ခ်စ္သူအႀကိဳက္ အႀကိမ္ ၃၀ ခြဲစိတ္ခဲ့မႈ ေနာင္တရဟု ယူက်ဴ႕စတားေျပာ




Zawgyi ျဖင့္ဖတ္ရန္

ခ်စ္သူအႀကိဳက္ အျပာမယ္ပုံစံနဲ႔တူေအာင္ အႀကိမ္ ၃၀ ခြဲစိတ္ျပဳျပင္ခဲ့တဲ့ ယူက်ဳ႕ေပၚက နာမည္ႀကီး ေဟာင္ေကာင္အမ်ိဳးသမီးက ခ်စ္သူနဲ႔ လမ္းခြဲၿပီးတဲ့ေနာက္ ခြဲစိတ္မႈေတြအတြက္ ေနာင္တရတယ္လို႔ ေျပာလိုက္ပါတယ္။

ဘာရီဆိုတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္အမ်ိဳးသမီးက သူမပုံစံ လုံးဝ ေျပာင္းလဲသြားေအာင္ သူမရဲ႕ နဖူး၊ ႏႈတ္ခမ္း၊ မ်က္ခြံ၊ ႏွာေခါင္းနဲ႔ ရင္သားေတြကို ခြဲစိတ္ျပဳျပင္ခဲ့တာပါ။





ဒါေပမယ့္ ခ်စ္သူက သူမရဲ႕ပုံစံကို ဘယ္ေတာ့မွ ေက်နပ္မွာ မဟုတ္တာကို သိသြားလို႔ လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ရွင္းျပခဲ့ပါတယ္။



သူမက ခုဘယ္ေတာ့မွ ခြဲစိတ္မႈ မလုပ္ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ေပမယ့္ သူမရဲ႕အရင္ပုံစံကို ျပန္လိုခ်င္ေနပါတယ္။



သူမက ႐ုပ္သံ႐ိုက္ကူးၿပီး မွားယြင္းတဲ့ အယူအဆအတြက္နဲ႔ ခြဲစိတ္မႈလုပ္ခဲ့တဲ့အေၾကာင္း အျခားသူေတြကို သတိေပးခဲ့ပါတယ္။



အကယ္၍ အမ်ိဳးသမီးေတြအေနနဲ႔ ခြဲစိတ္မႈလုပ္ခ်င္တယ္ဆိုရင္ေတာင္ အျခားသူေတြ စိတ္ေက်နပ္ဖို႔ မဟုတ္ဘဲ ကိုယ့္အတြက္သာ ခြဲစိတ္မႈျပဳလုပ္သင့္ေၾကာင္း၊ သူမက ေျပာၿပီး သူမရဲ႕ခ်စ္သူ ႏွစ္သက္တဲ့ အျပာကား သ႐ုပ္ေဆာင္မယ္နဲ႔ ဆင္တူေအာင္ သူမက ခြဲစိတ္ျပဳျပင္ခဲ့ေပမယ့္ ခ်စ္သူက ႏွစ္သက္ပုံမျပေၾကာင္း၊ ခ်စ္သူကသာ ခြဲစိတ္တာ ရပ္ဖို႔ တိုက္တြန္းခဲ့ရင္ သူမ ရပ္တန႔္ခဲ့မွာျဖစ္ေၾကာင္း၊ ဒါေပမယ့္ ခ်စ္သူက မေျပာခဲ့ဘူးလို႔ သူမက ရွင္းျပပါတယ္။

ေနာက္ဆုံးခြဲစိတ္မႈကို သူမ မိခင္က ျမင္ၿပီးခ်ိန္မွာ သူမလုပ္တာေတြက အထိန္းအကြပ္မဲ့ေနတာသိၿပီး ခ်စ္သူနဲ႔ လမ္းခြဲခဲ့တာလို႔ ဆိုပါတယ္။

share from: /xyznews


Unicode ဖြင့်ဖတ်ရန်

ချစ်သူအကြိုက် အကြိမ် ၃၀ ခွဲစိတ်ခဲ့မှု နောင်တရဟု ယူကျူ့စတားပြော

ချစ်သူအကြိုက် အပြာမယ်ပုံစံနဲ့တူအောင် အကြိမ် ၃၀ ခွဲစိတ်ပြုပြင်ခဲ့တဲ့ ယူကျု့ပေါ်က နာမည်ကြီး ဟောင်ကောင်အမျိုးသမီးက ချစ်သူနဲ့ လမ်းခွဲပြီးတဲ့နောက် ခွဲစိတ်မှုတွေအတွက် နောင်တရတယ်လို့ ပြောလိုက်ပါတယ်။

ဘာရီဆိုတဲ့ အသက် ၂၂ နှစ်အရွယ်အမျိုးသမီးက သူမပုံစံ လုံးဝ ပြောင်းလဲသွားအောင် သူမရဲ့ နဖူး၊ နှုတ်ခမ်း၊ မျက်ခွံ၊ နှာခေါင်းနဲ့ ရင်သားတွေကို ခွဲစိတ်ပြုပြင်ခဲ့တာပါ။



ဒါပေမယ့် ချစ်သူက သူမရဲ့ပုံစံကို ဘယ်တော့မှ ကျေနပ်မှာ မဟုတ်တာကို သိသွားလို့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။



သူမက ခုဘယ်တော့မှ ခွဲစိတ်မှု မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့် သူမရဲ့အရင်ပုံစံကို ပြန်လိုချင်နေပါတယ်။



သူမက ရုပ်သံရိုက်ကူးပြီး မှားယွင်းတဲ့ အယူအဆအတွက်နဲ့ ခွဲစိတ်မှုလုပ်ခဲ့တဲ့အကြောင်း အခြားသူတွေကို သတိပေးခဲ့ပါတယ်။



အကယ်၍ အမျိုးသမီးတွေအနေနဲ့ ခွဲစိတ်မှုလုပ်ချင်တယ်ဆိုရင်တောင် အခြားသူတွေ စိတ်ကျေနပ်ဖို့ မဟုတ်ဘဲ ကိုယ့်အတွက်သာ ခွဲစိတ်မှုပြုလုပ်သင့်ကြောင်း၊ သူမက ပြောပြီး သူမရဲ့ချစ်သူ နှစ်သက်တဲ့ အပြာကား သရုပ်ဆောင်မယ်နဲ့ ဆင်တူအောင် သူမက ခွဲစိတ်ပြုပြင်ခဲ့ပေမယ့် ချစ်သူက နှစ်သက်ပုံမပြကြောင်း၊ ချစ်သူကသာ ခွဲစိတ်တာ ရပ်ဖို့ တိုက်တွန်းခဲ့ရင် သူမ ရပ်တန့်ခဲ့မှာဖြစ်ကြောင်း၊ ဒါပေမယ့် ချစ်သူက မပြောခဲ့ဘူးလို့ သူမက ရှင်းပြပါတယ်။

နောက်ဆုံးခွဲစိတ်မှုကို သူမ မိခင်က မြင်ပြီးချိန်မှာ သူမလုပ်တာတွေက အထိန်းအကွပ်မဲ့နေတာသိပြီး ချစ်သူနဲ့ လမ်းခွဲခဲ့တာလို့ ဆိုပါတယ်။

share from: /xyznews


Previous
Next Post »
Powered by Blogger.