အရောင်တောက် eyeshadow အလွယ်ချယ်နည်း



Phyo Day By Day Page မှ မဖြိုးပြည့်စုံထွန်းရဲ့ မျက်နှာအလှပြင်နည်းလေးတွေက မခက်ခဲပဲ ကိုယ်တိုင် လုပ်နိုင်တဲ့အတွက် ဆက်လက် တင်ပြလိုက်ပါတယ်။

ဒီနေ့ကတော့ အရောင်တောက် eyeshadow အလွယ်ချယ်နည်းပါ။ အသေးစိတ်ကိုတော့ အောက်မှာ ဆက်ပြီး ဖတ်လိုက်ပါနော်။

အခုဆိုဝါလည်းကျွတ်ပြီ မိုးလေလည်းကင်းလွတ်သွားပြီမို့ ပွဲလမ်းသဘင်ရာသီစပါပြီ ။ဘယ်ပွဲပဲသွားသွား အလွယ်တကူလိမ်းချယ်သွားလို့ရတဲ့ eyeshadow ချယ်နည်းလေးကိုပြောပြမယ်နော် ။

ကျွန်မအခုဒီမှာ မြစိမ်းရောင် (turquoise) နဲ့ပြထားပေမယ့် ကိုယ်ကြိုက်တဲ့ဘယ်အရောင်မဆို ပြောင်း လဲသုံးစွဲလို့ရပါတယ် ။ ဒီပို့စ်လေးကျွန်မ weebly မှာ blog ရေးတုန်းကတင်ဖူးပါတယ် ။ အခုပုံစံအသစ် တစ်မျိုးနဲ့ ပြန်တင်မှာပါ။ အားလုံးပဲ ပွဲလမ်းများတဲ့ရာသီမှာ eyeshadow အရောင်ဆန်းဆန်းနဲ့ရှိုးထုတ်ကြ မယ်နော် ။

၀၁. မျက်ခွံတစ်ခုလုံးကို eyeshadow primer လိမ်းလိုက်ပါ။ (အရောင်တောက်တဲ့ရှဲဒိုးသုံးမှာမို့ အရောင်ထွက်ကောင်းအောင်ရယ် အမှုန်တွေမျက်နှာပေါ်ကိုမကျအောင်ရယ် eyeshadow primer သုံးသင့်ပါတယ်)

၀၂. မျက်ရစ်အပေါ်ဖက်ကိုအညိုနုချယ်လိုက်ပါ။ မျက်ခုံးလေးနည်းနည်းပင့်သွားအောင် မျက်ခုံးအောက်ဖက်နားကိုအဖြူထဲ့လိုက်ပါ။ အရောင်နှစ်ခုသပ်သပ်စီဖြစ်မနေအောင် brush အသန့်တစ်ချောင်းနဲ့ ဖြည်ချ(blend) လိုက်ပါ။

၀၃. မျက်ခွံပေါ်ကို အစိမ်းရောင်ရှဲဒိုးတင်လိုက်ပါ။ အောက်မျက်ခွံတောက်လျှောက်ကိုလည်းအစိမ်းရောင် ထည့်လိုက်ပါ။

၀၄. မျက်ရစ်ထဲကိုအနက်ရောင်ရှဲဒိုးထည့်လိုက်ပါ ။ အောက်မျက်ခွံ ၃ပုံ၁ပုံ ကိုလည်းအနက်ရောင်ထည့်ပါ။

၀၅. လိုင်နာဆွဲပါ ။ အောက်မျက်ခမ်းကိုလည်းလိုင်နာထည့်ပေးပါ။ mascara သုံးပါ။ မျက်တောင်တုကြိုက် တဲ့သူများက မျက်တောင်တုတပ်နိုင်ပါတယ် ။ မြစိမ်းရောင်ရှဲဒိုးကိုကျွန်မ မက်မွန်ရောင်နှုတ်ခမ်းနဲ့တွဲစပ်ထား ပါတယ် ။

အခုမှစလုပ်ကြည့်မယ့်သူတွေအတွက် အနည်းအငယ်အခက်အခဲရှိနိုင်ပါတယ် ။ ခဏခဏလုပ်ကြည့်ပါ ။
လက်ကအသားကျလာပြီး အဆင်ပြေပြေလုပ်နိုင်လာပါလိမ့်မယ် ။ ပထမဆုံးတစ်ခါလုပ်ကြည့်တာ မရဘူဆိုပြီးလက်မလျှော့လိုက်ပါနဲ့နော် ။ အားလုံးပဲသဘောကျလိမ့်မယ်လို့ ထင်ပါတယ်ရှင်။

phyodaybyday


Previous
Next Post »
Powered by Blogger.