ပြင်သစ်အခြေစိုက် Alcatel One Touch Idol 3 ကို ကန်ဒေါ်လာ ၂၀၀ ဖြင့် စတင်မိတ်ဆက်


ပြင်သစ်နိုင်ငံ အခြေစိုက် စမတ်ဖုန်းကုမ္ပဏီ Alcatel One Touch က ၎င်းတို့၏ စမတ်ဖုန်းသစ်တစ်လုံးဖြစ်သည့် Idol 3 ကို အမေရိကန်ဒေါ်လာ ၂၀၀ ဖြင့် စတင်မိတ်ဆက်ခဲ့ပြီး ကြိုတင်မှာယူမှုများ လက်ခံနေပြီ ဟု CNET သတင်းဌာနက ဖော်ပြထားသည်။

Idol 3 ၏ ဈေးနှုန်းသည် ခန့်မှန်းထားသည့် ပမာဏထက် လျော့ကျခဲ့သည်ဟု CNET က ဆိုသည်။

Idol 3 ကို ကြိုတင်မှာယူပါက ဈေးနှုန်း အမေရိကန်ဒေါ်လာ ၅၀ သက်သာမည် ဖြစ်ပြီး ဈေးကွက်တွင်း ရောက်ပြီးမှ ၀ယ်ယူလျှင် အမေရိကန်ဒေါ်လာ ၂၅၀ သတ်မှတ်ထားသည်။ Amazon ကြော်ငြာတွင်မူ ဒေါ်လာ ၂၈၀ သတ်မှတ်ထားသည်။ Idol 3 သည် ၅ ဒသမ ၅ လက်မ အရွယ်အစားရှိမည်ဟု CNET က ဆိုသည်။

ကင်မရာအရည်အသွေး 13 MP ထည့်သွင်းတပ်ဆင်ထားပြီး octa-core Qualcomm Snapdragon 615 CPU ကို တပ်ဆင်ထားသည်။
Idol 3 ကို ဈေးကွက်တွင်းသို့ မေလအတွင်းမှသာ ဖြန့်ချိရောင်းချမည်ဖြစ်သည်ဟု CNET က ဆိုသည်။ Alcatel One Touch သည် ပါးလွှာပြီး စမတ်ကျကျသယ်ဆောင်အသုံးပြုနိုင်မည့် ဒီဇိုင်းဖြင့် ဈေးကွက်ထိုးဖောက်ခဲ့ပြီး ဈေးနှုန်းအားဖြင့် အခြားထိပ်တန်းစမတ်ဖုန်းများထက် များစွာသက်သာမှု ရှိသည်ဟု လေ့လာသူများက သုံးသပ် ကြသည်။

၂၀၁၅ ခုနှစ် ပထမ လေးလပတ်အတွင်း ထိပ်တန်းစမတ်ဖုန်းများ မိတ်ဆက်ခဲ့ပြီးချိန်တွင် Alcatel က ဈေးနှုန်းအ သင့်အတင့်ရှိ Idol 3 ကို မိတ်ဆက်ခဲ့ပြီး ဈေးကွက်အတွင်း ဝေစုရရှိရန် ကြိုးပမ်းရလိမ့်မည်ဟုလည်း သတင်းများ က ဖော်ပြကြသည်။

Mizzima
Previous
Next Post »
Powered by Blogger.