Zawgyi ျဖင့္ဖတ္ရန္
၀ ေနတဲ့ Body ကို ဝိတ္ခ်ခ်င္တဲ့စိတ္ ကေတာ့ မိန္းကေလး တိုင္းမွာရွိပါတယ္။ ဝိတ္က်ခ်င္တယ္၊ ဒါေပမယ့္ ဘယ္လို ခ် ရမလဲ မသိဘူးဆိုတဲ့ မိန္းကေလးေတြအတြက္ ထိုင္ဝမ္မိန္းကေလးတစ္ေယာက္ကေတာ့ သူမရဲ႕ ဝိတ္က်စေတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ေဝမွ် ေပးလိုက္ပါတယ္။ သူမက ေတာ့ တစ္ႏွစ္အတြင္းမွာ (၃၃) ေပါင္ ဝိတ္ ခ် ျပခဲ့တာပါ။ အခုဆိုရင္ေတာ့ သူမရဲ႕ဝိတ္ဟာ အရင္က ေပါင္ (၁၄၀) ကေန အခုဆိုရင္ေတာ့ (၁၀၇)ေပါင္ပဲ ရွိပါေတာ့တယ္။
တျခား လုပ္ေဖာ္ကိုင္ဖက္ေတြက သူမရဲ႕ ေျခေထာက္ ဟာ စကပ္ဝတ္ရင္ အရမ္းႀကီးေနတယ္ဆိုၿပီး ကဲ့ရဲ႕ေလွာင္ေျပာင္ တာကို မခံခ်င္စိတ္နဲ႔ ဝိတ္ခ်ျပခဲ့တာပါ။ ထိုင္ဝမ္ ဆိုရွယ္မီးယာ Platforam DCard မွာ သူမဝိတ္ ခ်တဲ့နည္းေတြကို ေဝမွ် ခဲ့တာပါ။ ေလ့က်င့္ခန္း မပါ Diet တစ္မ်ိဳးတည္းကိုပဲ လုပ္ၿပီး သုံးလ အတြင္း (၂၂) ေပါင္ ဝိတ္ခ်ခဲ့တာပါ။ သူမဟာ McDonald မွာ အလုပ္လုပ္ေနသူပါ။ ကိုယ္တိုင္လည္း fast food ေတြ ေရာင္းတဲ့ ေနရာမွာ လုပ္ေနရသူမို႔ အစားေရွာင္ဖို႔ ဆိုတာက သူမ အတြက္ ေတာ္ေတာ္ ေလး ခက္ခဲခဲ့ပါတယ္။ ဒါေပမယ့္ စားခ်င္စိတ္ကို ထိန္းၿပီး ဝိတ္ကို မရ ရ ေအာင္ ခ်ျပခဲ့တာပါ။
အခုလို ဝိတ္က် ေအာင္ လုံး၀ လုံး၀ ေရွာင္ခဲ့တဲ့ အရာ ေတြ ကေတာ့ ေရခဲ မုန႔္၊ ဆီ ေၾကာ္၊ ဘာဂါ၊ ၾကက္ေၾကာ္၊ အခ်ိဳရည္ေတြကိုပါ။ တကယ္လို႔မ်ား ဝိတ္က်ခ်င္တယ္ဆိုရင္ ေတာ့ အဲ့ဒီလို အစား အစာ ေတြကို ႏွစ္လ သုံးလ ေလာက္ ေရွာင္ လိုက္႐ုံနဲ႔ ရလဒ္က ေတာ္ေတာ္သိလာပါတယ္။ သူမဟာ ဥ၊ သၾကား မပါ တဲ့ သစ္သီး ေဖ်္ာရည္၊ ဆလတ္႐ြက္.. တို႔ကိုပဲ စား တယ္လို႔ ေျပာခဲ့ပါတယ္။
Diet လုပ္ ေနခ်ိန္မွာ ကစီဓါတ္ ပါတဲ့ အရာေတြ ကို လုံး၀ ေရွာင္ၿပီး ဥ၊ အသီးအ႐ြက္နဲ႔ အသား ေတြကိုပဲ စားျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ တစ္ေန႔ကို ေရ ႏွစ္လီတာ ကေန သုံး လီတာ ေလာက္ အထိ ေသာက္တယ္လို႔ ေျပာခဲ့ပါတယ္။Bubble Tea နဲ႔ အ ေအး ေတြ ကိုေတာ့ လုံး၀ ေရွာင္ တယ္လို႔ ေျပာခဲ့ပါတယ္။ “အစတုန္းကဆိုရင္ က်မက ေရ ေသာက္ ရတာကို မုန္းတယ္။ ေရလည္း သိပ္မေသာက္ျဖစ္ဘူး။ လက္ဖက္ရည္၊ ေကာ္ ဖီနဲ႔ ပဲႏို႔ ကိုပဲ မၾကာခဏ ေသာက္ ျဖစ္ခဲ့တယ္..” ဆိုၿပီး သူမကို ဝလာေစတဲ့ အေၾကာင္း အရင္း ေတြထဲက တစ္ခုကို ေျပာျပခဲ့ပါတယ္။ အစား ေရွာင္ၿပီး (၃) လေလာက္ ဝိတ္ ခ် ခဲ့ရာကေန ဝိတ္ က် သြားခ်ိန္ မွာေတာ့ ေနာက္ပိုင္းမွာ ေလ့က်င့္ခန္းပါ တြဲ လုပ္ဖို႔ ဆုံးျဖတ္ ခဲ့ပါတယ္။ တစ္ပတ္မွာ (၃) ရက္(သို႔) (၄)ရက္ေလာက္ ေတာ့ Gym သြားတယ္လို႔ ဆိုပါတယ္။ ပိန္ေဆး ေတြ ေသာက္ ၿပီး ဝိတ္ ခ် တာမ်ိဳး ကိုေတာ့ သူမကိုယ္တိုင္လည္း မလုပ္သလို အားလည္း မေပးဘူးလို႔ ေျပာခဲ့ပါတယ္။
Credit: Aunty may
Unicode ဖြင့်ဖတ်ရန်
ထိုင်ဝမ်မိန်းကလေး ဝေမျှလိုက်တဲ့ တစ်နှစ်အတွင်း (၃၃)ပေါင် ဝိတ်ကျစေတဲ့ နည်းလမ်း
၀ နေတဲ့ Body ကို ဝိတ်ချချင်တဲ့စိတ် ကတော့ မိန်းကလေး တိုင်းမှာရှိပါတယ်။ ဝိတ်ကျချင်တယ်၊ ဒါပေမယ့် ဘယ်လို ချ ရမလဲ မသိဘူးဆိုတဲ့ မိန်းကလေးတွေအတွက် ထိုင်ဝမ်မိန်းကလေးတစ်ယောက်ကတော့ သူမရဲ့ ဝိတ်ကျစတေဲ့ လျှို့ဝှက်ချက်ကို ဝေမျှ ပေးလိုက်ပါတယ်။ သူမက တော့ တစ်နှစ်အတွင်းမှာ (၃၃) ပေါင် ဝိတ် ချ ပြခဲ့တာပါ။ အခုဆိုရင်တော့ သူမရဲ့ဝိတ်ဟာ အရင်က ပေါင် (၁၄၀) ကနေ အခုဆိုရင်တော့ (၁၀၇)ပေါင်ပဲ ရှိပါတော့တယ်။
တခြား လုပ်ဖော်ကိုင်ဖက်တွေက သူမရဲ့ ခြေထောက် ဟာ စကပ်ဝတ်ရင် အရမ်းကြီးနေတယ်ဆိုပြီး ကဲ့ရဲ့လှောင်ပြောင် တာကို မခံချင်စိတ်နဲ့ ဝိတ်ချပြခဲ့တာပါ။ ထိုင်ဝမ် ဆိုရှယ်မီးယာ Platforam DCard မှာ သူမဝိတ် ချတဲ့နည်းတွေကို ဝေမျှ ခဲ့တာပါ။ လေ့ကျင့်ခန်း မပါ Diet တစ်မျိုးတည်းကိုပဲ လုပ်ပြီး သုံးလ အတွင်း (၂၂) ပေါင် ဝိတ်ချခဲ့တာပါ။ သူမဟာ McDonald မှာ အလုပ်လုပ်နေသူပါ။ ကိုယ်တိုင်လည်း fast food တွေ ရောင်းတဲ့ နေရာမှာ လုပ်နေရသူမို့ အစားရှောင်ဖို့ ဆိုတာက သူမ အတွက် တော်တော် လေး ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် စားချင်စိတ်ကို ထိန်းပြီး ဝိတ်ကို မရ ရ အောင် ချပြခဲ့တာပါ။
အခုလို ဝိတ်ကျ အောင် လုံး၀ လုံး၀ ရှောင်ခဲ့တဲ့ အရာ တွေ ကတော့ ရေခဲ မုန့်၊ ဆီ ကြော်၊ ဘာဂါ၊ ကြက်ကြော်၊ အချိုရည်တွေကိုပါ။ တကယ်လို့များ ဝိတ်ကျချင်တယ်ဆိုရင် တော့ အဲ့ဒီလို အစား အစာ တွေကို နှစ်လ သုံးလ လောက် ရှောင် လိုက်ရုံနဲ့ ရလဒ်က တော်တော်သိလာပါတယ်။ သူမဟာ ဥ၊ သကြား မပါ တဲ့ သစ်သီး ဖျေ်ာရည်၊ ဆလတ်ရွက်.. တို့ကိုပဲ စား တယ်လို့ ပြောခဲ့ပါတယ်။
Diet လုပ် နေချိန်မှာ ကစီဓါတ် ပါတဲ့ အရာတွေ ကို လုံး၀ ရှောင်ပြီး ဥ၊ အသီးအရွက်နဲ့ အသား တွေကိုပဲ စားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တစ်နေ့ကို ရေ နှစ်လီတာ ကနေ သုံး လီတာ လောက် အထိ သောက်တယ်လို့ ပြောခဲ့ပါတယ်။Bubble Tea နဲ့ အ အေး တွေ ကိုတော့ လုံး၀ ရှောင် တယ်လို့ ပြောခဲ့ပါတယ်။ “အစတုန်းကဆိုရင် ကျမက ရေ သောက် ရတာကို မုန်းတယ်။ ရေလည်း သိပ်မသောက်ဖြစ်ဘူး။ လက်ဖက်ရည်၊ ကော် ဖီနဲ့ ပဲနို့ ကိုပဲ မကြာခဏ သောက် ဖြစ်ခဲ့တယ်..” ဆိုပြီး သူမကို ဝလာစေတဲ့ အကြောင်း အရင်း တွေထဲက တစ်ခုကို ပြောပြခဲ့ပါတယ်။ အစား ရှောင်ပြီး (၃) လလောက် ဝိတ် ချ ခဲ့ရာကနေ ဝိတ် ကျ သွားချိန် မှာတော့ နောက်ပိုင်းမှာ လေ့ကျင့်ခန်းပါ တွဲ လုပ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ တစ်ပတ်မှာ (၃) ရက်(သို့) (၄)ရက်လောက် တော့ Gym သွားတယ်လို့ ဆိုပါတယ်။ ပိန်ဆေး တွေ သောက် ပြီး ဝိတ် ချ တာမျိုး ကိုတော့ သူမကိုယ်တိုင်လည်း မလုပ်သလို အားလည်း မပေးဘူးလို့ ပြောခဲ့ပါတယ်။
Credit: Aunty may
Sign up here with your email
ConversionConversion EmoticonEmoticon