




Zawgyi ဖြင့်ဖတ်ရန်













Unicode ဖြင့်ဖတ်ရန်

အလုပ်တွေ အရမ်းကြိုးစားရင် သေတတ်တယ် ဆိုတာ ပြသွားတဲ့ ဖြစ်ရပ်တစ်ခု




လူဆိုတာ အလုပ်ကြိုးစားတာကောင်းပါတယ်…ဘဝတက်လမ်းအတွက်လည်း မိမိအလုပ်ကို မြတ်နိုးတန်ဖိုးထားပြီး ကြိုးစားသင့်ပါတယ်…ဒါပေမဲ့ အလွန်အကျွံအလုပ်မှ အလုပ်ဖြစ်နေရင် မိမိကျန်းမာရေးကို ဆိုးကျိုးတွေ ဖြစ်စေပါတယ်…. အခန့်မသင့်ရင် သေတဲ့အထိ ဖြစ်စေနိုင်တယ်ဆိုတာ ခုဖော်ပြမဲ့ ဖြစ်ရပ်လေးက သက်သေပြခဲ့ပါတယ်…..



ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က တရုတ်နိုင်ငံ ဟန်ကျိုးမြို့က ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အလုပ်သစ်အတွက် ကုမ္ပဏီတစ်ခုမှာ အင်တာဗျူးဖြေဆိုခဲ့ပါတယ်…… အဲဒီလို ဖြေဆိုစဉ်မှာပဲ သူဟာ ရုတ်တရက်မေ့လဲကျသွားခဲ့ပါတယ်….တာဝန်ရှိသူတွေက သူ့ကို ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပါတယ်…



ဆေးရုံရောက်တော့ သူ့ရဲ့ သူငယ်အိမ်ဟာ ကျယ်နေခဲ့ပြီး သေဆုံးသွားပြီဖြစ်ပါတယ်…..ခုလို သေဆုံးခဲ့ရတဲ့ အကြောင်းကို စစ်ဆေးကြည့်ရာမှာတော့ အဲဒီအမျိုးသားဟာ ယခင်အလုပ်မှာတုန်းက အလုပ်အလွန်ကြိုးစားသူဖြစ်ပြီးတော့ နေ့တိုင်းလိုလို ညနက်ချိန်ထိ အချိန်ပိုဆင်း အလုပ်လုပ်သူဖြစ်ပြီးတော့ သွေးတိုးရောဂါရှိသူလည်း ဖြစ်ကြောင်း သိရှိရပါတယ်…



အဲဒီလို အလုပ်ကို အလွန်အကျွံလုပ်ခဲ့တာကြောင့် ခုလိုသေဆုံးခဲ့ရတာ ဖြစ်ပြီးတော့ ပရိသတ်ကြီးတို့လည်း ဒီဖြစ်ရပ်ကို ကြည့်ပြီး သတိထားဆင်ခြင်နိုင်ဖို့ ပြန်လည်တင်ပြလိုက်ရပါတယ်နော်….

Writer – HW (Shwe Yaung Lan)

Previous
Next Post »
Powered by Blogger.