ပင္လယ္ဖ်ံႀကီးက ေအာ္ဟစ္သတိေပးသျဖင့္ ေဒၚလာသန္း ၆၉၀ တန္ဖိုးရွိသည့္ မူးယစ္ေဆးဝါးမ်ား ဖမ္းမိ




Zawgyi ျဖင့္ဖတ္ရန္

ဩစေၾတးလ်တြင္ ပင္လယ္ဖ်ံႀကီး တစ္ေကာင္ေၾကာင့္ ႏိုင္ငံတကာမူးယစ္ ေဆးဝါးေမွာင္ခိုသမားႏွစ္ဦး၏ေဒၚလာ သန္း ၆၉၀ တန္ဖိုးရွိေသာမူးယစ္ေဆးဝါး မ်ားကို ရွာေဖြေတြ႕ရွိခဲ့သည္ဟု သိရသည္။

ေမွာင္ခိုသမားႏွစ္ဦးသည္ အိႏၵိယသ မုဒၵရာကိုျဖတ္ေက်ာ္ကာ ဩစေၾတးလ်အ ေနာက္ပိုင္းသို႔႐ြက္လႊင့္၍ ကိုကင္း၊ methylamphetamine ႏွင့္ စိတ္ႂကြ ေဆးျပားမ်ားကိုေရာင္းခ်ေနခဲ့ျခင္းျဖစ္ ေသာ္လည္း Geraldton အနီးတြင္ ရပ္ ထားေသာ ၎တို႔၏႐ြက္ေလွျဖင့္ Burton Island သို႔ ထြက္ေျပးလြတ္ေျမာက္ေနခဲ့ ၾကသူမ်ားျဖစ္သည္။






ၿပီးခဲ့သည့္ရက္သတၱ ပတ္အတြင္း တာဝန္ရွိသူမ်ားက ကြၽန္းကို ဝင္ေရာက္ရွာေဖြရာတြင္ အသက္ ၅၁ ႏွစ္ အ႐ြယ္ျပင္သစ္ႏိုင္ငံသား Antoine Robert Dicenta ႏွင့္ အသက္ ၃၄ ႏွစ္အ႐ြယ္ ၿဗိတိန္ႏိုင္ငံသား Graham Kurt Palmer ကို ဖမ္းဆီးႏိုင္ခဲ့သည့္အ ျပင္ ကြၽန္းမွပင္လယ္ေရညႇိမ်ားေအာက္ တြင္ဝွက္ထားေသာ တရားမဝင္မူးယစ္ ေဆးတစ္တန္ေက်ာ္ပါဝင္သည့္အထုပ္ ေပါင္း ၄၀ ကို ရွာေဖြေတြ႕ရွိခဲ့ၾကသည္။



ထြက္ေျပးသြားသည့္ေမွာင္ခိုသမားႏွစ္ဦး ကိုလိုက္ဖမ္းစဥ္တြင္ ပင္လယ္ကမ္းေျခ မွ ပယ္လယ္ဖ်ံႀကီးတစ္ေကာင္က ခုန္ကာ ေအာ္ဟစ္ေနသည္ကို ျမင္ေတြ႕ရသျဖင့္ သြားေရာက္ၾကည့္ရႈခဲ့ရာတြင္ မူးယစ္ေဆး မ်ားကို ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္သည္ဟု သိ ရသည္။

share from:xyznews


Unicode ဖြင့်ဖတ်ရန်

ပင်လယ်ဖျံကြီးက အော်ဟစ်သတိပေးသဖြင့် ဒေါ်လာသန်း ၆၉၀ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းမိ


ဩစတြေးလျတွင် ပင်လယ်ဖျံကြီး တစ်ကောင်ကြောင့် နိုင်ငံတကာမူးယစ် ဆေးဝါးမှောင်ခိုသမားနှစ်ဦး၏ဒေါ်လာ သန်း ၆၉၀ တန်ဖိုးရှိသောမူးယစ်ဆေးဝါး များကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

မှောင်ခိုသမားနှစ်ဦးသည် အိန္ဒိယသ မုဒ္ဒရာကိုဖြတ်ကျော်ကာ ဩစတြေးလျအ နောက်ပိုင်းသို့ရွက်လွှင့်၍ ကိုကင်း၊ methylamphetamine နှင့် စိတ်ကြွ ဆေးပြားများကိုရောင်းချနေခဲ့ခြင်းဖြစ် သော်လည်း Geraldton အနီးတွင် ရပ် ထားသော ၎င်းတို့၏ရွက်လှေဖြင့် Burton Island သို့ ထွက်ပြေးလွတ်မြောက်နေခဲ့ ကြသူများဖြစ်သည်။



ပြီးခဲ့သည့်ရက်သတ္တ ပတ်အတွင်း တာဝန်ရှိသူများက ကျွန်းကို ဝင်ရောက်ရှာဖွေရာတွင် အသက် ၅၁ နှစ် အရွယ်ပြင်သစ်နိုင်ငံသား Antoine Robert Dicenta နှင့် အသက် ၃၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Graham Kurt Palmer ကို ဖမ်းဆီးနိုင်ခဲ့သည့်အ ပြင် ကျွန်းမှပင်လယ်ရေညှိများအောက် တွင်ဝှက်ထားသော တရားမဝင်မူးယစ် ဆေးတစ်တန်ကျော်ပါဝင်သည့်အထုပ် ပေါင်း ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။



ထွက်ပြေးသွားသည့်မှောင်ခိုသမားနှစ်ဦး ကိုလိုက်ဖမ်းစဉ်တွင် ပင်လယ်ကမ်းခြေ မှ ပယ်လယ်ဖျံကြီးတစ်ကောင်က ခုန်ကာ အော်ဟစ်နေသည်ကို မြင်တွေ့ရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာတွင် မူးယစ်ဆေး များကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိ ရသည်။

share from:xyznews



Previous
Next Post »
Powered by Blogger.