မိမိကိုယ္ကိုသတ္ေသဖို႔ ႀကိဳးစားေနစဥ္ ခ်ဳံပုတ္ထဲက အရာတစ္ခုေၾကာင့္ အသက္ဆက္ရွင္ခဲ့တဲ့ စစ္သားတစ္ေယာက္





Zawgyi ျဖင့္ဖတ္ရန္

မိသားစုေတြနဲ႔ခြဲၿပီး တိုင္းျပည္တာဝန္ထမ္းေဆာင္ေနရတဲ့ စစ္သားေတြရဲ႕ဘဝဟာ တကယ္ေတာ့ မလြယ္ကူလွပါဘူး။ သူတို႔ဟာ တိုက္ပြဲေပါင္းမ်ားစြာအလယ္ အသက္ေသ မေသဆိုတာ မေသခ်ာတဲ့ဘဝမွာ ရွင္သန္ရတဲ့လူသားေတြပဲျဖစ္ပါတယ္။Josh Marino ဟာ အေမရိကန္စစ္တပ္ စစ္သားတစ္ဦးျဖစ္ၿပီး Baghdad စစ္ပြဲမွာ ပါဝင္ခဲ့သူျဖစ္ပါတယ္။ သူဟာ သိပ္ကိုပင္ပန္းခက္ခဲတဲ့အခ်ိန္ေတြ ျဖတ္ေက်ာ္ခဲ့ရတာေၾကာင့္ စိတ္ဖိအားမ်ားျခင္းေၾကာင့္ ျဖစ္ေပၚတဲ့စိတ္ေဝဒနာတစ္မ်ိဳးကို ခံစားေနရတာျဖစ္ပါတယ္။





တစ္ေန႔စစ္ပြဲမွာ အေျမႇာက္ေတြနဲ႔တိုက္ခိုက္ၾကပါတယ္။ အေျမႇာက္ေတြေပါက္ကြဲလာတဲ့ေနရာဟာ သူနဲ႔ ၁၀ေပေတာင္မျခားဘူးလို႔သိရပါတယ္။ အဲဒီ့အခ်ိန္မွာ စိတ္ေျခာက္ျခားတဲ့ေဝဒနာစတင္ခံစားခဲ့ရတာျဖစ္ပါတယ္။ စစ္ပြဲက အိမ္ျပန္လာခ်ိန္မွာ ဘယ္သူ႔မွ သူ႔ရဲ႕မျမင္ႏိုင္တဲ့ စိတ္ဒဏ္ရာကို သတိမထားမိၾကဘူးလို႔ဆိုပါတယ္။


သူေတာင့္မခံႏိုင္ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ကာ ဓားကိုထုတ္ၿပီးေနာက္ စာတစ္ေစာင္ေရးထားခဲ့ပါတယ္။

မိုး႐ြာေနခ်ိန္ ေနာက္ဆုံးအေနနဲ႔ အျပင္ထြက္ကာ စီးကရက္ေသာက္ေနခ်ိန္ ခ်ဳံထဲမွာ သူ႔အာ႐ုံကိုဖမ္းစားသြားတဲ့ ျမင္ကြင္းတစ္ခုကို ေတြ႕ခဲ့ရပါတယ္။

ခ်ဳံထဲက ေၾကာင္ေလးတစ္ေကာင္ဟာ သူ႔ဆီေျပးလာကာ သူ႔ကိုလာပြတ္သပ္ခ်ိန္မွာေတာ့ Josh ဟာ မ်က္ရည္ေတြက်ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ထိုေၾကာင္ေလးဟာ သူတစ္ခ်ိန္က ေမြးထားခဲ့တဲ့ သူ႔ေၾကာင္ေလး Scout ျဖစ္ေနလို႔ပါပဲ။




Josh ဟာ စိတ္အားငယ္ေနခ်ိန္မွာ ေၾကာင္ေလးကိုျပဳစုရင္း သူ႔ရဲ႕စိတ္ဓာတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာကိုပါ သန္မာေအာင္ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေမြးၿပီး လအနည္းငယ္အၾကာမွာ Scout ဟာေပ်ာက္သြားခဲ့ၿပီး Josh တစ္ေယာက္ အႀကိမ္မ်ားစြာလိုက္ရွာခဲ့ေပမယ့္ မေတြ႕ခဲ့ပါဘူး။

ခ်ဳံထဲက ေသတၱာေလးထဲမွာ အျဖဴနဲ႔အနက္ေရာင္စပ္ထားတဲ့ ေၾကာင္ေလးကိုေတြ႕ကာ ေပြ႕ဖက္လိုက္ရခ်ိန္မွာ သူဟာသိပ္ကိုေပ်ာ္႐ႊင္သြားခဲ့ပါတယ္။

ေၾကာင္ေလးနဲ႔ ျပန္လည္ဆုံေတြ႕ၿပီးေနာက္မွာ Josh ဟာ ေကာင္းေကာင္းမြန္မြန္ျပန္လည္စားေသာက္လာကာ ေဆးလိပ္ေသာက္ျခင္းကိုပါ စြန႔္လႊတ္လိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။ လမ္းမွားကိုေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္ထားခ်ိန္မွာ သူ႔အနားျပန္ေရာက္လာတဲ့ ေၾကာင္ေလးကိုလည္း Joshတစ္ေယာက္ ေက်းဇူးတင္လ်က္ရွိပါတယ္။

Writer -LLA ( Shwe Yaung Lan )




Unicode ဖြင့်ဖတ်ရန်

မိမိကိုယ်ကိုသတ်သေဖို့ ကြိုးစားနေစဉ် ချုံပုတ်ထဲက အရာတစ်ခုကြောင့် အသက်ဆက်ရှင်ခဲ့တဲ့ စစ်သားတစ်ယောက်


မိသားစုတွေနဲ့ခွဲပြီး တိုင်းပြည်တာဝန်ထမ်းဆောင်နေရတဲ့ စစ်သားတွေရဲ့ဘဝဟာ တကယ်တော့ မလွယ်ကူလှပါဘူး။ သူတို့ဟာ တိုက်ပွဲပေါင်းများစွာအလယ် အသက်သေ မသေဆိုတာ မသေချာတဲ့ဘဝမှာ ရှင်သန်ရတဲ့လူသားတွေပဲဖြစ်ပါတယ်။Josh Marino ဟာ အမေရိကန်စစ်တပ် စစ်သားတစ်ဦးဖြစ်ပြီး Baghdad စစ်ပွဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူဟာ သိပ်ကိုပင်ပန်းခက်ခဲတဲ့အချိန်တွေ ဖြတ်ကျော်ခဲ့ရတာကြောင့် စိတ်ဖိအားများခြင်းကြောင့် ဖြစ်ပေါ်တဲ့စိတ်ဝေဒနာတစ်မျိုးကို ခံစားနေရတာဖြစ်ပါတယ်။



တစ်နေ့စစ်ပွဲမှာ အမြှောက်တွေနဲ့တိုက်ခိုက်ကြပါတယ်။ အမြှောက်တွေပေါက်ကွဲလာတဲ့နေရာဟာ သူနဲ့ ၁၀ပေတောင်မခြားဘူးလို့သိရပါတယ်။ အဲဒီ့အချိန်မှာ စိတ်ခြောက်ခြားတဲ့ဝေဒနာစတင်ခံစားခဲ့ရတာဖြစ်ပါတယ်။ စစ်ပွဲက အိမ်ပြန်လာချိန်မှာ ဘယ်သူ့မှ သူ့ရဲ့မမြင်နိုင်တဲ့ စိတ်ဒဏ်ရာကို သတိမထားမိကြဘူးလို့ဆိုပါတယ်။


သူတောင့်မခံနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကာ ဓားကိုထုတ်ပြီးနောက် စာတစ်စောင်ရေးထားခဲ့ပါတယ်။

မိုးရွာနေချိန် နောက်ဆုံးအနေနဲ့ အပြင်ထွက်ကာ စီးကရက်သောက်နေချိန် ချုံထဲမှာ သူ့အာရုံကိုဖမ်းစားသွားတဲ့ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရပါတယ်။

ချုံထဲက ကြောင်လေးတစ်ကောင်ဟာ သူ့ဆီပြေးလာကာ သူ့ကိုလာပွတ်သပ်ချိန်မှာတော့ Josh ဟာ မျက်ရည်တွေကျခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုကြောင်လေးဟာ သူတစ်ချိန်က မွေးထားခဲ့တဲ့ သူ့ကြောင်လေး Scout ဖြစ်နေလို့ပါပဲ။

Josh ဟာ စိတ်အားငယ်နေချိန်မှာ ကြောင်လေးကိုပြုစုရင်း သူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ သန်မာအောင်ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မွေးပြီး လအနည်းငယ်အကြာမှာ Scout ဟာပျောက်သွားခဲ့ပြီး Josh တစ်ယောက် အကြိမ်များစွာလိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။

ချုံထဲက သေတ္တာလေးထဲမှာ အဖြူနဲ့အနက်ရောင်စပ်ထားတဲ့ ကြောင်လေးကိုတွေ့ကာ ပွေ့ဖက်လိုက်ရချိန်မှာ သူဟာသိပ်ကိုပျော်ရွှင်သွားခဲ့ပါတယ်။

ကြောင်လေးနဲ့ ပြန်လည်ဆုံတွေ့ပြီးနောက်မှာ Josh ဟာ ကောင်းကောင်းမွန်မွန်ပြန်လည်စားသောက်လာကာ ဆေးလိပ်သောက်ခြင်းကိုပါ စွန့်လွှတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ လမ်းမှားကိုရွေးချယ်ဖို့ ဆုံးဖြတ်ထားချိန်မှာ သူ့အနားပြန်ရောက်လာတဲ့ ကြောင်လေးကိုလည်း Joshတစ်ယောက် ကျေးဇူးတင်လျက်ရှိပါတယ်။

Writer -LLA ( Shwe Yaung Lan )



Previous
Next Post »
Powered by Blogger.