မ်က္လုံးေလး ဝိုင္းၿပီး အရမ္းလွခ်င္လို႔ ဒုကၡေရာက္သြားတဲ့ ျမန္မာ မိန္းကေလး တစ္ဦး





Zawgyi ျဖင့္ဖတ္ရန္

ေခတ္မီနည္းပညာေတြ တိုးတက္လာမႈေၾကာင့္ က႑အသီးသီးမွာလည္း တိုးတက္မႈႏႈန္းေတြဟာ ျမင့္မားလာပါတယ္။ အခုဆိုရင္ အားလုံး သိၾကတဲ့အတိုင္း မိေမြးတိုင္း ဖေမြးတိုင္း မ်က္ႏွာကို ခြဲစိတ္ျပဳျပင္ႏိုင္ခဲ့ၾကၿပီျဖစ္သလို ၊ မခြၽန္တဲ့ေမးကို ခြၽန္ေအာင္ ၊ကားတဲ့ေမးကို မကားေအာင္ လုပ္လို႔ရေနတဲ့ ေခတ္လည္းျဖစ္ပါတယ္ေနာ္။ ဒီလိုပဲ မ်က္စိတ္အျမင္အာ႐ုံမေကာင္းလို႔လည္း မ်က္မွန္တပ္ဖို႔ ရွက္တြန႔္သူေတြအတြက္လည္း မ်က္ကပ္မွန္ေတြက ေခတ္စားေနတာပဲျဖစ္ပါတယ္။ မ်က္ကပ္မွန္ကိုပင္ အျပာေရာင္ေလး အနီေရာင္ေလး စသျဖင့္ မိမိႏွစ္သက္ရာ အေရာင္ျဖင့္ပင္ ရႏိုင္သည္မဟုတ္ပါလား။





မ်က္ကပ္မွန္ဆိုတာနဲ႔ ပတ္သတ္ၿပီးေတာ့ ဗဟုသုတေလးတစ္ခု မွ်ေဝေပးပါရေစ။ ဒီအေၾကာင္းကို ယြန္းရတနာထိုက္ ဆိုတဲ့ မ်က္ကပ္မွန္တပ္တဲ့ မိန္း ကေလး တစ္ေယာက္က ျပန္လည္မွ်ေဝေပးထားတာပါ။သူမကေတာ့ လွခ်င္တာေၾကာင့္ မ်က္ကပ္မွန္တပ္ခဲ့သူေလးပါ။ တပ္ၿပီး ခါစေတာ့ လိုခ်င္တဲ့အရာေလးမို႔ လွေနတာေပါ့ေနာ္။





ျပန္ခြၽတ္တဲ့အထိလည္း အေကာင္းအတိုင္းပါပဲ။ ဒါနဲ႔ မ်က္စဥ္းလည္းမထည့္ပဲေနခဲ့လိုက္တာ။ ခြၽတ္ၿပီး သိပ္မၾကာခင္မွာပဲ မ်က္လုံးက အျမင္ဝါး လာတယ္။ တေျဖးေျဖး ပိုဆိုးလာတာေၾကာင့္ မ်က္စဥ္းခပ္ၿပီး အိပ္လိုက္ပါတယ္။ ျပန္ႏိုးလာေတာ့ မ်က္လုံး ဖြင့္မရေတာ့ေလာက္ေအာင္ နာက်ဥ္မႈေတြ ခံစားရၿပီးေတာ့ ေဆး႐ုံေျပးခဲ့ရပါတယ္။ ေဆး႐ုံကမ်က္လုံးကို သုံးရက္ ပိတ္စည္းၿပီး အနားေပးခဲ့ရတယ္လို႔ သိရပါတယ္။ အဲ့ဒီေနာက္မွျပန္သက္သာလာတယ္လို႔ ဆိုပါတယ္။



ရလိုက္တဲ့ သင္ခန္းစာကေတာ့ ဆရာမႀကီးေျပာတာက ျမန္မာျပည္မွာက ဖုန္မႈန႔္ ၊ သဲေတြ ထူေျပာတဲ့ ႏိုင္ငံမို႔လို႔ မ်က္ကပ္မွန္နဲ႔ မကိုက္ညီဘူးလို႔ သိရပါတယ္။ အခက္မသင့္ရင္လည္း ကန္းတဲ့အထိျဖစ္တတ္ပါတယ္တဲ့ေနာ္။ ဒါေၾကာင့္ အားလုံး သိေအာင္မွ်ေဝေပးလိုက္ပါတယ္။ ကိုယ့္မိတ္ေဆြထဲမွာ မ်က္ကပ္မွန္တပ္တဲ့ အသိေတြရွိရင္လည္းေျပာျပေပးလိုက္ပါဦးေနာ္။

Writer – SMT( Shwe Yaung Lan)



Unicode ဖြင့်ဖတ်ရန်

မျက်လုံးလေး ဝိုင်းပြီး အရမ်းလှချင်လို့ ဒုက္ခရောက်သွားတဲ့ မြန်မာ မိန်းကလေး တစ်ဦး





ခေတ်မီနည်းပညာတွေ တိုးတက်လာမှုကြောင့် ကဏ္ဍအသီးသီးမှာလည်း တိုးတက်မှုနှုန်းတွေဟာ မြင့်မားလာပါတယ်။ အခုဆိုရင် အားလုံး သိကြတဲ့အတိုင်း မိမွေးတိုင်း ဖမွေးတိုင်း မျက်နှာကို ခွဲစိတ်ပြုပြင်နိုင်ခဲ့ကြပြီဖြစ်သလို ၊ မချွန်တဲ့မေးကို ချွန်အောင် ၊
ကားတဲ့မေးကို မကားအောင် လုပ်လို့ရနေတဲ့ ခေတ်လည်းဖြစ်ပါတယ်နော်။ ဒီလိုပဲ မျက်စိတ်အမြင်အာရုံမကောင်းလို့လည်း မျက်မှန်တပ်ဖို့ ရှက်တွန့်သူတွေအတွက်လည်း မျက်ကပ်မှန်တွေက ခေတ်စားနေတာပဲဖြစ်ပါတယ်။ မျက်ကပ်မှန်ကိုပင် အပြာရောင်လေး အနီရောင်လေး စသဖြင့် မိမိနှစ်သက်ရာ အရောင်ဖြင့်ပင် ရနိုင်သည်မဟုတ်ပါလား။





မျက်ကပ်မှန်ဆိုတာနဲ့ ပတ်သတ်ပြီးတော့ ဗဟုသုတလေးတစ်ခု မျှဝေပေးပါရစေ။ ဒီအကြောင်းကို ယွန်းရတနာထိုက် ဆိုတဲ့ မျက်ကပ်မှန်တပ်တဲ့ မိန်း ကလေး တစ်ယောက်က ပြန်လည်မျှဝေပေးထားတာပါ။သူမကတော့ လှချင်တာကြောင့် မျက်
ကပ်မှန်တပ်ခဲ့သူလေးပါ။ တပ်ပြီး ခါစတော့ လိုချင်တဲ့အရာလေးမို့ လှနေတာပေါ့နော်။



ပြန်ချွတ်တဲ့အထိလည်း အကောင်းအတိုင်းပါပဲ။ ဒါနဲ့ မျက်စဉ်းလည်းမထည့်ပဲနေခဲ့လိုက်တာ။ ချွတ်ပြီး သိပ်မကြာခင်မှာပဲ မျက်လုံးက အမြင်ဝါး လာတယ်။ တဖြေးဖြေး ပိုဆိုးလာတာကြောင့် မျက်စဉ်းခပ်ပြီး အိပ်လိုက်ပါတယ်။ ပြန်နိုးလာတော့ မျက်လုံး ဖွင့်မရ
တော့လောက်အောင် နာကျဉ်မှုတွေ ခံစားရပြီးတော့ ဆေးရုံပြေးခဲ့ရပါတယ်။ ဆေးရုံကမျက်လုံးကို သုံးရက် ပိတ်စည်းပြီး အနားပေးခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှပြန်သက်သာလာတယ်လို့ ဆိုပါတယ်။



ရလိုက်တဲ့ သင်ခန်းစာကတော့ ဆရာမကြီးပြောတာက မြန်မာပြည်မှာက ဖုန်မှုန့် ၊ သဲတွေ ထူပြောတဲ့ နိုင်ငံမို့လို့ မျက်ကပ်မှန်နဲ့ မကိုက်ညီဘူးလို့ သိရပါတယ်။ အခက်မသင့်ရင်လည်း ကန်းတဲ့အထိဖြစ်တတ်ပါတယ်တဲ့နော်။ ဒါကြောင့် အားလုံး သိအောင်
မျှဝေပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေထဲမှာ မျက်ကပ်မှန်တပ်တဲ့ အသိတွေရှိရင်လည်းပြောပြပေးလိုက်ပါဦးနော်။

Writer – SMT( Shwe Yaung Lan)

Previous
Next Post »
Powered by Blogger.