဖွယ် အသွင်ရှိတဲ့ အကောင်လေး ဖြစ်ပါတယ်။
သူဟာ တစ်ရက်ကို ၂၂ နာရီအိပ်ပြီး ၂ နာရီသာ လှုပ်ရှားနေထိုင်သတဲ့။ ရန်သူ သူ့ဆီ တည့်တည့်လာရင်တောင့် သူ့ကို ရန်မူဖို့ လာလို့ လာမှန်းမသိ ကြောင်ပြီး ကြည့်နေတတ် ပါတယ်။ အပင်များပေါ်မှာ တွယ်လို့ နေတတ်ပြီး အကိုင်းများကို လက်သည်းနဲ့ စွဲစွဲမြဲမြဲ ကုပ်ထားနိုင်ပါတယ်။ သူ့ကို သြစတေးလျ နိုင်ငံရဲ့ အမှတ်သား လက္ခဏာလို့တောင် သတ်မှတ်ယူလာပြီး သြစတေးလျမှာ ပြုလုပ်နိုင်တဲ့ နိုင်ငံတကာထိပ်သီးအစည်းအဝေးတွေမှာတောင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာ ပြည်ထောင်စု သမ္မတ ဦးသိန်းစိန် ကိုလည်း ကွားလားအကောင်နဲ့ မြင်ဖူးကြမှာပါ။
ကွားလားဟာ အရွက်များကိုသာ စားသုံးပြီး သက်တမ်းအားဖြင့် ၁၈ နှစ်လောက် အထိ ရှိနိုင်ပါတယ်။ လူသားနဲ့ ဘယ် သတ္တဝါကိုမှ ရန်မမူတတ်ပဲ။ လူတွေနဲ့ ခင်မင်ရ လွယ်တဲ့ အကောင် တစ်မျိုးလည်း ဖြစ်ကြောင်း သိရပါတယ်။ အသေးစိတ်ကိုhttp://en.wikipedia.org/wiki/Koala ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါ
တယ်။

innewsmyanmar
Previous
Next Post »
Powered by Blogger.