ဒီနေ့ကတော့ Mascara (မျက်တောင်ကော့ဆေး) အသုံးပြုနည်းပါ။ အသေးစိတ်ကိုတော့ အောက်မှာဆက် ပြီး ဖတ်လိုက်ပါနော်။
Mascara ဆိုတာမိတ်ကပ်ပြင်တဲ့အဆင့်တွေထဲမှာအရေးအကြီးဆုံးအဆင့်ဝင်ဖြစ်ပါတယ် ။ ကျွန်မအပြင် ထွက်ရင် လုံးဝမျက်နှာပြောင်နဲ့ထွက်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန် mascara သုံးပါတယ် ။eyeliner
တွေ eyeshadow တွေဆွဲထားပါလျှက်နဲ့ mascara လုံးဝသုံးမထားတဲ့ eye makeup ဟာနဂိုရှိရင်းစွဲမျက် လုံးရဲ့အလှကိုပါလျော့ကျစေပါတယ်။ ကျွန်မမျက်တောင်တုတွေကိုလည်းမကြိုက်တာမို့ မျက်တောင်ကော့တဲ့ အခါစိတ်ရှည်လက်ရှည်နဲ့ အချိန်ယူပြီးကော့ပါတယ် ။
အခု post လေးမှာ mascara အသုံးပြုနည်းအခြေခံလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ် ။မျက်တောင်
ကော့တော့မယ်ဆိုရင် eyelash curler (မျက်တောင်ကော့တဲ့ညှပ်) လေးတော့ဆောင်ထားသင့်ပါတယ် ။
ညှပ်နဲ့ကော့ပြီးရလာတဲ့ မျက်တောင်တွေပေါ်ကို mascara သုံးတဲ့အခါတစ်ချောင်းခြင်းဖျာကျပြီးမျက်တောင် အတုတပ်ထားသလိုမျိုးဖြစ်နေစေပါတယ်။ မျက်တောင်ကော့လေးတွေကိုလည်းကြာရှည်ခံစေပါတယ် ။ အခုမျက်တောင်ကော့နည်းကိုစပြောပါမယ် ။
မျက်တောင်အထူအတွက် ( for thicker lash ) - မျက်တောင်ရဲ့အောက်ခြေအရင်းကနေစပြီးကော့ပါမယ် ။
မျက်တောင်ထူတာကိုလိုချင်ရင် mascara အတံလေးကို ရေပြင်ညီ(ဘေးတိုက်) ကိုင်ပြီး ဘယ်ညာတွန်းပြီး မျက်တောင်အစွန်းထိရောက်အောင်ဆွဲသွားပါ။ ဘေးတိုက်ဆွဲတဲ့အတွက် mascara မှာပါတဲ့အမှုန်လေးတွေ ကမျက်တောင်ဘေးတွေမှာကပ်နေမှာမို့လို့ မျက်တောင်တွေကိုပိုပြီးထူထူထဲထဲဖြစ်စေပါတယ်။
မျက်တောင်အရှည်အတွက် (for longer lash) - ဒီတစ်ခါ mascara အတံလေးကိုထောင်ပြီးကိုင်လိုက်ပါ။ မျက်တောင်အရင်းကစပြီး အစွန်းပိုင်းအထိတစ်ချောင်းခြင်းစီဆွဲပါ။mascara မှာပါတဲ့အမှုန်တွေကမျက်
တောင်အ စွန်းမှာကပ်ပြီးကျန်ခဲ့မှာမို့ ပိုမိုရှည်လျားတဲ့မျက်တောင်တွေရရှိလာမှာပါ။
ကဲဒီလောက်ဆိုကိုယ်နှစ်သက်သလိုမျက်တောင်လေးတွေကိုပုံသွင်းလို့ရလောက်ပြီထင်ပါတယ် ။ နောက် post ကျမှပြန်တွေ့ကျမယ်နော်။
phyodaybyday
Sign up here with your email
ConversionConversion EmoticonEmoticon