Zawgyi ျဖင့္ဖတ္ရန္
ခုေခတ္က စႏႈိက္ေၾကာ္ၾကတာနဲ႔၊ ၿခံခုန္ၾကတာနဲ႔ အမ်ိဳးကို စုံေနတာဆိုေတာ့ ကိုယ့္ခ်စ္သူကို လုံၿခဳံေအာင္ ေသတၱာထဲ ေသာ့ပိတ္သိမ္းထားရမလိုျဖစ္ေနၿပီ။ ဘယ္သူကမွ ကိုယ့္ခ်စ္သူကို သူမ်ားဆီေတာ့ အပါခံခ်င္မယ္ မထင္ဘူးေနာ္။ ဒီေတာ့ကာ ကိုယ့္ခ်စ္သူကို စႏႈိက္ေၾကာ္ရန္ကေန ဒီနည္းလမ္းေတြနဲ႔ ကာကြယ္ၾကမယ္။
ေပၚေပၚထင္ထင္တြဲပါ
သင္တို႔ႏွစ္ေယာက္ ခ်စ္သူျဖစ္ေနတယ္ဆိုတာ တစ္ျခား သင့္ရဲ႕ သူငယ္ခ်င္း၊ သင့္ခ်စ္သူရဲ႕ သူငယ္ခ်င္းစတဲ့ တစ္ျခားေသာသူေတြသိေအာင္ ေပၚေပၚထင္ထင္တြဲပါ။ ဒီလိုမ်ိဳး သင့္ရဲ႕ခ်စ္သူကို လူသိရွင္ၾကားတြဲျခင္းက စႏႈိက္ေက်ာ္ခ်င္ရင္ေတာင္ နည္းနည္းေတာ့ အဟန႔္အတားျဖစ္ေစပါလိမ့္မယ္။
ပိုဂ႐ုစိုက္ၿပီး ခ်စ္ျပပါ
ကိုယ့္ခ်စ္သူကို အရင္ကထက္ ပိုဂ႐ုစိုက္ၿပီး ခ်စ္ျပဖို႔ကို မေမ့ပါနဲ႔။ ဒါဟာ သင့္ခ်စ္သူ တစ္ျခားတစ္ေယာက္ဆီကို ပါမသြားႏိုင္မယ့္ အေကာင္းဆုံးလက္နက္ျဖစ္ပါတယ္။ ကိုယ့္ခ်စ္သူကို ဂ႐ုစိုက္ဖို႔ေမ့ေလ်ာ့ေနကာမွ ကိုယ့္ထက္ဂ႐ုစိုက္မႈေတြေပးႏိုင္တဲ့ စႏႈိက္ေၾကာ္ဆီကို ေရာ့အင့္ဆိုၿပီး ကိုယ့္ခ်စ္သူကို ထည့္ေပးလိုက္သလိုပါပဲ။ ဒါေၾကာင့္ အရင္ကထက္ ပိုဂ႐ုစိုက္ ခ်စ္ျပသင့္ပါတယ္။
ဒါကေတာ့ စႏႈိက္ေၾကာ္ကို ပညာသားပါပါနဲ႔ တုံ႔ျပန္ရမယ့္ နည္းျဖစ္ပါတယ္။ ကိုယ့္ခ်စ္သူကို စႏႈိက္ေၾကာ္ဖို႔ ႀကံ႐ြယ္ေနသူသိေအာင္ ပညာသားပါပါနဲ႔ ကိုယ့္ခ်စ္သူကို သူမ်ားဆီ အပါမခံႏိုင္ဘူးဆိုတဲ့အေၾကာင္း၊ စႏႈိက္ေၾကာ္ေတြကို ဘယ္လိုတုံ႔ျပန္မယ္ဆိုတဲ့အေၾကာင္းေတြကို ပညာသားပါပါ ေျပာတတ္ဖို႔လိုပါတယ္။ ေျပာေကာင္းေကာင္းနဲ႔ အရမ္းႀကီးေတာ့ မေျပာသင့္ပါဘူးေနာ္ ဟိုက မခံခ်င္စိတ္နဲ႔ ကိုယ့္ခ်စ္သူကို မရရေအာင္ စႏႈိက္ေၾကာ္သြားကာမွ ကိုယ္က်ိဳးေတြနည္းေနပါအုံးမယ္။
သင့္ခ်စ္သူကို အသိေပးပါ
သင့္ခ်စ္သူကို အသိေပးျခင္းက သင့္ခ်စ္သူေျခလွမ္းမမွားေအာင္ ႀကိဳတင္ကာကြယ္ၿပီးသားျဖစ္သလို၊ သင့္ခ်စ္သူနဲ႔ စႏႈိက္ေၾကာ္ခ်င္တဲ့သူကို မႏွီးစပ္ႏိုင္ေအာင္ ဟန႔္တားၿပီးသား ျဖစ္သြားပါတယ္။ ဒီလိုမ်ိဳး ပြင့္ပြင့္လင္းလင္း ေျပာဆိုထားျခင္းက ကတယ့္ကိုေကာင္းမြန္ၿပီး သင္တို႔ခ်စ္သူႏွစ္ေယာက္ကို ပိုအဆင္ေျပေစမွာပါ။ ဒီလိုေျပာထားတဲ့ၾကားက စႏႈိက္ေၾကာ္ခံလိုက္ရရင္ေတာ့ သင့္ရဲ႕ခ်စ္သူဟာ အရမ္းကို ၿခံခုန္ခ်င္ေနတဲ့အတြက္ေၾကာင့္မို႔ သူ႔ကို လက္လႊတ္ၿပီး ေမ့ပစ္လိုက္သင့္ပါတယ္။
Credit: Aunty may
Unicode ဖြင့်ဖတ်ရန်
စနှိုက်ကြော်တွေများတဲ့ခေတ်မှာ ကိုယ့်ချစ်သူကို စနှိုက်ကြော်ရန်ကနေ ဘယ်လိုကာကွယ်ကြမလဲ
ခုခေတ်က စနှိုက်ကြော်ကြတာနဲ့၊ ခြံခုန်ကြတာနဲ့ အမျိုးကို စုံနေတာဆိုတော့ ကိုယ့်ချစ်သူကို လုံခြုံအောင် သေတ္တာထဲ သော့ပိတ်သိမ်းထားရမလိုဖြစ်နေပြီ။ ဘယ်သူကမှ ကိုယ့်ချစ်သူကို သူများဆီတော့ အပါခံချင်မယ် မထင်ဘူးနော်။ ဒီတော့ကာ ကိုယ့်ချစ်သူကို စနှိုက်ကြော်ရန်ကနေ ဒီနည်းလမ်းတွေနဲ့ ကာကွယ်ကြမယ်။
ပေါ်ပေါ်ထင်ထင်တွဲပါ
သင်တို့နှစ်ယောက် ချစ်သူဖြစ်နေတယ်ဆိုတာ တစ်ခြား သင့်ရဲ့ သူငယ်ချင်း၊ သင့်ချစ်သူရဲ့ သူငယ်ချင်းစတဲ့ တစ်ခြားသောသူတွေသိအောင် ပေါ်ပေါ်ထင်ထင်တွဲပါ။ ဒီလိုမျိုး သင့်ရဲ့ချစ်သူကို လူသိရှင်ကြားတွဲခြင်းက စနှိုက်ကျော်ချင်ရင်တောင် နည်းနည်းတော့ အဟန့်အတားဖြစ်စေပါလိမ့်မယ်။
ပိုဂရုစိုက်ပြီး ချစ်ပြပါ
ကိုယ့်ချစ်သူကို အရင်ကထက် ပိုဂရုစိုက်ပြီး ချစ်ပြဖို့ကို မမေ့ပါနဲ့။ ဒါဟာ သင့်ချစ်သူ တစ်ခြားတစ်ယောက်ဆီကို ပါမသွားနိုင်မယ့် အကောင်းဆုံးလက်နက်ဖြစ်ပါတယ်။ ကိုယ့်ချစ်သူကို ဂရုစိုက်ဖို့မေ့လျော့နေကာမှ ကိုယ့်ထက်ဂရုစိုက်မှုတွေပေးနိုင်တဲ့ စနှိုက်ကြော်ဆီကို ရော့အင့်ဆိုပြီး ကိုယ့်ချစ်သူကို ထည့်ပေးလိုက်သလိုပါပဲ။ ဒါကြောင့် အရင်ကထက် ပိုဂရုစိုက် ချစ်ပြသင့်ပါတယ်။
ဒါကတော့ စနှိုက်ကြော်ကို ပညာသားပါပါနဲ့ တုံ့ပြန်ရမယ့် နည်းဖြစ်ပါတယ်။ ကိုယ့်ချစ်သူကို စနှိုက်ကြော်ဖို့ ကြံရွယ်နေသူသိအောင် ပညာသားပါပါနဲ့ ကိုယ့်ချစ်သူကို သူများဆီ အပါမခံနိုင်ဘူးဆိုတဲ့အကြောင်း၊ စနှိုက်ကြော်တွေကို ဘယ်လိုတုံ့ပြန်မယ်ဆိုတဲ့အကြောင်းတွေကို ပညာသားပါပါ ပြောတတ်ဖို့လိုပါတယ်။ ပြောကောင်းကောင်းနဲ့ အရမ်းကြီးတော့ မပြောသင့်ပါဘူးနော် ဟိုက မခံချင်စိတ်နဲ့ ကိုယ့်ချစ်သူကို မရရအောင် စနှိုက်ကြော်သွားကာမှ ကိုယ်ကျိုးတွေနည်းနေပါအုံးမယ်။
သင့်ချစ်သူကို အသိပေးပါ
သင့်ချစ်သူကို အသိပေးခြင်းက သင့်ချစ်သူခြေလှမ်းမမှားအောင် ကြိုတင်ကာကွယ်ပြီးသားဖြစ်သလို၊ သင့်ချစ်သူနဲ့ စနှိုက်ကြော်ချင်တဲ့သူကို မနှီးစပ်နိုင်အောင် ဟန့်တားပြီးသား ဖြစ်သွားပါတယ်။ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောဆိုထားခြင်းက ကတယ့်ကိုကောင်းမွန်ပြီး သင်တို့ချစ်သူနှစ်ယောက်ကို ပိုအဆင်ပြေစေမှာပါ။ ဒီလိုပြောထားတဲ့ကြားက စနှိုက်ကြော်ခံလိုက်ရရင်တော့ သင့်ရဲ့ချစ်သူဟာ အရမ်းကို ခြံခုန်ချင်နေတဲ့အတွက်ကြောင့်မို့ သူ့ကို လက်လွှတ်ပြီး မေ့ပစ်လိုက်သင့်ပါတယ်။
Credit: Aunty may
Sign up here with your email
ConversionConversion EmoticonEmoticon